Sunday, May 7, 2006

Ancient Myanmar Cities

ခုတလော မျက်ရိုးတွေ ကိုက်နေတယ်။ လောလောဆယ် မျက်မှန်က အဝေးတစ်နေရာမှာ ကျန်ခဲ့တော့ ဒီလိုပဲ ဆက်စခန်းသွား နေရတယ်။ နေ့တစ်မြန်မာမှာ ဦးမောင်ကို ဝေမျှတဲ့ မြန်မာ့ရှေးဟောင်း မြို့တှောတွေရဲ့ တည်နေရာကို အင်တာနက်မှာ၊ ဂူဂယ်လ်မှာ ရှာဖွေဖြစ်တယ်။ တှောတှောလေး ပြီးသွားပြီ။ ဘာအတွက် လုပ်နေတာလည်း၊ ပိုက်ဆံ ဘယ်လောက် ရမှာလည်းလို့ မေးရင် ဖြေစရာ အဖြေက ခက်ခဲတယ်။ မပျောက်ကွယ်သင့်တဲ့၊ မြန်မာတိုင်း သိထားသင့်တဲ့ နေရာဒေသတွေကို တိတိကျကျ လွယ်လွယ်ကူကူ သိစေချင်တဲ့ ဆနဿဒနဲ့ ဖြစ်ပါတယ်။ ဘာပိုက်ဆံမှ မရပါ။ သူများအကျိုးတော့ မသိပါ။ ကိုယ့်အတွက်တော့ ဗဟုသုတ တှောတှောလေး တိုးလို့ ဝမ်းသာမိပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကျှောက ဆရာကြီး ဦးအောင်မြင့်ရဲ့ ကောင်းကင်ဓါတ်ပုံနှင့် မြန်မာ့ရှေးဟောင်း မြို့တှောများ ရှာဖွေခြင်းဆိုတဲ့ စာအုပ်တစ်အုပ် မထင်မရှား ထွက်ခဲ့တယ်။ တန်ဖိုးက ၅၀၀ ကျှောနဲ့တူတယ်။ အခုတော့ ဒီစာအုပ်က ရှားပါးပြီး ၁၀၀၀၀ ကျှော ဖြစ်နေပြီလို့ ဆိုပါတယ်။ စာအုပ်က ရန်ကုန်မှာ ကျန်ခဲ့တယ် ဒီကို ပါမလာခဲ့ဘူး။ အဲဒါလေးကို အမှတ်တရ ဖတ်ချင်နေတုန်း မြန်မာပြည်ဖွားများ ဖိုရမ်မှာ တစ်ယောက်က စေတနာနဲ့ တင်ပေးပါတယ်။ တှောတှောလေး ဝမ်းသာသွားတယ်။ အဲဒါနဲ့ ဂူးဂယ်အတ်နဲ့ နာဆာဝေါလ်ဝင်းကို သုံးပြီး တည်နေရာတွေကို အတိအကျ လိုက်ရှာဖြစ်ပါတယ်။ အားလုံးပြီးရင် ဂူးဂယ်အတ်မှာ တည်နေရာတွေ မှတ်ပြီး သူ့ဆာဗာပှေါတင်မယ်။ ဒါဆိုရင် တစ်ကမဿဘာလုံး အချိန်မရွေး လေ့လာနိုင်မယ်။ မူရင်းစာရေးသူက ကောင်းကင်ဓါတ်ပုံများ၊ လက်ဆွဲပုံများနဲ့ တင်ပြထားပေမယ့် တစ်ခုချင်းကို လိုက်ရှာတဲ့အခါ အတှောလေး အချိန်ယူရပါတယ်။ ဒါပြီးသွားရင်တော့ ကလစ်တစ်ချက် နှိပ်ရုံနဲ့ အဲဒီနေရာတွေကို ပြပေးနိုင်ပါလိမ့်မယ်။ မြန်မာလူမျိုးတိုင်း ကိုယ့်တိုင်းပြည်က ရှေးဟောင်း မြို့တှောတွေ အကြောင်းကို အနည်းဆုံး စိတ်တော့ ဝင်စားသင့်တယ်လို့ ထင်မိပါတယ်။ ဦးမောင်ကို တင်ပေးထားတဲ့ ရှေးဟောင်းမြို့တှောများ အကြောင်း ပိုစ့်ကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။ [Ancient Myanmar Cities]။ ကိုယ့်ဆီမှာ အခြား အထောက်အထား မြေပုံ မှတ်တမ်းတွေ ရှိရင်လည်း ပါဝင်ဆွေးနွေး ဖြန့်ဖြူးနိုင်ပါတယ်။

Tags : Ancient Myanmar Cities , Knowledge

No response to “Ancient Myanmar Cities”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz