Wednesday, May 17, 2006

လမ်းလျှောက်ထွက်တဲ့ တောင်ခိုးတွေ

လမ်းလျှောက်ထွက်တဲ့ တောင်ခိုးတွေ
The Travels 0f Mingliatse



တောင်ခိုးကို နှစ်သက်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့
ကျွန်တှောဟာ
ဘူးတစ်လုံးစီသယ်၊
ဘုန်းကြီး သင်တိုင်းရှည် ကြီးတွေဝတ်၊
တစ်ယောက်ကို ငွေ တစ်ရာစီယူပြီး ခရီးထွက်ကြပါတယ်။
ဒီထက်ငွေပို မလိုပါ။
ငွေတစ်ရာဟာ အရေးပှေါ အတွက်သာ။
မြို့တွေမှာ တောင်း
ရွာငယ် ဇနပုဒ်တွေမှာ တောင်း
တံခါးဝတွေ
အိမ်ဖြူဖြူကြီး
တာအိုဘုရားကျောင်း
ဘုန်းကြီးသခဿငမ်း
တောင်းရမ်းခဲ့ကြတယ်
ဘာကိုပဲ တောင်းရမယ် ဆိုတာကိုလည်း သတိပြုခဲ့ကြပါတယ်
ထမင်းကိုပဲတောင်းပါတယ်
ဝိုင်အရက်ကိုမတောင်းပါ
ဟင်းရွက် ကဇွန်းရွက်ကိုပဲ တောင်းပါတယ်
သားငါးကိုမတောင်းပါ
တောင်းတဲ့အသံဟာ နှိမ့် နှိမ့်ချချပါ
ကြေကြေကွဲကွဲမဟုတ်ပါ
ပေးတဲ့အခါ
ကျွန်တှောတို့ဟာ
သူတို့အနားကခွာပါတယ်
မပေးတဲ့အခါမှာလည်း သူတို့အနားက ခွာတာပါပဲ
အဓိက ရည်ရွယ်ချက်ဟာ
အစာမငတ်ဖို့ပါပဲ
တချို့လူတွေဟာ
ရိုင်းပြပါတယ်
ဦးညွတ်ပြီး ဒီလူတွေရဲ့ ရိုင်းပြမှုကိုခံယူလိုက်ပါတယ်
တောင်းစရာနေရာမရှိရင်တော့ တောင်းလို့မဖြစ်ပါ
ကျွန်တှောတို့ယူခဲ့တဲ့ငွေထဲက တစ်ကျပ်တစ်ပြား သုံးရပါတယ်
မသုံးဖြစ်မှ သုံးတာပါပဲ
ခရီးပန်းတိုင်မရှိပဲ ခရီးသွားတာပါ
ကိုယ့်ကိုယ်ကို တွေ့တဲ့နေရာမှာ ခဏရပ်ပါတယ်
ဖြည်းဖြည်းပဲသွားပါတယ်
တစ်နေ့မှာမှ
လီပေါင်း တစ်ဆယ်
နှစ်ဆယ်
သုံးဆယ်
လေးဆယ်
ငါးဆယ်
အလွန်ကြိုးစားပမ်းစား မလုပ်ပါ
မောပမ်းနွမ်းနယ်သည် အထိတော့သွားပါတယ်
တောင်တန်းနဲ့စမ်းရေကိုတွေ့ရင်တော့
စမ်းနဲ့ကျောက်တုံး ဖြူဖြူ
ရေကြက်နဲ့ ငှက်သာရကာ ကိုဖမ်းစားတဲ့အခါ
ရေထဲက ကျွန်း သေးသေးနေရာတစ်ခုရွေးပြီး ကျောက်တုံးတစ်ခုပှေါ ထိုင်ပါတယ်
အဝေးကို ငေးပါတယ်
သစ်ခုတ်သမားတွေ
တံငါတွေ
ရွာသားတွေ
ဇရာဒုဗဿဗလ သက်ကြီး ရွယ် အို တွေ တွေ့တဲ့အခါ
ဘယ်သူဘယ်ဝါပါလို့ မိတ်ဆက်မနေတော့ပါ
တောတောင်ရာသီ့  သာယာလှပတာကိုပဲ ပြောပါတယ်
ခဏတဖြုတ်နဲ့ ဝမ်းပန်းမနည်းခွဲခဲ့တာပါပဲ
ဥတုရာသီဆိုးရင် ခိုစရာရှာပါတယ်
ကုန်းကြောင်းသွားတဲ့အခါ ဘေးကိုရပ်ပြီး တခြားသူတွေကို ဖယ်ပေးပါတယ်
လှေစီးတဲ့အခါ တခြားသူ တွေကို ကိုယ့်အရင် လှေပှေါတက် စေပါတယ်
မိုးသက်မုန်တိုင်းလာတဲ့အခါ ချောင်းမြောင်းကိုဖြတ်ဖို့ မကြိုး စားပါ
ချောင်းမြောင်းကို ဖြတ်ဆဲ မိုးသက်မုန်တိုင်းကျတဲ့ အခါမှာတော့
စိတ်နှလုံးကို ငြိမ်အောင်ထားပါတယ်
ဘဝကို နားလည်မှုရှိစွာ ကံကြမဿမာကို အပ်လိုက်ပါတယ်
(ကျွန်တှောတို့ ကိုယ်ကို ကျွန်တှောတို့ပြောပါတယ်)
မြစ်ကိုဖြတ်ဆဲ ရေနစ်တာဟာလည်း ကောင်းကင်ဘုံ အလိုပါပဲ
စိုးနောင့်ဗျာပါပွေရင်ရော လွတ်မှာမို့လို့လား
တို့မလွတ်ရင် ဒါဟာ တို့ ခရီးအဆုံးပဲ
ကံကောင်းထောက်မလို့ လွတ်တဲ့အခါ ခရီးဆက်ရုံပါပဲ
ရိုင်းစိုင်းလှတဲ့ လူငယ်တစ်ယောက်နဲ့
မေတာှတဆ တိုက္မိတဲ့အခါ
(ထိုသူငယ်က ရိုင်းပြရင်လည်း)
သူ့ကို ယဉ်ယဉ်ကျေးကျေး တောင်းပန်လိုက်တာပါပဲ
တောင်းပန်လျက်နဲ့ မရ
တိုက်ကြ ခိုက်ကြရမယ် ဆိုရင်တော့
ဒါဟာ တို့ခရီးအဆုံးပဲ
မတိုက်ခိုက်ရဘဲ လွတ်လာ ရင်တော့ ခရီးဆက်ရုံပါပဲ
တစ်ယောက်ယောက် နာ မကျန်းဖြစ်တဲ့အခါ
မကျန်းမာသူကို ပြုစုဖို့ နားရတာပါပဲ
ဆေးလေးဝါးလေး တောင်းရတာပါပဲ
နာဖျားသူ သူငယ်ချင်းကတော့ တည်တည်ငြိမ်ငြိမ် ခံယူတာ ပါပဲ
သူကတော့
(သူ့အတွင်းကို သူပြန် ကြည့်ပြီး)
သေခြင်းကို မကြောက်ပါ
ဒါနဲ့ပဲ
ကြီးကျယ်တဲ့ ဖျားနာခြင်း ဟာ (သေးသေးငယ်ငယ်လေး ဖြစ်သွားပြီး)
အာဂနဿတုအဖျား ဆိုရင် တော့ ပျောက်သွားတာပါပဲ
(သေနေ့စေ့ပြီဆိုရင်တော့ လည်း)
ဒါဟာ တို့ခရီးအဆုံးပါပဲ
အဆုံးရောက်မှ အစကို ပြန်သွားမိပါတယ်
လျှောက်ခဲ့ကြတာ အတှောလေး ခရီးရောက်ခဲ့ပါပြီ
ဒီတော့မှပဲ အစကိုပြန်ကြည့်မိပါတယ်
ကျွန်တှောဟာ တောင်ခိုး ကိုနှစ်သက်သူပါ
သူငယ်ချင်းဟာလည်း တောင်ခိုးကို နှစ်သက်သူပါပဲ
သူနဲ့ကျွန်တှော ခရီးအတူ ထွက်ခဲ့ကြပါတယ်
(စောစောက ပြောသလို)
တစ်ယောက်ဘူးတစ်လုံးစီ သယ်
ဘုန်းကြီးသင်တိုင်းရှည်ကြီး တွေဝတ်၊
တစ်ယောက်ကို ငွေတစ်ရာစီ ယူပြီးခရီးထွက်ခဲ့ကြတာပါ
ရုတ်တရက် ကြည့်လိုက်ရင်
ကျွန်တှောတို့နှစ်ယောက်ဟာ ပုံပန်းအလွန်တူသူနှစ်ဦးပါပဲ
တကယ်တော့ ကျွန် တှောတို့နှစ်ယောက်မတူကြတာ
ကျွန်တှော တို့သာ သိကြပါတယ်
သူငယ်ချင်းက စင်ကြယ်တဲ့ ဘုန်းကြီးသင်တိုင်းကို ဝတ်ပါတယ်
ကျွန်တှောက မေးခွန်းတွေနဲ့ယက်လုပ်ထားတဲ့
ဘုန်းကြီး သင်တိုင်းကိုဝတ်ပါတယ်
သူငယ်ချင်းမှာ ရှင်းသန့်တဲ့ ဦးပြည်းကတုံးရှိပါတယ်
(ကျွန်တှော့မှာ)တောင်တောင် အီအီ စဉ် ဆက်မပြတ် တွေးတတ်တဲ့
ထိုးထိုး ထောင်ထောင် အတွေးစတွေ ထွက်နေတဲ့ ဦးပြည်း ကတုံးရှိပါတယ်
သူငယ်ချင်းဟာ ပန်းတိုင် မရှိဘဲ ခရီးသွားနေသူပါ
(သွားချင် လို့ကို သွားနေတာပါ)
ကျွန်တှောဟာ ပန်းတိုင်မရှိဘဲသွားနေတဲ့ ဒီခရီးမှာပဲ
အတွေ့အကြုံတွေကို ပန်းတိုင်အဖြစ် တိတ်တခိုးမှတ်ယူနေသူပါ
ဘာကိုပဲ တောင်းရမယ် ဆိုတာ သတိပြုရင်း
ထမင်းကိုတောင်းတဲ့အခါ
ဟင်းရွက်၊ ကဇွန်းရွက်ကို တောင်းတဲ့အခါ
(သူတို့ကပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ)
နှိမ့်နှိမ့်ချချ တောင်းယူပြီးလို့
သူတို့အနားကခွာတဲ့အခါ
သူတို့ဆီက တစ်ခုခုရအောင် ကျွန်တှောယူပါတယ်
သူတို့နဲ့ ကျွန်တှောတို့ ဆက်ဆံပြောဆိုပုံထဲက၊ သူတို့ နေထိုင် ပြုမူပုံထဲက
ဘာရနိုင်မလဲ
အနည်းဆုံး တစ်ခုခုရ အောင်
(စပ်စုတတ်တဲ့)
ကျွန်တှော့သင်တိုင်းက စုပ် ယူပါတယ်
ပြီးရင် တောင်တောင်အီအီစဉ်းစားပါတယ်
သူတို့ တစ်ဦးချင်းစီ ပှေါမှာ ကျွန်တှော့ ကိုယ်ပိုင်မှတ်ချက်တစ်ခုစီ ချခဲ့ပါတယ်
ကျွန်တှော့သူငယ်ချင်းက ပေးတာကိုသာယူပါတယ်
မပေးတာ ဘာတစ်ခုမှ မယူပါ
ဘာတစ်ခုမှလည်း ထပ်မစဉ်းစားပါ
အဓိကရည်ရွယ်ချက်ဟာ
အစာမငတ်ဖို့ဆိုတာတစ်ခုကိုပဲ သူ နှလုံးသွင်းထားပါတယ်
ကိုယ်က နှိမ့်ချနေပါလျက်နဲ့ တစ်ဖက်လူရဲ့ ရိုင်းပြတဲ့ စှောကားမှုကို ဦးညွတ်ပြီး ခံယူရတဲ့အခါ
ကိုယ်သွားနေတဲ့လမ်းပှေါက ဘေးကိုဆင်းရပ်ပြီး
တခြားသူ တွေကိုလမ်းဖယ်ပေးရတဲ့အခါ
(ဥတုဆိုးကြား လှေစီးရမယ့်အချိန်)
တခြားသူတွေကို ကိုယ့်အရင် လှေပှေါကို တက်စေရတဲ့ အခါ
ဒီအပြုအမူမျိုးဟာ လူတိုင်း နဲ့ တန်မတန် ကျွန်တှော စဉ်းစား နေတတ်ပါတယ်
သူငယ်ချင်းက မစဉ်းစားပါ
သူလုပ်စရာရှိတာကိုပဲ လုပ်ပါတယ်
ကျွန်တှောဟာ ခရီးရှည်လာတာနဲ့အမျှ သူများကို ပိုတွေ့လာ တယ်လို့ ထင်ပါတယ်
သူငယ်ချင်းက ခရီးရှည် လာတာနဲ့အမျှ သူ့ကိုယ်သူ ပြန်တွေ့ လာပါတယ်
ကျွန်တှောတို့ ခဏရပ်ကြပါတယ်
ကိုယ်တွေ့မြင်တာ ကိုယ် ပြန်ကြည့်ကြတဲ့ခဏ ဖြစ်မယ်ထင်ပါ တယ်
ပြီးတော့
ကျွန်တှောတို့ ဆက်သွားပါတယ်
ဖြည်းဖြည်းပဲ ဆက်သွားကြပါတယ်
အဝေးကို ငေးပါတယ်
မြင်ခွင့်ရှိသလောက် ကြည့်ကြရပါတယ်
(ကျွန်တှောတို့ရဲ့ မြင်နိုင်ခွင့်တွေမှာလည်း ကန့်သတ်မှု တွေရှိနိုင်ပါတယ်)
မိုးသက်မုန်တိုင်းထဲ ချောင်းမြောင်းတွေကို ဖြတ်ကြရတဲ့အခါ
သူငယ်ချင်းဟာ နှလုံး စိတ်ဝမ်း အေးချမ်းစွာရှိပါတယ်
သူ့ကိုယ်သူ ကံကြမဿမာဆီ ယုံယုံကြည်ကြည် အပ်နှံထားပုံရပါ တယ်
ကျွန်တှောကတော့ သူ့ လောက်အေးအေးချမ်းချမ်း မရှိပါ
တောင်တောင်အီအီ တွေးတောတတ်တဲ့ ကျွန်တှော့ ခေါင်းထဲမှာ သာ
စိုးရိမ်စိတ်နဲ့ ကြောက်စိတ် တွေဟာ
တလှည့်စီ ဝင်နေကြပုံရ ပါတယ်
ကျွန်တှောတို့ကိုယ် ကျွန်တှောတို့ပြောလိုက်တာလား
သူငယ်ချင်းက ကျွန်တှော့ကိုပြောလိုက်တာလား
ပြောလိုက်တာတော့ သေချာပါတယ်
မြစ်ချောင်းဖြတ်တုန်း ရေနစ်တာဟာလည်း ကောင်းကင်ဘုံ ရဲ့အလိုပါပဲတဲ့
ပူပန်နေလို့ရော လွတ်မှာ မို့လားတဲ့
မလွတ်ရင် ဒါ ခရီးအဆုံးတဲ့
ကံကောင်းထောက်မလို့ လွတ်မှ ခရီးဆက်တာပ တဲ့
သူငယ်ချင်းလောက် စိတ် မရှင်းတဲ့
စိုးရိမ်သောကများ တတ်တဲ့ ကျွန်တှော့အဖို့ ဒီတစ်ခါ အတှော အခက်တွေ့ခဲ့ပါတယ်
ဘယ်မှာမှန်းမသိရတဲ့ကောင်းကင်ဘုံနဲ့
ဘာမှန်းမသိတဲ့ ကံကြမဿမာ ဆိုတာကြီးဆီမှာ
ကျွန်တှော့ အသက်ကို ဝကွက်အပ်ရတာ
သိပ်မနိပ်လှပါ
ဒါ ဘဝလားဆိုတဲ့ မေးခွန်း ကြီးကို
မိုးခြိမ်းသံထက် ကျယ်အောင် ကြားလိုက်ရပါတယ်
ရာသီဥတုရယ်၊ လူနှစ် ယောက်ရယ်
မေးခွန်းတွေရယ်၊ အတွေး ရယ်
ရှုတ်ထွေးနေတဲ့ ခဏမှာ ပဲ ကျွန်တှောတို့ဟာ တစ်ဖက်ကမ်း ကို ရောက်ခဲ့ပါတယ်
ဒါကို ကံကောင်းတယ် ဆိုရ မှာလား
မိုးနတ်မင်းရဲ့ကူညီမစမှု လို့ပြောရမှာလား
ဘယ်ဟာဖြစ်ဖြစ် သိပ်ကောင်းတဲ့ ကောက်ချက်တစ်ခုတော့ မဟုတ်ပါ
(တကယ်လို့များ)
မတှောတဆဖြစ်မှု တစ်ခုခုပှေါမှာ စှောကားရိုင်းပြ ခံခဲ့ရရင်
တောင်းပန်ပါလျက်နဲ့ ထပ်ဆင့်စှောကား ရိုင်းပြလာခဲ့လို့
တိုက် ကြခိုက်ကြရမယ်ဆိုရင် ကျွန်တှောတို့မှာ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့
တောင်ဝှေး တစ်ချောင်းစီလောက်တော့ ရှိထားသင့်ပါတယ်
မေတာှလို့
ခရီးအဆုံးကို ရောက်ရမယ်ဆိုရင်တောင်မှ ရုန်းကန်ပြီးမှ ရောက်ချင်ပါတယ်
ဒါပေမယ့် ကျွန်တှောတို့ ခရီးဆက်သွားခွင့်ကြုံခဲ့ပါတယ်
ဒါပေမယ့်
တစ်ခါမှာတော့ ကျွန်တှောတို့ ခရီးဆုံးကိုရောက်ခဲ့ကြရပါတယ်
လမ်းမှာ သူငယ်ချင်း မကျန်းမမာဖြစ်ပါတယ်
(လမ်းတစ်လျှောက် ဒီလိုပဲ မကြာမကြာ သူဖြစ်တတ်ပါတယ်)
နာမကျန်းသူကို ပြုစုရပါတယ်
ဆေးလေးဝါးလေး တောင်းတက်ကျွေးရပါတယ်
သေမှာ မကြောက်တဲ့ (သေဖို့ရာ ပြင်ဆင်ပြီးသား ဖြစ်နေတဲ့)
သူငယ်ချင်းဟာ
ခါတိုင်းအကြိမ်တွေမှာ ရောဂါပျောက်ကင်းခဲ့ပေမယ့်
ဒီတစ်ကြိမ်မှာတော့ သေဆုံးသွားရှာပါတယ်
(သေနေ့စေ့ပြီထင်ရဲ့ ဆိုတဲ့ စကားတစ်ခွန်းတော့
အဲဒီနေ့ မနက် ကပြောသွားရှာပါသေးတယ်)
ကျွန်တှောကတော့ လူတွေမှာ အသင့်သတ်မှတ်ထား ပြီးသား
သေနေ့ဆိုတာရှိသလားလို့ စဉ်းစားရင်း ခရီးဆက်သွားနေရပါတယ်
ဆက်ပြီး တောင်းရမ်း စားသောက်နေရပါတယ်
တစ်ခါတစ်ရံ
ကျွန်တှောတို့ယူလာခဲ့တဲ့ ငွေထဲက၊ တစ်ကျပ်တစ်ပြား၊ ထုတ်သုံး နေရပါသေးတယ်။
ဘာကို တောင်းသင့်တယ်
ဘာကို မတောင်းသင့်ဘူး ဆိုတာတွေ ခါတိုင်းထက်တော့ နည်းနည်း ပိုသိလာသလိုပါပဲ
အဲဒီနောက်ပိုင်းတော့ ကျွန်တှော့မှာ ပြောစရာ များများ စားစား မကျန်တော့ပါ
တစ်ခုတော့ ရှိပါတယ်
ဒီခရီးကို အတူထွက်ခဲ့ကြတဲ့ ကျွန်တှောနဲ့ ကျွန်တှော့သူငယ်ချင်းဟာ
တစ်ယောက်တည်းပဲ ဖြစ်ကြောင်းတော့ ပြောပြခဲ့ဖို့ လိုအပ်ပါ လိမ့်မယ်။


လင်ယုတန် (Lin Yu Tan) ရေးသည်
ကိုတာ ဘာသာပြန်သည်
ငြိမ်းအေးအိမ် စာကြောင်းပြန်စီသည်
ကိုတာ ။ မဟေသီ ။ စက်တင်ဘာ ။ ၂၀၀၀ “လျှောက်လည်ခြင်း” စာ ၁၁၄
ငြိမ်းအေးအိမ် ။ ချယ်ရီ
ကိုရက်ကွန်ဒိုက် ပုဂံဖိုရမ်မှ တင်ပေးသည်။


အလွန်တရာ လေးနက်တဲ့ စာလေး ဖြစ်ပါတယ်။ ဖတ်ရင်းနဲ့ စဉ်းစားသွားစေလိုပါတယ်။

Tags : Lin Yu Tan , The Travels 0f Mingliatse , Poem , Essay

No response to “လမ်းလျှောက်ထွက်တဲ့ တောင်ခိုးတွေ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz