Friday, May 5, 2006

First High Resolution Map for Myanmar
















ဂူးဂယ်အတ် ကနေ မြန်မာပြည်အတွက် ပထမဆုံး အဆင့်မြင့် မြေပုံကို ဒီနေ့ ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ အဆင့်မြင့် ဆိုပေမယ့် အမေရိကလို ပေ၁၀၀ လောက်အထိ ပြတ်သားစွာ မြင်ရတာမျိုးတော့ မဟုတ်သေးပါဘူး။ အခုဟာကတော့ အမြင့်ပေ ၁၀၀၀ လောက်အထိ ပြတ်သားစွာ မြင်ရတာကို တွေ့ရပါတယ်။ တနသဿငာရီတိုင်း ထားဝယ်မြို့နဲ့ ပတ်ဝန်းကျင် အနည်းငယ် အတွက်ပါ။ သူများတွေတော့ မသိဘူး။ ကျွန်တှောကတော့ ကိုယ့်နိုင်ငံကို အဲလို မြင်ရတာ သိပ်သဘောကျ မိပါတယ်။ ရန်ကုန်တွေ၊ မနဿတလေးတွေ အရင်မလာဘဲ ဘာလို့ ထားဝယ်ဘက်ကို အရင်တင်တာလည်း ဆိုတာတော့ စဉ်းစားမရပါ။ ဘာပဲဖြစ်ဖြစ် များမကြာမီမှာ မြန်မာပြည်ရဲ့ အဓိက မြို့နေရာတွေကို အရည်အသွေးမြင့် မြေပုံအနေနဲ့ မြင်လာရလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ထားဝယ်သူ ထားဝယ်သား များကတော့ ပထမဆုံး ကံကောင်းတာပေါ့လေ။ ကိုယ်တွေကမှ ဒါမျိုး ဓါတ်ပုံတွေ မရိုက်နိုင်တော့လည်း သူများနိုင်ငံက အလကား ရိုက်တင်ပေးတာတွေ စောင့်ကြည့်ရတာပေါ့ဗျာ။ ကျွန်တှောကတော့ တစ်နေ့မှာ ဂူဂယ်လ်အတ်လေး ဖွင့်ပြီး ဟိုနေရာ ဒီနေရာ မကြည့်ရရင် တစ်ခုခု လိုနေသလိုပဲ ခံစားရမိတယ်။ အလုပ်ပိုတွေလို့ သူများတွေ ဆိုမလားပဲ။ ထားဝယ်မြို့ကို အမြင့်ပေ ၄၀၀၀ ကနေ မြင်ရတဲ့ ပုံကို ဒီနေရာမှာ ကြည့်ပါခင်ဗျား။ [ နှိပ်ပါ ]


Tags : Myanmar High Resolution Map , Dawei Map , Chaos

No response to “First High Resolution Map for Myanmar”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz