Tuesday, May 30, 2006

The Davinci Code Review

ဒီတစ်ခေါက် ခရီးသွားရင်းနဲ့ Dan Brown ရဲ့ စာအုပ် နှစ်အုပ် ဖတ်ဖြစ်တယ်။ The Davinci Code နဲ့ Angels and Demons ပါ။ နှစ်အုပ်စလုံး အတှောလေး ကောင်းပါတယ်။

ဒါဗင်ချီကုဒ်က ခရိယာန် ဘာသာမှာ အငြင်းပွားနေတဲ့ ယေရှု ခရစ်တှောဟာ တပည့်မဖြစ်သူ Mary Magdalene နဲ့ တိတ်တဆိတ် လက်ထပ်ပြီး ခလေးလေး တစ်ယောက် ရခဲ့တယ် ဆိုတဲ့ အကြောင်းအရာကို ကျောရိုးထားပြီး ဇာတ်အိမ် ဖွဲ့ထားတာ ဖြစ်ပါတယ်။ ဇာတ်လိုက်ဟာ ဟားဘာဒ် တကဿကသိုလ္က သေကဿငတနဲ့ နိမိတ္ပံု ပေရာှဖက္ဆာ တစ္ဦး ဖြစ်ပါတယ်။ ဇာတ်လမ်းကို ဖတ်နေရင်းနဲ့ ဒီဇာတ်လိုက်ဟာ အခု ရုပ်ရှင် ရိုက်ကူးတဲ့ မင်းသား တွမ်ဟန့်ခ် နဲ့ အလိုက်ဖက်ဆုံး ဆိုတာ ခံစားလို့ ရလာပါလိမ့်မယ်။ ဒီဇာတ်လမ်းကို ဖတ်တဲ့အခါ ရီနေဆွန့် ခေတ်ရဲ့ နာမည်ကြီး ပန်ချီဆရာကြီး လီယိုနာဒိုဒါဗင်ချီရဲ့ ပန်းချီကားများကို ရင်းနှီးထားမယ်ဆိုရင် ပိုပြီး အသက်ဝင်ပါတယ်။ လူဆိုး ဘယ်သူလဲ ဆိုတာကို မမှန်းဆ နိုင်လောက်အောင် စာရေးသူဟာ ဝှက်ထားနိုင်ခဲ့တယ်။ အဓိကကတော့ လီယိုနာဒိုရဲ့ ခရစ်တှောရဲ့ နောက်ဆုံးညစာ (The Last Supper) ဆိုတဲ့ ပန်းချီကားမှာ ခရစ်တှောဘေးက ထိုင်နေသူဟာ တပည့်ယောက်ျား မဟုတ်ဘဲ မိန်းမဆိုတဲ့ အချက်ရယ်ရယ် ၊ The Gnostic Gospels ထဲက ကျမ်းစာမှာ မပါခဲ့ဘူးဆိုတဲ့ အချက်တွေရယ်ကို အခြေခံထားပြီး Holy Grail ရဲ့လျှို့ဝှက်ချက်ကို ဖှောထုတ်ဖို့ ကြိုးစားတဲ့ ဇာတ်လမ်းပါ။ Anagram ဆိုတဲ့ အဂဿငလိပ်စာ စာလုံး အလှည့်အပြောင်း ကစားခြင်း ဂိမ်းကို ဆော့ဖူးသူများအတွက်လည်း ပိုပြီး နားလည် လွယ်ပါလိမ့်မယ်။ Non Stop Action အမျိုးအစား ဖြစ်ပါတယ်။ အလှည့်အပြောင်း တွေလည်း အများကြီး ပါပါတယ်။

ဒီစာအုပ်ကို ဖတ်ပြီးသွားရင် စာဖတ်သူတိုင်း အတွေးအမြင်တစ်ချို့ ပြောင်းလဲသွားနိုင်ပါတယ်။ ပန်းချီကားတွေကို ကြည့်တဲ့ အမြင်၊ သမိုင်းဆိုတာကို ကြည့်တဲ့ အမြင် အနည်းငယ် ပြောင်းသွားနိုင်တယ်။ တိုးတက် လာနိုင်ပါတယ်။
ကျွန်တှော နှစ်သက်မိတဲ့ စာလေး တစ်ပိုဒ် ပါပါတယ်။
History is always written by the winners. When two cultures clash, the loser is obliterated, and the winner writes the history books - books which glorify their own cause and disparage the conquered foe. History is always a one-sided account
ကျွန်တှော့အတွက်တော့ အတှောလေး အဓိပဿပာယ် ရှိလှပါတယ်။ ဒီဝတ်ထုကို ဖတ်ပြီးချိန်မှာတော့ နောက်ထပ် စာအုပ်ထဲမှာ မပါတဲ့ အကြောင်းအရာ တစ်ခု ခေါင်းထဲ ရောက်လာပါတယ်။ ဒါကတော့ မိုက်ကယ်လ် အိန်ဂျလိုရဲ့ ပန်းပု ရုပ်ထု တစ်ခုပါ။ Pieta လို့ ခှေါပါတယ်။ အဲဒီ ရုပ်ထုဟာ မယ်တှော မာရီကနေ ခရစ်တှောကို ပွေ့ထားတဲ့ ပုံ ဖြစ်ပါတယ်။




ဒီပုံဟာ Michelangelo ရဲ့ နာမည်အကြီးဆုံး ရုပ်ထု တစ်ခု ဖြစ်ပါတယ်။ ဒီပုံမှာ ခရစ်တှောရဲ့ မိခင် မျက်နှာဟာ လွန်စွာမှ နုဖတ်နေတာပါပဲ။ ကျွန်တှောဟာ ပထမဆုံး ဒီပုံကို စတွေ့ဖူးကတည်းက ဒီမေးခွန်းကို ဆရာများထံ မေးမိတယ်။ ထူးခြားတဲ့ အဖြေမရခဲ့ဘူး။ မယ်တှော မာရီဟာ အပျိုစင်မို့လို့ ဒီလောက် နုပျိုနေတာလို့ ဖြေကြပါတယ်။ အချို့ကလည်း မိုက်ကယ်လ် အိန်ဂျလို ကိုယ်တိုင် ဒီလို အယူအဆ ရှိခဲ့တာမို့ ပှေါလွင်အောင် ထုထားခဲ့တာလို့ ဆိုပါတယ်။ အခု ဒီစာအုပ် ဖတ်အပြီးမှာတော့ ကျွန်တှော့စိတ်ထဲ ဒီ Mary ဟာ ခရစ်တှောရဲ့ မိခင်ကို ပြောချင်တာလား၊ ဒါမှမဟုတ် Mary Magdalene ကို လျှို့ဝှက်ပြီး ထုလုပ်ထားတာလား ဆိုတာ သံသယ ဖြစ်လာရပါတယ်။ ဘာလို့လည်း ဆိုတော့ မိုက်ကယ်လ် အိန်ဂျလိုဟာလည်း လီယိုနာဒိုနဲ့ မရှေးမနှောင်း ပှေါခဲ့တဲ့ ရီနေဆွန့်ခေတ်ရဲ့ အနုပညာရှင် တစ်ဦး မို့လို့ပါပဲ။ နောက်ပြီး Mary ဆိုတဲ့ နာမည်ချင်းကလည်း တူနေလို့ပါပဲ။

စာအုပ်ကို ဖတ်ကြည့်ပါလို့သာ အကြံပေးပါရစေခင်ဗျား။ တကယ်ကို ဆွဲဆောင်မှု ရှိတဲ့ စာအုပ်ပါ။ လက်က မချချင်လောက်အောင် ဖြစ်သွားမယ်ဆိုတာ အာမခံလိုက်ပါတယ်။

No response to “The Davinci Code Review”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz