Wednesday, April 5, 2006

လွမ်းမောဖွယ် တကဿကသိုလ် နွေညများ


ဒီရက်တွေမှာ ကျွန်တှော ပုံမှန်ပြန်အိပ်မှ ဖြစ်မှာမို့ မနေ့ညက ၁ဝနာရီ လောက်ကတည်းက အိပ်ပစ်လိုက်တယ်။ မနက် နိုးလာတော့ ၄ နာရီ ။ ထူးဆန်းစွာပဲ အတွေးထဲကို အင်ဒရူး အယ်လိယော့ ဆိုတဲ့ ဇာတ်ကောင်ရဲ့ နာမည်က အလိုလို ရောက်လာတယ်။ နောက်ဆက်တိုက်ပဲ အန်င်ဒရူး အယ်လိယော့၊ ဂျေဆန်ဂီးလ်ဘတ်၊ ရော့ဆီ၊ လင်းဘရိုစ့် စတဲ့ နာမည်တွေ တန်းဆီပြီး ဝင်လာတယ်။ ဪ ကျွန်တှော တကဿကသိုလ်က သူငယ်ချင်းတွေကို မသိစိတ်က သတိရနေတာကိုး။ ဒီနာမည်တွေက Erich Segal ရဲ့ ပြောင်မြောက်လှတဲ့ The Class ဆိုတဲ့ စာအုပ်ထဲက ဇာတ်ကောင် နာမည်တွေပါ။ ဟားဗတ် တကဿကသိုလ် ကျောင်းသားဘဝ အကြောင်းကို ရေးထားတဲ့ ဒီဝတဿထုကို ဖတ်လိုက်တိုင်း ကျွန်တှော့ ရင်ထဲမှာ နင့်နင့်နဲနဲ ဖြစ်သွားရတယ်။ ဆရာ မြသန်းတင့် ဘာသာပြန် ထားတာက လွမ်းမောဖွယ် တကဿကသိုလ် နွေညများ တဲ့။ သိပ်ကောင်းတဲ့ စာအုပ်လေးပါ။ ကျွန်တှောတို့ တကဿကသိုလ်တက်တော့ ဒါမျိုးဘဝ ရအောင် နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ဖူးတယ်။ မရလိုက်ခဲ့ဘူးကိုး။

ကျွန်တှောတို့ ကျောင်းက ရွှေပြည်သာရဲ့ စက်ရုံတွေကြားမှာ။ ကိုယ့်နေရာကိုတော့ ဒစ်ပလိုမာ တန်းတက်နေတဲ့ ကောင်တွေက ယူထားကြတယ်။ သူတို့နဲ့ ပေါင်းမယ်ဆိုတော့ ထိပ်ဆုံးက ကန့်ကွက်ခဲ့တာ ကျွန်တှောပဲ။ ကျွန်တှောတို့နှစ် ဖိုင်နယ်ရီးယား ပြီးသွားတော့ ဒစ်ပလိုမာတွေကိုလည်း ဘွဲ့ပေးတယ်။ အဲဒီမှာ ပါမောကဿခဆိုတဲ့ ဒေါက်တာပိုက်တင်က ကျွန်တှောတို့ကို ချန်ထားပြီး ဒစ်ပလိုမာတွေကိုပဲ ဘွဲ့နှင်းသဘင်တက်ဖို့ စီစဉ်ပါတယ်။ ဒီသတင်းကို ကျွန်တှောက ပထမဆုံး လျှို့ဝှက်ပြီး စရတယ်။ သိသိချင်းပဲ တခြား ကျောင်းသားတွေအားလုံးနဲ့ တိုင်ပင်ပြီး ဒေါက်တာပိုက်တင်ကို သွားတွေ့ပါတယ်။ မှတ်မှတ်ရရ ကျွန်တှောရယ် ဒီဒီရယ် ရုကဿခစိုးရယ် ညီညီရယ်။ ကံကောင်းလို့ အဲဒီ ဒစ်ပလိုမာ တန်းကကောင်တွေ အဲဒီနေ့က အသက်မထွက်တာ။ ဒီ ဒေါက်တာ ပိုက်တင်ကို ဘယ်လို အကြောင်းနဲ့ ကွန်ပြူတာ တကဿကသိုလ် ပါမောကဿခ ခန့်ထားတယ် မသိပါဘူး။ လွန်စွာမှ လာဘ်စားပါတယ်။ လွန်စွာမှလည်း ကျောင်းသားတွေကို နားလည်မှု မရှိပါဘူး။ ပါမောကဿခဆီကနေ ထွက်လာတဲ့ မေးခွန်းကို ပိုက်ဆံပေးဝယ်ပြီး ပြန်ရောင်းစားတဲ့ ဝိုင်တီယူက ပါမောကဿခ တစ်ယောက်ရဲ့ သားကိုလည်း တွေ့ဖူးပါတယ်။ အခုတော့လည်း စကဿငာပူက NUS မှာ အဆိုပါ သကောင့်သားက မာစတာ တက်နေပါသတဲ့။ ပါမောကဿခ ထောက်ခံချက်နဲ့တဲ့။ တောက် ဒါမျိုးကောင်တွေ လောကမှာ ရှိနေသေးတယ်။

မှတ်မှတ်ယယ ဒေါက်တာ ပိုက်တင်ကို ကျောင်းမှာ ၅ ခါထက် ပိုမမြင်ဖူးပါဘူး။ တစ်နှစ်မှာ တစ်ကြိမ် စာလာသင် ကံကောင်းပါ။ ကျွန်တှောတို့ သူငယ်ချင်းတစ်စု ကြိုးပမ်းမှုနဲ့ ကွန်ပြူတာ တကဿကသိုလ်ရဲ့ 2004 ဘွဲ့နှင်းသဘင်မှာ ကျွန်တှောတို့ အမှတ်စဉ် ၁ဝက လူတွေ တက်ရောက်ခွင့် ရခဲ့တယ်။ အဲဒီ ကိစဿစမှာ ကျွန်တှောတို့ဘက်က ထောက်ခံ ရပ်တည်ခဲ့တဲ့ ဆရာမတွေလည်း အမျက်တှော ပွားခံခဲ့ရပါတယ်။ ကျောင်းမှာ အမှတ်စာရင်း သွားထုတ်တော့ နောက်ရက်မှ လာပြန်ယူဖို့ စာရေးက ချိန်းပါတယ်။ မှောကွန်းထိန်းကို သွားပြောတော့ “ဟေ့ဟေ့ အဲဒီကောင်တွေ ၄ကောင် ဥစဿစာဆို မြန်မြန်လုပ်သာပေးလိုက်တဲ့” နောက်တစ်ခါ ကျောင်းလာမှာကို စိုးရိမ်နေတယ်နဲ့ တူပါရဲ့။ ခုနောက်ပိုင်း သာဓုကန်ကို ကျောင်းကြီး ပြောင်းသွားတော့ ကျွန်တှောတို့က အမှတ်တရ သွားလည်တတ်ပါတယ်။ ဘောင်းဘီ မဝတ်ရဘူးတဲ့။ ဆောရီးပဲ ကျောင်းအုပ် ဆရာမကြီးရယ်။ ကျွန်တှောတို့က ဒါမျိုးဆို ပိုလို့တောင် ရွဲ့ပြလိုက်သေးတယ်။ ဘောင်းဘီတိုနဲ့ကို သွားပစ်လိုက်တယ်။ လာမေးတယ်လေ ဘယ်ကလည်း ဘာလာလုပ်တာလည်း ဘောင်းဘီတိုနဲ့ မလာရဘူးဆိုတာ မသိဘူးလားတဲ့။ သိတယ် ကျောင်းသားဟောင်း ကျောင်းကို ပိုက်ဆံ လှူမလို့လာကြည့်တာ လို့ ပြောပစ်လိုက်တယ်။ မကျေနပ်လို့ သတဿတိရှိရင် ဘောင်းဘီဆွဲချွတ် လိုက်လေ မဟုတ်ဘူးလား။ ဘာတဲ့ ကျောင်းအုပ်နာမည်က ဒှေါရတနာသိန်း ဆိုလား။ ဒါမျိုး ကတော့ မောင်ညီလင်းတို့က မလေးစားတဲ့အပြင် မကြောက်ရေးချ မကြောက်ဗျား။ ကျောင်းသားသစ် လေးတွေကတော့ လိမဿမာလိုက်ကြတာ။ တူညီဝတ်စုံလေးတွေနဲ့ ငြိမ်ကုပ်လို့။ ကွာပါ့ကွာ ငါတို့နဲ့များ။ ဒီဒီတို့ ညီညီတို့ ရုကဿခစိုးတို့လို ကောင်မျိုးတွေနဲ့ တွေ့ပေးလိုက်ချင်ရဲ့။ ခွက်ခွက်တောင် လန်သွားဦးမယ်။

ဪ ဘာလိုလိုနဲ့ ဘွဲ့တွေလည်းရပြီး သူငယ်ချင်းတွေလည်း တနေရာဆီ ရောက်ကုန်ကြပြီ။ ဘယ်တော့မှ အရင်ကလို ပျှောပျှောပါးပါး ဆုံနိုင်ဖို့ မရှိတော့ဘူး။ တချို့တွေလည်း ကွန်ပြူတာ ပညာရပ်နဲ့ အောင်မြင်နေကြပြီ။ တချို့လည်း စီးပွားရေးလိုင်းဘက် ကူးသွားတယ်။ ကျွန်တှောကတော့ သာမန်ပါပဲ။ ဒါပေမယ့် အဲဒီလူတွေ အားလုံးအကြောင်းကို ပြန်ပြောပြတဲ့ အန်င်ဒရူး အယ်လိယော့လို လူတစ်ယောက်တော့ ကျွန်တှော ဖြစ်ချင်ပါရဲ့။ ဒါမှလည်း နောင်တချိန်မှာ လူတွေ ကျွန်တှော့သူငယ်ချင်းတွေအကြောင်း၊ ကျွန်တှောတို့ တကဿကသိုလ်ကြီး အကြောင်း၊ ကျွန်တှောတို့ ဖြတ်သန်းမှုတွေ အကြောင်း၊ ကျွန်တှောတို့ အတွေ့အကြုံတွေ အကြောင်း သိချင်တဲ့အခါ မှတ်တမ်းလေး တစ်ခု အနေနဲ့ အထောက်အကူ ရမှာပေါ့။ ဘယ်လောက်ပဲ အောင်မြင်ကျှောကြားတဲ့ လူတစ်ယောက် ဖြစ်ပါစေ။ သူ့အကြောင်း မှတ်တမ်း တင်ပေးမယ့်လူ မရှိရင် အဲဒီလူဟာ သမိုင်းမှာ ဘယ်ပါနိုင်ပါတော့မလဲ။ ကျွန်တှော့ သူငယ်ချင်းတွေကတော့ ကံကောင်းပါရဲ့။ အဲလို မှတ်တမ်းတင်ပေးတဲ့ လူမျိုး အခမဲ့ ရကြတယ်လေ။ ကျွန်တှောက သူတို့ကို ချစ်တာကိုး။

အမှားပြင်ဆင်ချက် ။ ။ အပိုဒ်လေးမှ ကျောင်းအုပ် ဒှေါရတနာသိန်းနေရာတွင် ဒှေါနီလာသိန်းဟု ဖတ်ပါရန်။ ညီအမ ဖြစ်သောကြောင့် မကြာခဏ မှားမိပါသည်။

Tags : Erich Segal's The Class , UCSY , Mya Than Tint , Dr. Pike Tin , UCSY , Friend , Chao

No response to “လွမ်းမောဖွယ် တကဿကသိုလ် နွေညများ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz