Wednesday, May 3, 2006

အိပ်မက်ထဲမှာ ကြည့်ခဲ့မိသော ရုပ်ရှင်


နွေရက် တှောတှောများများရဲ့ ကျွန်တှော အိပ်စက်သော အချိန်တွေမှာ သူဟာ အိပ်မက်ထဲကို ရောက်လာခဲ့တယ်။ ဘာစကားမှ မဆိုပါဘူး။ သူ ကျွန်တှော့ကို ကြည့်တယ်။ ပြီးရင် တိုးတိတ် ညင်သာစွာပဲ ပြန်လည် ထွက်ခွာသွားတတ်တယ်။ ကျွန်တှောလည်း သူဘာပြောမလဲ ဆိုတာ ငေးနေရင်း အိပ်မက်က နိုးသွားတတ်တယ်။ နိုးလာတဲ့အခါ ဘာလို့များ သူ့ကို စကားမပြောလိုက်ရတာလဲလို့ ကိုယ့်ကိုကိုယ် အပြစ်တင်နေမိတယ်။ ကျွန်တှော ဒီတစ်ခါ သူနဲ့ တွေ့တဲ့အခါ စကားပြောဖြစ်အောင် ပြောမယ်လို့ စိတ်ထဲမှာ ဆုံးဖြတ်ထားလိုက်တယ်။ ကျွန်တှော သူ့ကို ဘာတွေ ပြောရမလဲ ဘာတွေမေးရမလဲ ဆိုပြီး ကျွန်တှော အမြဲ စဉ်းစားနေမိတယ်။ ဒီလိုနဲ့ သူကျွန်တှော့ အိပ်မက်ထဲကို ရောက်လာတာ မနေ့ကနဲ့ဆို ၈ ကြိမ်ရှိခဲ့ပြီ။ သူဟာ အဖြူရောင် အကဿငျီ ကို ဝတ်လာတတ်တယ်။ ကျွန်တှော့ အိပ်မက်တွေက အိပ်မက်သာဆိုတယ် သိပ်ပြီး သဘာဝကျလွန်းတယ်။ ပတ်ဝန်းကျင် အနေအထား၊ အခန်းထဲမှာ မီးရောင်ဖျော့ဖျော့ လင်းနေပုံ၊ လွင့်နေတဲ့ ခန်းဆီးစတွေ၊ လည်ပတ်နေတဲ့ မျက်နှာကျက်က ပန်ကာ၊ သူထိုင်သွားတဲ့ ကုလားထိုင်၊ သောက်လက်စ စီးကရက်တိုလေးကနေ ပျံ့လွင့်နေတဲ့ မီးခိုးငွေ့တွေ။ ကျွန်တှောက အိပ်မက်လို့တောင် မထင်မိဘူး။ သိပ်ကို သဘာဝကျလွန်းတယ်။

“မေမေ ကျွန်တှော့ဆီကို ညက သူလာသွားတယ်”
“ဘယ်သူလဲ သားရဲ့”
“အင်း မေမေလည်း သိမှာမဟုတ်ဘူး”
“မင်းသူငယ်ချင်းတွေထဲမှာ မေမေမသိတဲ့လူများ ရှိနေသေးလို့လား”
“အင်း သူငယ်ချင်းတော့ သူငယ်ချင်းပဲ။ ကျွန်တှောနဲ့ ရင်းရင်းနှီးနှီး သိနေတယ်။ ဒါပေမယ့် အပြင်မှာ မဟုတ်ဘူး”
“ဟင်. ဒါဖြင့် ဘယ်သူလဲ”
“သူဘယ်သူလဲဆိုတာ ကျွန်တှော မသိဘူးမေမေ။ ဒါပေမယ့် သူ့မျက်လုံးတွေ အကြည့်တွေကို ကျွန်တှော သိပ်ရင်းနှီးတယ်။ ကျွန်တှော သူ့ကို သိတယ်နဲ့တူတယ်”
“မင်းဟာက မဟုတ်သေးပါဘူး”
“ဟုတ်ပါတယ် မေမေရယ်။ သူ့ကို ကျွန်တှော မသိဘူး။ ဒါပေမယ့် သူ့ကို ကျွန်တှော သိနေတယ်။ ဒီနေ့လည်း သူလာဦးမှာပဲ။ ခဏနေကြရင် ကျွန်တှော အိပ်လိုက်ဦးမယ်။ အိပ်မက်ထဲမှာမှ သူကျွန်တှော့ဆီ လာလို့ရတယ်။ သူကျွန်တှော့ဆီက ဘာလိုချင်တာ ရှိလည်း ကျွန်တှော မသိဘူး။ သူစကားပြောချင်နေတာလည်း ကျွန်တှော သိတယ်။ ဒီနေ့တော့ ကျွန်တှော သူ့ကို စကားပြောမှ ဖြစ်မယ်”
“သားရယ်..မင်းဟာကလည်း”
“အင်း မေမေ မသိပါဘူး”

ဒီလိုနဲ့ ကျွန်တှောဟာ အခန်းတံခါးလေးကို ပိတ်ပြီး အိပ်ယာလေးထက်မှာ အိပ်စက်လိုက်တယ်။ ခေါင်းရင်းက တံခါးလေးကိုတော့ အနည်းငယ် ဟထားလိုက်တယ်။ တှောကြာ သူဝင်လို့ မရမှာ စိုးလို့ပါ။ ကျွန်တှော မအိပ်ခင် ဒီနေ့ သူနဲ့တွေ့ရင် ပြောရမယ့် စကားတွေကို ပြန်စဉ်းစားလိုက်တယ်။ အိုကေ ကျွန်တှော အဆင်သင့်ဖြစ်နေခဲ့ပြီ။ သူဝင်လာဖို့ပဲ ကျန်တော့တယ်။ အခန်းပြူတင်းဝလေးကနေ လေလေးတွေက တဖြူးဖြူးနဲ့ ဝင်နေတယ်။ နွေလေတွေ ဆိုတော့လည်း ပူသလိုလိုနဲ့အေး၊ အေးသလိုလိုနဲ့ ပူလို့နေတယ်။ တိုးတိုးလေး ဖွင့်ထားတဲ့ ကက်ဆက်လေးကနေ အိပ်၍မပျှောသော ညများ ဆိုတဲ့ သီချင်းသံလေးက ပျံ့လွင့်နေတယ်။ ကျွန်တှော အိပ်မပျှောသွားခင် ပြုံးလိုက်မိသေးတယ်။ ကျွန်တှောကတော့ အိပ်ပျှောတော့မယ်။ ဒီလိုနဲ့ ကျွန်တှော့မျက်နှာက အပြုံးမပျောက်ကွယ်သွားခင် ကျွန်တှော အိပ်ပျှောသွားတယ်။

ဒီခံစားမှုကို ကျွန်တှော သိနေတယ်။ ကျွန်တှော အိပ်မက်ထဲ ရောက်နေပြီ။ သူကျွန်တှော့ဘေးမှာ ရောက်နေပြီ။ သူကုလားထိုင်လေးမှာ ထိုင်လိုက်ပြီ။ သူကျွန်တှော့ကို ကြည့်နေပြီ။ အဲဒီအချိန်မှာ ကျွန်တှော ထလိုက်တယ်။ အိပ်မက်ထဲမှာ ဖြစ်ပါတယ်။ ကြိုတင်ကြံစည်ထားတာမို့ ကျွန်တှောကတော့ အားလုံးကို သိနေတယ်။ သူက တစ်ချက် ပြုံးပြီး ကြည့်တယ်။ ဒီတစ်ခေါက်တော့ ကျွန်တှောသူ့ကို စကားပြောလိုက်တယ်။

“မဂဿငလာပါဗျာ ကျွန်တှော ခင်ဗျားကို စောင့်နေတာဗျ”
သူဘာမှ ပြန်မပြောပါဘူး။
“အေးဗျာ ကျွန်တှော ခင်ဗျားကို သိနေတယ် ထင်တယ်”
သူက အသာအယာပြုံးရင်း ကျွန်တှော့ကို ကြည့်ပါတယ်။ ပြီးမှ “နေကောင်းလား” လို့မေးတယ်။
“ဪ ခင်ဗျား စကားပြောတယ်နှော။ ကျွန်တှောက ခင်ဗျား စကားမပြောမှာ စိုးရိမ်နေတာ”
“ဟုတ်လား.. ဒီလိုပဲ တစ်ခါတစ်လေလည်း အကြာကြီး စကားမပြောဖြစ်ဘူး”
“ခင်ဗျားကို ကျွန်တှော ရင်းနှီးလိုက်တာဗျာ။ ခင်ဗျား ဘယ်သူလဲ။ ကျွန်တှော့သူငယ်ချင်းလား သူငယ်ချင်း မဟုတ်ဘူးလား။ ခင်ဗျား ဘယ်ကလဲ။ ကျွန်တှော့ဆီမှာ ခင်ဗျားလိုချင်တာများ ရှိနေလား”
“မေးခွန်းတွေက များလိုက်တာရှင်။ အနှောက်အယှက်များ ဖြစ်သွားလို့လားဟင်”
“ဪ မဟုတ်ပါဘူးဗျာ။ ကျွန်တှော ခင်ဗျားလာတာကို ပျှောပါတယ်။ ကျွန်တှော တစိမ်းသူတွေနဲ့ မတွေ့ဖြစ်တာ တှောတှော ကြာနေပြီဗျ။ ခင်ဗျားက ပထမဆုံး ဧည့်သည်ပဲ”
“ဟုတ်လား.. ဒါနဲ့ ကှောဖီတစ်ခွက်လောက် သောက်လို့ ရမလား။ ရှင့်ရဲ့ ဗန့်ဂိုးကှောဖီဆိုတာ ခါးသက်သက်နဲ့ သောက်လို့ကောင်းတယ်လို့ ကျွန်မ ကြားတယ်။ ဖြစ်နိုင်ရင် ကျွန်မကို တစ်ခွက်လောက် လက်ဆောင်အဖြစ် တိုက်ပါလားရှင်”
“မဟုတ်သေးဘူးနဲ့ တူတယ်ဗျ.. အခုကျွန်တှောတို့ တွေ့နေကြတာက အိပ်မက်ထဲမှာလေ.. ခင်ဗျား ကှောဖီကို ဘယ်လိုသောက်မှာလဲ”
“ဪ ရှင်က အိပ်မက်ကို မရှိတဲ့ နေရာတစ်ခုလို့ ထင်နေတာကိုး။ အိပ်မက်ဆိုတာ လူတွေ မမြင်ရတဲ့ နေရာတစ်ခုလို့ရော ရှင်မထင်မိဘူးလား ။ ကဲပါလေ ရှင်မယုံရင် ကျွန်မလက်ကို ကိုင်ကြည့်ပေါ့”
“နေပါစေဗျာ ကျွန်တှော သိပါတယ်။ အခုစကားပြောနေရတာ အစစ်လိုပါပဲ။ ဒါပေမယ့် ကျွန်တှော အိပ်ပျှောသွား ခဲ့တာကိုလည်း ကျွန်တှော သိနေတယ်”
“ကှောဖီ မတိုက်တော့ဘူးလား”
“ဪဟုတ်သားပဲ ခဏလေးဗျာ.. ကျွန်တှောဖြင့်အံ့ပါရဲ့၊ ခင်ဗျားမို့ ကျွန်တှော့ကှောဖီကို စိတ်ဝင်စားလေတယ်”
“ဘာရယ်တော့မဟုတ်ပါဘူး ကျွန်မက ဗန့်ဂိုးကို ကြိုက်တယ်ရှင့်၊ ပြီးတော့ ရှင့်အကြောင်းကိုလည်း သိထားလို့ပါ”
“ဗျာ ခင်ဗျားက ကျွန်တှော့ အကြောင်းကို သိတယ်..ဟုတ်လား။ ဒါဆို ခင်ဗျားက ကျွန်တှောနဲ့ သိတဲ့လူလား”
“အဲလိုတော့လည်း မဟုတ်ဘူး။ ကျွန်မ ရှင့်ကို တချိန်ချိန်က သိခဲ့တယ်နဲ့ တူတယ်.. စဉ်းစားလို့တော့ မရဘူး။ ကျွန်မ ဘယ်သူလဲ ဆိုတာရော ရှင်သိလား”
“အေးဗျ ကျွန်တှောလည်း ခင်ဗျားကို အဲဒါ မေးချင်နေတာ.. ခင်ဗျားကို ကျွန်တှော ကောင်းကောင်းသိနေတယ်။ ဒါပေမယ့် ကျွန်တှော ခင်ဗျားကို မသိဘူးဗျ။ မနေ့ကလည်း တစ်နေ့လုံး စဉ်းစားပြီးပြီ။ ခင်ဗျား မျက်နှာကို ကျွန်တှော သိပ်ရင်းနှီးနေတယ်။ ခင်ဗျား အကြည့်တွေကို ကျွန်တှော သိပ်ရင်းနှီးနေတယ်.. ကဲဟောဒီမှာ သောက်လိုက်ပါဦးဗျာ.. ခင်ဗျားကြိုက်မယ်ဆို ကျွန်တှောဖြင့် ဝမ်းသာမိမှာပဲ”
“အိုး.. သိပ်သေချာတာပေါ့ရှင် ကျွန်မ ကြိုက်မှာ အမှန်ပဲ”
“ဟောဒီမှာ အငွေ့တွေ ရှင်မြင်လား.. အိပ်မက်ထဲမှာဆို ဒီအငွေ့တွေ ရှင်မြင်ရမလား”
“ဟုတ်တော့လည်း ဟုတ်ပါတယ်။ ကျွန်တှော သတိထားမိတာ ကြာပြီ။ ဒါဟာ အိပ်မက် မဟုတ်ဘူးလို့။
ခင်ဗျား ဘယ်က လာသလဲ”
“အင်း ကျွန်မတို့နေရာက ရှင်တို့နေရာနဲ့ နီးနီးလေးမှာ”
“ဟင် ဒါဆို ဘာလို့ ခင်ဗျားကို ကျန်အချိန်တွေမှာ မမြင်ရသလဲ”
သူမက ခပ်တိုးတိုးရယ်တယ်။
“ရှင် ရုပ်ရှင်ကြည့်ဘူးလား”
“သိပ်ကြည့်ဖူးတာပေါ့ဗျာ”
သူမက လက်ထဲက ကှောဖီခွက်ကို တရှိုက်မက်မက် သောက်လိုက်ရင်း
“ရှင် ရုပ်ရှင် ကြည့်ချင်ရင် ဘယ်ကို သွားရလည်း၊ ရုပ်ရှင်ရုံကို သွားရတယ် မဟုတ်လား”
“အင်း ကျွန်တှော သဘောပေါက်ပြီ .. ရုပ်ရှင်ရုံဟာ ကျွန်တှောတို့ အိမ်နဲ့ နီးနီးလေးပဲ။ ဒါပေမယ့် ရုပ်ရှင်ကြည့်ဖို့ လက်မှတ်ဝယ်ရတယ်.. ရုံထဲကို သွားရတယ်”
“အဲဒီလိုပဲပေါ့ရှင်.. အခုလည်း ရှင် ရုပ်ရှင်ရုံ တစ်ခုထဲ ရောက်နေတယ်လို့ မှတ်ထားလိုက်ပေါ့.. ဒီပွဲစဉ်အတွက် လက်မှတ်ကို ကှောဖီတစ်ခွက်နဲ့ ကျွန်မက ရှင့်ကို လက်ဆောင်ပေးတာပေါ့”
“လက်ဆောင်ဆိုလို့ ခုမှ သတိရတယ်။ ဒီနေ့က ကျွန်တှော့ မွေးနေ့ဗျ”
“အင်း ကျွန်မသိတယ်။ ဒါကြောင့် ဒီနေ့မှာ ရှင့်ကို စကားပြောဖြစ်တာ”
“အေးဗျာ ဝမ်းသာပါတယ်။ ကျွန်တှောက ပျင်းနေတာဗျ .. စကားပြောဖှော မရှိတာလည်း ကြာပြီ”
“ရှင်ဒီနေ့ ဘာလုပ်ဖို့ အစီအစဉ် ရှိလည်း .. ကဗျာတွေ မရေးတော့ဘူးလား ရှင့်ကဗျာတွေ မဖတ်ရတာ ကြာပြီ”
“ရေးမလို့တော့ စဉ်းစားမိတယ်.. ဒါပေမယ့် မရေးဖြစ်တာ ကြာပြီဗျာ။ ဉာဏ်တွေလည်း ခေါင်းပါးကုန်ပြီ ထင်ပါရဲ့.. ဒါနဲ့ ခင်ဗျားက ကျွန်တှောကဗျာရေးတာ ဘယ်လိုလုပ် သိလဲ။ ဖတ်ဖူးလို့လား။ မဟုတ်သေးဘူး ခင်ဗျားကို ကျွန်တှော သိနေတယ်ဗျ. တစ်ယောက်ယောက်ပဲ၊ ခဏလေးဗျာ ကျွန်တှောလည်း ကှောဖီတစ်ခွက် သောက်လိုက်ဦးမယ်”
“ကျွန်မက မှောဒန်ကဗျာတွေ ကြိုက်တယ်ရှင့်”
“ဟုတ်လား ကျွန်တှော့ တစ်သက်မှာတော့ မှောဒန်ကဗျာ ကြိုက်တဲ့ မိန်းခလေး သူငယ်ချင်း များများစားစား မတွေ့ခဲ့ဖူးဘူးဗျ”
“မိန်းခလေး ??? ဟုတ်လား.. ကျွန်မက မိန်းခလေးလား??”
“ကျွန်တှောတို့ ဆီမှာဆိုရင်တော့ ခင်ဗျားက မိန်းခလေးပဲဗျ.. နို့ မဟုတ်ဘူးလား??”
“ကျွန်မ မသိဘူးရှင့်”
သူမက ဆွေးဆွေးမြေ့မြေ့ပြောတယ်
“ထားပါဗျာ..ဒါက အရေးမကြီးပါဘူး။ ခင်ဗျားအကြောင်း ပြောပြပါလား”
“ကျွန်မ အကြောင်းလား.. အင်း ရှင်သိချင်ရင် ပြောပြမယ်လေ။ ဒါပေမယ့် ရှင်ဘယ်သူ့ကိုမှ ပြန်မပြောဖို့တော့ လိုလိမ့်မယ်..တကယ်လို့များ တစ်ယောက်ယောက်ကို ရှင်ပြန်ပြောပြမိလိုက်ရင် ပြန်ပြောတဲ့ နေ့ကစပြီး ရှင့်ဆီကို ကျွန်မ ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ဘူး”
“ဟုတ်လား. ဒါဟာ ခြိမ်းခြောက်မှု တစ်ခုလား?? ကျွန်တှော့အတွက်တော့ ခင်ဗျား လာတာနဲ့ မလာတာနဲ့မှာ စကားပြောစရာ အဖှောတစ်ယောက် ရတာပဲ ထူးခြားပါရဲ့။ ဒါပေမယ့် ခင်ဗျား မပြောစေချင်ဘူးဆိုရင် ကျွန်တှော မပြောပါဘူး”
“ကောင်းပါရဲ့ရှင်.. ဒါပေမယ့် ကျွန်မရောက်လာတာ ရှင့်အတွက် ဘာမှ မထူးခြားဘူးဆိုရင် ကျွန်မ ဝမ်းနည်းမိပါတယ်”
“ဒီလိုသဘောမျိုး ပြောတာ မဟုတ်ပါဘူးဗျာ.. ကျွန်တှောက အရာတိုင်းကို တန်ဖိုးထားပါတယ်”
“ရှင် တန်ဖိုးဆိုတဲ့ စကားများ ပြောလိုက်သလား”
“သိပ်သေချာတာပေါ့..ကျွန်တှောပြောလိုက်တယ်လေ”
“ကျွန်မအကြောင်း မပြောခင် ရှင် တန်ဖိုးထားတယ်ဆိုတဲ့ အရာတွေကို ပြောပြပါလား”
“သိပ်ထူးထူး ထွေထွေတော့ မဟုတ်ပါဘူး။ ပထမဆုံး ခင်ဗျား ဇန်ဆိုတဲ့ ဘာသာအကြောင်းသိလား”


ဆက်လက် ဖတ်ရှုပါရန်။

Tags: Essay , NLS

No response to “အိပ်မက်ထဲမှာ ကြည့်ခဲ့မိသော ရုပ်ရှင်”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz