Saturday, April 29, 2006

မာလာမုန်တိုင်း

မြန်မာနိုင်ငံရဲ့ ရခိုင်ကမ်းရိုးတန်းနဲ့ ဧရာဝတီတိုင်းနားမှာ မာလာဆိုတဲ့ ဆိုင်ကလုန်း မုန်တိုင်း ဖြစ်ပွားနေပါတယ်။ ဒီမုန်တိုင်းသာ ကမ်းခြေကို ဝင်ရောက်တိုက်ခတ်မယ်ဆိုရင် လူသားတွေ အများအပြား သေကြေ ဒဏ်ရာရ၊ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရမှာပါ။ ဒီမုန်တိုင်းဟာ ၁၉၉၉ ခုနှစ် အိနဿဒိယကို တိုက်ခတ်ခဲ့တဲ့ ဩရိသ မုန်တိုင်းထက် ပြင်းထန်တယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။ ဘဂဿငလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတွေမှာ အရေးပှေါ အထူး မုန်တိုင်း သတိပေးချက်တွေ ထုတ်ပြန်နေတာ တွေ့ရပါတယ်။ ကျွန်တှော့ မျက်လုံးထဲမှာ မကြာသေးမီက အမေရိကန်က ပြည်နယ်ကြီး တစ်ခုလုံး ရေထဲ မြုပ်သွားခဲ့သလို၊ အတှောကြီး ပျက်စီးသွားခဲ့ရတဲ့ အဖြစ်အပျက်ကို မြင်နေမိတယ်။ အုတ်တွေနဲ့ အခိုင်အမာ တည်ဆောက်ထားတဲ့ ဒီလို ခေတ်မီမြို့တှောကြီးတွေတောင် သဘာဝဘေးဒဏ်ကို အံတု မခံနိုင်သေးရင် ကျွန်တှောတို့ဆီက တဲငယ်၊ ဇနပုဒ်လေးတွေ ဘယ်လိုနေကြမလဲ။ လူတွေ အများအပြား ဒုကဿခရောက်ကြလိမ့်မယ်။ ဒီမုန်တိုင်းကြီးကို လမ်းကြောင်းပြောင်းပါစေလို့ ဆုမတောင်းရက်ပါဘူး။ အားပျော့ပြီး ပင်လယ်ထဲမှာပဲ ပျက်ပြယ်သွားပါစေလို့ ဆုတောင်းနေမိတယ်။


Tags : Mala Cyclone , News

No response to “မာလာမုန်တိုင်း”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz