Monday, April 10, 2006

Embedded Open Type Font


ဖတ်ရှုသူတွေ လွယ်ကူအောင်လို့၊ ယူနီကုဒ် ဖောင့် မသွင်းတတ်သူတွေ အဆင်ပြေအောင် ဒီဘလှောခ့်ရဲ့ ဖောင့်စစဿစတမ်ကို EOT (EmbeddedOpenType) အဖြစ် ပြောင်းလဲ လိုက်ပါတယ်။ အဲဒီအတွက် နောက်ဆိုရင် ဇှောဂျီ ယူနီကုဒ် မရှိပေမယ့် ဆိုဒ်ကို ကောင်းမွန်စွာ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ လလောက်က တစ်ခါ လုပ်ကြည့်ဖူးပါသေးတယ်။ အဆင်မပြေခဲ့ဘူး။ မနေ့ကမှ ငြိမ်းချမ်းရာဘလောခ့် က ကိုမျိုးရဲ့ ကူညီမှုကြောင့် ဒီလို ပြောင်းလဲ နိုင်တာ ဖြစ်ပါတယ်။

ဒီ အီးအိုအဖ် ဖိုင်စနစ်ဟာ အိုင်အီး ဘရောက်ဇာ မှာသာ အလုပ်လုပ်တာ ဖြစ်တဲ့အတွက် ယူနီကုဒ် မရှိသူ၊ စက်ထဲ မသွင်းထားသူများ အနေနဲ့ အခြား ဘရောက်ဇာများနဲ့ ကြည့်ရှုမယ်ဆိုရင် မြင်ရဦးမှာ မဟုတ်ပါဘူး။ အခြား ဘရောက်ဇာများ အတွက်တော့ ဖောင့်ကို သေချာပေါက် ကိုယ့်စက်ထဲကို အင်စတောလ် လုပ်ပေးရပါမယ်။ ဒါပေမယ့် အိုင်အီး သုံးနေသရွေ့တော့ ဒီဘလှောခ့်ကို ဘာဖောင့်မှ သွင်းစရာ မလိုဘဲ ကောင်းမွန်စွာ မြင်နေရမှာ ဖြစ်ပါတယ် ခင်ဗျား။ ဒီလို ပြောင်းလဲနိုင်အောင် အစအဆုံး ကူညီပေးခဲ့တဲ့ ဒသနဘလှောခ့်မှ ကိုမျိုး ကို ကျေးဇူးအထူး တင်ပါတယ်။

အီးအိုတီဖောင့် ပြုလုပ်ပုံနှင့် ကုဒ်သွင်းပုံကို လေ့လာချင်သူများ ဒသနဘလှောခ့် [Dathana] တွင်၎င်း၊ မောင်ဇန်ဘလှော့ခ် [MgZeng] တွင်၎င်း ဖတ်ရှုနိုင်ပါသည်။

Tags: Chaos , WEFT , Embedded Open Type , EOT Font

No response to “Embedded Open Type Font”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz