Thursday, May 11, 2006

Adsense Testing

အွန်လိုင်းမှာ Adsense အကြောင်းဖတ်ရလို့ စကဿငာပူတုန်းက လုပ်ထားတဲ့ အကောင့်လေးထဲ သွားကြည့်တာ ၅ ကျပ် ခွဲလောက် ရောက်နေတယ်။ ဟာဟ။ အဲဒါနဲ့ စိုက်စိုက်မတ်မတ် ၁ လ လောက် လုပ်ကြည့်ဖို့ စဉ်းစားမိတယ်။ ဘယ်လောက်များ ထိရောက်မှု ရှိသလဲပေါ့။ ဒါပေမယ့် ကျွန်တှောတို့ မြန်မာဘလော့ခ်တွေကို အားပေးသူ အရေအတွက်က အားလုံးမြင်တဲ့အတိုင်း တစ်ရက်မှ အယောက် ၁၀၀ လောက်ပဲ ရှိတယ်။ ကိုယ့်ဘာသာ ဆိုဒ်ကိုဝင်တဲ့ အခေါက်တွေကို နှုတ်ရင် ပုံမှန်ဟစ်ပွိုင့်က ၁၄၀ လောက်ပဲ ရှိတယ်။ အဲဒီအထဲက ဘယ်နှစ်ယောက်က ဒါကို နှိပ်မိမလဲ။ ကိုဝေဖြိုး ကတော့ ဒါမျိုးနဲ့ အလုပ်ဖြစ်နေတယ် ကြားတယ်။ ကျွန်တှောကတော့ ကုဒ်ဒင်းက သိပ်မကျွမ်းကျင် လုပ်ပုံကိုင်ပုံက မသေသပ် မပိရိဆိုတော့ အဆင် သိပ်ပြေမယ်တော့ မထင်လှဘူး။ ဒါပေမယ့် စမ်းကြည့်မယ်။ ဒီနေ့ကနေ နောက်တစ်လအတွင်း ဘယ်လောက်များ ထူးခြားမလဲပေါ့။ ကုဒ်တွေ ဟိုရွှေ့ကြည့် ဒီရွှေ့ကြည့်နဲ့ ဒီနေ့မှ ပြီးတော့တယ်။ သူများတွေ ဘယ်လိုလုပ် နေကြသလဲဆိုတာ လိုက်စူးစမ်း လိုက်ဦးမယ်။

Tags : Adsense , Amazon Ads , Chaos

No response to “Adsense Testing”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz