Thursday, May 18, 2006

2006 UEFA Champion




နောက်ဆုံးတော့ ယူအီးအဖ်အေ ချံပီယံ ဆုဖလားကြီးကို ဘာစီလိုနာက သိမ်းပိုက်သွားပါတယ်။ ပွဲစတာနဲ့ ဂန်းနားတွေဟာ အတှောလေး ကောင်းပါတယ်။ ဒါပေမယ့် ပထမပိုင်း မိနစ်အနည်းငယ်မှာပဲ လျှပ်စစ်လို လျှင်မြန်တဲ့ အီးတိုးဆီ ဘောလုံး ရောက်သွားတာကို အာဆင်နယ် ဂိုးသမား လေမန်း လှမ်းဖမ်းတာ မမိလိုက်လို့ အီးတိုးရဲ့ ခြေထောက်ကို ဖမ်းဆွဲလိုက်တဲ့ အတွက် ဒိုင်က အနီကတ်ပြပြီး လေမန်းကို ထုတ်ပစ်လိုက်ပါတယ်။ အဲဒီအတွက် အပြစ်မဲ့သူ ရောဘတ်ပီရက်စ်တစ်ယောက် လွန်စွာ မခံချိ မခံသာနဲ့ လူစားအတွက် ထွက်ပေးလိုက် ရပါတော့တယ်။ ဒိုင်က ပြစ်ဒဏ်ဘော သတ်မှတ်ပေးတာကို ရှောနယ်ဒင်ဟို ကန်တာ မဝင်ဘူး။ မရှေးမနှောင်းမှာဘဲ ဂန်းနားတွေ ပြစ်ဒဏ်ဘော ရပါတယ်။ အွန်နရီ ကန်တင်လိုက်တဲ့ ပြစ်ဒဏ်ဘောကို နောက်ခံလူ ဆိုးလ်ကင်းဘဲလ် ခေါင်းတိုက်သွင်းလို့ ပထမပိုင်းမှာ အာဆင်နယ်လ်က ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်သွားခဲ့တယ်။

ဒုတိယပိုင်း ပြန်စတော့ ၁၀ ယောက်သာ ကျန်တဲ့ အာဆင်နယ်လ်ဟာ ခံစစ်ကို သိပ်သိပ်သည်းသည်း ဆော့ပါတော့တယ်။ မိုးကလေးကလည်း တဖွဲဖွဲ ရွာနေပြီး ဘာကာဟာ တရကြမ်း ဖိပါတယ်။ အာဆင်နယ် ဂိုးစည်းနားမှာတော့ ဂန်းနားတွေဟာ အကဿငျီအဝါတွေ ထပ်နေတယ် ထင်ရလောက်အောင်ကို ပိတ်ဆို့ ကစားနေခဲ့ရတယ်။ မကြာပါဘူး လာဆင်နဲ့ ဘောလက်တီကို နည်းပြက လူစားလဲ သွင်းလိုက်ပါတယ်။ လာဆင် ဝင်လာတာနဲ့ ဘာကာဟာ ကစားကွက် အချိတ်အဆက် ပိုမိလာတယ်။ လာဆင် အသာတို့ပေးလိုက်တဲ့ ဘောလုံးကို အီတိုးဆွဲယူပြီး ဂိုးသမားရဲ့ ညာဘက် ထောင့်ကျဉ်းကနေ ကန်သွင်းယူနိုင်ခဲ့လို့ ၁-၁ ဖြစ်လာခဲ့တယ်။ ပွဲပြီးဖို့ ၉ မိနစ် အလိုလောက်မှာတော့ အသစ်ဝင်လာသူ ဘှောလက်တီ တအားကန်သွင်းလို့ ဘာကာဟာ ၂ ဂိုး ဖြစ်သွားပါတော့တယ်။ ဒီဂိုးကိုလည်း လာဆင်ပဲ ဖန်တီးပေးတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အာဆင်နယ်လ်ဟာ ချေပဂိုး ပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် မရရှိတော့တာကြောင့် ဒုတိယ နေရာနဲ့သာ ကျေနပ်ခဲ့ရ ပါတော့တယ်။

ဒီနှစ်မှာ ဘာကာဟာ အလွန်တရာ ကောင်းပါတယ်။ စပိန်လိဂ်မှာ ဗိုလ်စွဲနိုင်ခဲ့သလို နှစ်ငါးဆယ်ကြာ ဝေးကွာခဲ့တဲ့ ဒီချန်ပီယံလိဂ် ဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါပြီ။ နည်းပြ ရစ်ကဒ်၊ ရိုနယ်လ်ဒင်ဟို၊ အီးတိုး၊ လာဆင်၊ ပူးယိုးလ် အစရှိတဲ့ သူများနဲ့ ဘာကာဟာ နောက်နှစ်တွေမှာလည်း ဆက်လက်အောင်မြင်မယ်လို့ အသေအချာ ယုံကြည်နေမိပါတယ် ခင်ဗျား။ အာဆင်နယ် ရှုံးသွားလို့ မျက်နှာ ရှုံ့မဲ့နေကြမယ့် သူငယ်ချင်းဟောင်း ကြီးများကိုလည်း သတိရနေမိပါတယ်ခင်ဗျား။


Tags : 2006 UEFA Champion , Barcelona FC , Chaos

No response to “2006 UEFA Champion”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz