Friday, April 7, 2006

နတ်သျှင်နောင်

နတ်သျှင်နောင်


တပ်တှောဦးဆီ မျှောလိုက်ပြန်တော့ ရဲတံခွန်တွေ လေကစား ကြွားတလူလူဝေ၊ တပ်ဦးဆီ မျှောလိုက်ပြန်တော့ တံခွန်တွေ အလံတွေ ရဲမာန်ပွားလောက်ပေ။

သေပစေ ရင်ကိုမြေကတုတ် မဆုတ်မတွန့် မရွံ့တဲ့သူတွေ သတဿတိပြောင် ထောင်ထောင် မောင်းမောင်း သူရဲကောင်းတို့ လကဿခဏာညီပေ မြင်းသည်တှောတွေ ဆင်သည်တှောတွေ မြင်းကတုတ် ဆင်ကတုတ် ကတုတ်တာဝေ အစောင့်အနေ စီမံဗိုလ်ခြေ စစ်ဆင်တွေ တသီတတန်း စစ်စခန်းချရာမြေ။

တောင်ကညို ပြိုတော့မယ် မှိုင်းမှိုင်းမှုန်ဝေ မိုးသက်တွေ လေဝှေ့လို့ တရွေ့ရွေ့ ယူသလေ တိမ်ဦးလေပြေ လွမ်းငွေ့တွေဝေ၊ ဖှောမစုံကျွမ်း လွမ်းစိတ်တွေပွေ ချစ်တဲ့သူ ဓါတုကလျာဆွေ လွမ်းရတဲ့ဖြစ်အင် ထင်မြင်မိစေတဲ့ ဘုရားတိုင် စစ်ချီရတုတွေ ရေးလို့ ဪ ကျေးငှက်ကို စေလိုစေ ဖြေလည်းငယ်ဖြေ ပြေပါနိုင်ပဲ စစ်ထွက်ဆဲ တောင်ငူ ဘုရင်မှာလေ လွမ်းစာတွေရွှေပေထက်မှာ တင်ရှာပေ။

သဖြန်။ ။ ပှေါနွေလလျှင်၊ တောင်ကခြိမ့်မြူး၊ မင်းလွင်ဦးနှင့် ပျံ့ပြူးခြုံသိုင်း မုန်တိုင်းဆင်လို၊ တိမ်ညိုမှိုင်းထပ်၊ ပြက်လျှပ်ပြကာ၊ စိမ်းဝါမိုးပန်း၊ ထွေထွေစွန်းက၊ ရေသွန်းသာကြည် ပျှောရမည်ကို၊ မြရည်သတ်မှတ် ရောက်ခဲလတ်ဟု၊ ချစ်ထွတ်တင်သည်၊ ပြာစင်ရွှန်းလတ်၊ ဖြူဝင်းမွှတ်လျှင်၊ ကြာညွတ်ဖယောင်း နေရှိန်ပြောင်းသို့၊ ဆင့်လောင်းလွမ်းဝှန်၊ ရှိလိမ့်ဟန်ကို၊ တိမ်စွန်လေလျှင်၊ ဖူးရောက်ချင်သည်။ ။ ငှက်သွင်ပျံကြွ မတတ်သှော။

ပိတောက်တွေ ရွှေအရည် လူးမယ့်အခြေ၊ ပုလဲငုံ စံပယ်ဖြူ ဖူးခိုက်ဝေဝေ။

ပန်းမျိုးစုံရာသီကုန်ကူးခဲ့ပေါ့လေ၊ ချစ်သူကို ရည်စူး ခူးတယ်လို့ချွေ။

ကိုယ်တိုင် လှရာရာ ရွေးလို့ ပန်မပေးရ ဆံမြညှာကေ စစ်မြေမှာ ကြာညောင်းရက်ရှည် ရောက်မယ်အထင်နဲ့ မျှောတဲ့သူ ပူဗျာပွေ တတွေးတွေး ဆွေးရှာရော့မယ်လေ။

တောင်ကညို ပြိုတော့မယ် မှိုင်းမှိုင်းမှုန်ဝေ မိုးသက်တွေ လေဝှေ့လို့ တရွေ့ရွေ့ ယူသလေ တိမ်ဦးလေပြေ လွမ်းငွေ့တွေဝေ၊ ဖှောမစုံကျွမ်း လွမ်းစိတ်တွေပွေ ချစ်တဲ့သူ ဓါတုကလျာဆွေ လွမ်းရတဲ့ဖြစ်အင် ထင်မြင်မိစေတဲ့ ဘုရားတိုင် စစ်ချီရတုတွေ ရေးလို့ ဪ ကျေးငှက်ကို စေလိုစေ ဖြေလည်းငယ်ဖြေ ပြေပါနိုင်ပဲ စစ်ထွက်ဆဲ တောင်ငူ ဘုရင်မှာလေ လွမ်းစာတွေရွှေပေထက်မှာ တင်ရှာပေ။


တေးရေး။ ။ မြို့မငြိမ်း
တေးဆို။ ။ ပြည်လှဖေ
မှတ်ချက် ။ ။ ကျွန်တှော အနှစ်သက်ဆုံး သီချင်းတစ်ပုဒ် ဖြစ်ပါကြောင်း။

Tags : Myo Ma Nyein , Pyi Hla Phe , Nat Shin Naung , Song

2 Responses to “နတ်သျှင်နောင်”

june said...

ကျေးဇူး..ကိုညီလင်းဆက်...
သီချင်းကမတင်ထားတာလား...ဖွင့်မရတာလားမသိဘူး...
ဒီသီချင်းအရမ်းနားထောင်ချင်လို့ လိုက်ရှာနေတာ...ခုစာသားတွေ့ ပြီ..
သီချင်းဆက်ရှာလိုက်အုံးမယ် ... :)

Chan Myae said...

http://www.mediafire.com/?ce9eoi7u7g757cp

နတ်ရှင်နောင် - ပြည်လှဖေ

Monster Of Rock @ padonma.com

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz