Wednesday, April 26, 2006

မီဇူနိုဂေါက်အိတ်နဲ့ ကျွန်တှော

ဒီနေ့ မနက်အစောကြီး အိပ်ယာထရတယ်။ တိဘက်မှာ ခုနှစ်နှစ်ကြာ ဆိုတဲ့ ဇာတ်ကားပြီးတာက ၁နာရီ၊ ချန်ပီယံလိဂ် ဆက်ကြည့်လိုက်မိတော့ မနက် ၂ နာရီထိုးသွားတယ်။ သောက်သုံးမကျတဲ့ ဗီလာရီးရဲလ် ရှုံးတာတောင် နည်းသေးတယ်။ အိပ်မယ်လုပ်တော့ ခေါင်းထဲမှာ အတွေးတွေ အများကြီး ရောက်လာတယ်။ အိပ္မေပ်ာှဘူး။ မနက် ၄နာရီခွဲမှာ ဂေါက်သီးသွားရိုက်တယ်။ ကိုယ့်အတွဲက ကိုရီးယား အမျိုးသမီး နှစ်ယောက်နဲ့ ကျတယ်။ ပထမရိုက်ချက်တွေ မှန်တယ်။ ဒုတိယ ရိုက်ချက်တွေ မကောင်းဘူး။ ချစ်ပင်န်က မဆိုးဘူး။ ပတ်တင်း နဲနဲပျက်တယ်။ ပထမဆုံး ၂ ကျင်းကို ကြောက်ခမန်းလိလိ +6 ချက် ရိုက်လိုက်မိတယ်။ တတိယကျင်းမှာ ပါပြန်ရပြီး နောက်ပိုင်းကျင်းတွေ မဆိုးဘူး။ ပါသုံးကျင်းပဲ ရတယ်။ ဆုကြေငြာတော့ ကိုယ်က တတိယမြောက် ပြိုင်ဘက် အဖြစ်ဆုရတယ်။ ကံစမ်းမဲတွေ ဖောက်ပေးတယ်။ မီဇူနို ဂေါက်အိတ် ပေါက်တယ်။ အထဲက ဂေါက်တံတော့ မပါဘူး။ တီရှပ်တစ်ထည် ထပ်ပေါက်တယ်။ လေကြောင်းလိုင်းတွေက လေယာဉ်လက်မှတ် မဲဖောက်ပေးတာကိုတော့ မလေးရှားနဲ့ ကုလားကကောင်တွေ ရသွားတယ်။ စိတ်မကောင်း လိုက်တာနှော။ ဒါပေမယ့် ကိုယ်တွေက တန်တယ်ပြောရမလား။ ကွင်းကြေးက ၁၂ဝဝပဲ ကုန်တယ်။ ဂေါက်အိတ်က ၆ဝဝဝလောက် တန်တယ်။ ထိုင်းသွားလည်မယ့် အိပ်မက်လေးတော့ ပျက်သွားတယ်။ နောက်တစ်ကြိမ်ပေါ့။ ပရိုက်တစ် တစ်ခါတစ်ခါ ပြန်ပြန်လုပ်ရမယ်။ ဒီနေ့ ပျက်တာတွေမှာ မရိုက်တာ ကြာလို့လည်း ပါတယ်။


Tags : Diary , NLS

No response to “မီဇူနိုဂေါက်အိတ်နဲ့ ကျွန်တှော”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz