Thursday, April 6, 2006

စွယ်တှောကြိုး


တစ်နေ့မှာ တတိယ ဇနီးဖြစ်သူ ဒှေါသိန်းမြ နံနက်စောစော အဂဿင ီရသသဿသ ဥဏဿဏာယ ဒါဋဿဌာဟိ သေတ ရံသိယော ဟုသော စိန်ရောင်ဂါထာတှောဖြင့် ဘုရားဝတ်ပြုသည်ကို ရုတ်တရက် ကြားလိုက်သော နန်းတှောရှေ့ ဆရာတင်ဟာ ငြိမ်သက်စွာ နာကြားယူပြီး လက်တန်းပင် ဤ စွယ်တှောကြိုးကို ရေးခဲ့တယ်လို့ ဆိုပါတယ်။

မြတ်ဘုရား နိဗဿဗာန် စံခန်းယူ တေဇောဓါတ် ကျွမ်းလောင်တှောမူ
(သွားတှောလေးဆယ် စွယ်တှောမြတ်လေးဆူ)2
(ဖြူဖြူရွရွ အရပ်တှောတို့မှ မြတ်စွာဘုရား ကျက်သရေ အဂဿင ီရသဿသ ဘွဲ့ထူးခြွေ)
(စိန်စစ် စိန်သွေး ဖြူဖွေးတောက်ပြောင် စိန်သားတောင်ကြီးကဲ့သို့ ဝိရောနနဿဒီ ဘဝင်ကြည်နူးလှ ရွှင်မြူးတက်ကြွ ဘက်မမျှ ရောင်ခြည်တှော)2
(ရွှေကိုယ်တှောမှ ရှုချိန်မျှော)2
ဗမုကနဿတရေ မျက်မှောင်ဦးမှ ဥုဏဿဏလုံ မွေရှုင်မြူး-မြူးလေသှော

ထိုသို့ ရေးပြီးနောက်မှာ ဆရာတင်ဟာ ရွာစားစိန်ဗေဒါ အိမ်သို့ သွားကာ ထိုသီချင်းနဲ့ သွားကန်တော့ ပါတယ်တဲ့။ အဲဒီအချိန်မှာ စိန်ဗေဒါနဲ့အတူ မြန်မာညွှန့် ဦးချစ်မောင်လည်း ရှိနေပါတယ်။ ဆရာတင်က အဲဒီသီချင်းကို သီဆို ကန်တော့တဲ့အခါ အဆိုပါ ပညာရှင်ကြီးတွေဟာ ကြမ်းပှေါကနေ နာယူကြပါသတဲ့။ သီချင်းသံအပြီးမှာ ဆရာကြီး နှစ်ဦးစလုံးဟာ မျက်ရည်အဝဲသားနဲ့-

“ဪ မောင်တင် မင်းဟာ အရက်လေး တမြမြနဲ့ ဆိုတော့ မင်းအတွက် စိတ်ပူနေရတယ်။ အခုတော့ မင်းရေးထားတဲ့ စွယ်တှောကြိုး သီချင်းကတော့ဖြင့် မင်းသေသွားလည်း ထာဝရ ကုသိုလ်တွေ ရနေရှာတော့မယ်။ ထူးမခြားနား သီချင်းခန့် ပြီးရင်တော့ အပိုဒ်တိုတိုနဲ့ ခရီးရောက်တဲ့ သီချင်းတစ်ပုဒ် ပါပဲကွယ်” ဆိုပြီး လှိုက်လှိုက်လှဲလှဲ ပြောကြပါတယ်။

ထိုနေ့က နန်းတှောရှေ့ဆရာတင်ဟာ ဒီစွယ်တှောကြိုး သီချင်းနဲ့အတူ အရက်တစ်ရက် မသောက်သုံးဘူး ဆိုတဲ့ ကတိကို ဆရာများထံမှာ လှူဒါန်းခဲ့ပါတယ်။ ဆရာတင် ရေးခဲ့တဲ့ သီချင်းမှာ အခုဆိုနေကြတဲ့ “မြတ်ဘုရား နိဗဿဗာန် စံခန်းယူ တေဇောဓါတ် ကျွမ်းလောင်တှောမူ” ဆိုတဲ့ အပိုဒ်မပါခဲ့ဘူးလို့ ကိုယ်တိုင် ကူးယူခဲ့တဲ့ သားဖြစ်သူ ရွှေနန်းတင်က ပြောပါတယ်။


ကိုးကား။ ။ငွေတာရီ မဂဿဂဇင်း၊ အမှတ် ၄၄၁၊ ဧပြီ။ ၁၉၉၇
Tags: Sayar Tin , Knowledge

No response to “စွယ်တှောကြိုး”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz