Wednesday, April 26, 2006

လူငယ်နှင့်မြို့ရိုး ၂


တစ်နေ့သောအခါ သူပန်းပင်လေး တစ်ပင်စိုက်သည်။ မွှေးမြချိုရီသော ပန်းကလေးများ ပွင့်လာပါစေတော့ ဟုဆိုကာ မေမေမသိအောင် ပျားရည်စက်များ လောင်းလောင်းပေးခဲ့သည်။ သိပ်မကြာပါ ထိုပန်းပင်လေး သေဆုံးသွားခဲ့သည်။ ထိုပန်းပင်လေး သေဆုံးသွားခြင်းသည် သူ့ဘဝ၏ မြို့ရိုးအမှတ်(၂)ပဲ ဖြစ်သည်။

မြတ်နိုးတွယ်တာစိတ်၊ ကောင်းသော မျှောလင့်ချက်များနှင့် တစုံတခုကို လုပ်ဆောင် ခဲ့သှောလည်း အကြောင်း အခြင်းအရာများ မတိုက်ဆိုင် သောအခါ ထိုအရာသည် ကြောက်စရာကောင်းသော လက်နက်တစ်ခု ဖြစ်လာခဲ့သည်။

ကျွန်တှော၏ ဝိုင်းစက်သော လက်ရေးများကို ဆရာမများက အလွန်မြတ်နိုးပါသည်။ ကျွန်တှောကလည်း နှစ်သက်ပါသည်။ သို့သှော ထိုဝိုင်းစက်သော လက်ရေးများနောက်ကွယ်မှ ဖြစ်ရပ်တချို့ကို သူတို့သိမည် မဟုတ်ပါ။ အိပ်မက်များထဲအထိ လိုက်ပါနှောက်ယှက်ခဲ့သော ထိုလက်ရေးများမှာ မသိစိတ်တွင် အမြဲပင် ကိန်းအောင်း နေခဲ့ရသည်။ အလွယ်လိုက်ကာ ဖြစ်ကတတ်ဆန်း ရေးတတ်သော ကျွန်တှော့ကို မေမေက ညတစ်ညတွင် ပြောင်းလဲပေးခဲ့ရာမှ စပါသည်။ သံချွန်နှင့် မျဉ်းဖြောင့်သားထားသော ကျောက်သင်ပုန်းပှေါတွင် ပြည့်နေခဲ့သော ဝလုံးများမှာ အိပ်မက်များ ထဲတွင်ပင် ဝိုင်းစက်အောင် ကြိုးစားကာ ရေးနေခဲ့ရသည်။ ထိုဝလုံးများ မဝိုင်းစက်မချင်း ကျွန်တှောမအိပ်ခဲ့ရပါ။ သူငယ်ချင်းများနှင့် မကစားခဲ့ရပါ။ နာရီပေါင်းများစွာ ခေါင်းလောင်းထိုးသံများကို ဖြတ်သန်းပြီးသောအခါ ဗျည်း၃၃လုံးသည် ကျွန်တှောနှင့် လွန်စွာခင်မင်သော သူငယ်ချင်းများ ဖြစ်လာခဲ့သလို လွန်စွာမုန်းတီးသော ရန်သူများလည်း ဖြစ်လာခဲ့ကြသည်။ မေမေကို ကျွန်တှောက အရမ်းချစ်ပါသည်။ မေမေစိတ်ဆင်းရဲမှာကို မလိုလားပါ။ မေမေရဲ့အပြုံးများ ပျောက်ကွယ်နေသော ထိုအချိန်များကို ကျွန်တှော အလွန်မုန်းမိပါသည်။ ထို့ကြောင့် လက်ရေးလှလှ လေးများရအောင် ကျွန်တှောကြိုးစားပါသည်။ တဖြည်းဖြည်း ကြာလာသည်နှင့်အမျှ မညီမညာ လက်ရေးများကို ရေးမိသောအခါများတွင် ကျွန်တှော ဒေါသတကြီးဖြစ်ကာ ထိုစာရွက်များကို ဆုတ်ဖြဲပစ်လာတတ်သည်။ လက်ရေးမလှလျှင် မကစားရဘူး။ လက်ရေးမလှလျှင် မေမေဆူမယ်။ လက်ရေးမလှလျှင် သူများအထင်သေးမယ် စသောစကားသံများစွာက ကျွန်တှော့စိတ် အနက်ရှိုင်းဆုံး နေရာထဲတွင် တိုးဝင်နေခဲ့ပြီးဖြစ်သည်။ ထိုဇာတ်လမ်းမှာ ထိုမျှနှင့်မရပ်တန့်ခဲ့ပါ။ စာမေးပွဲတွင် မလှပသော လက်ရေးများကို အသစ်ပြန်ပြန်ရေးရင်း အချိန်စေ့ ခေါင်းလောင်း ထိုးသွားသောအခါ ................။

မေမေကို ထိုအချိန်က ကျွန်တှောနားမလည် နိုင်ခဲ့ပါ။ ကျွန်တှောမှားသလား မှန်သလား ဆိုတာကိုလည်း နားမလည် နိုင်ခဲ့ပါ။

သို့သှော ယနေ့ထက်တိုင် ကျွန်တှော့ လက်ရေးလေးတွေသည် လှနေဆဲ၊ ကျွန်တှောကလည်း ချစ်နေဆဲ၊ မေမေ့ကိုလည်း ကျေးဇူးတင်ဆဲ ဖြစ်သလို ၊ စာမေးပွဲတိုင်းတွင်လည်း ကျွန်တှော နောက်ကျဆဲပင် ဖြစ်ပါသည်။


ကျွန်တှောတို့ ထုတ်ဖို့ စီစဉ်ထားကြတဲ့ လူငယ်နဲ့မြို့ရိုး စာအုပ်လေးထဲက အက်ဆေးတစ်ပုဒ်ပါ။ အကြောင်းအရာ အမျိုးမျိုးကြောင့် မထွက်ဖြစ်သေးဘူး။
Tags : Essay

No response to “လူငယ်နှင့်မြို့ရိုး ၂”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz