Monday, April 10, 2006

ပန်းပွင့်နှင့်လူ

ပန်းပွင့်နှင့်လူ


ထိုရက်များတွင် သူငြိမ်းနှင့်လည်း မတွေ့ဖြစ်။ မတွေ့ချင်သဖြင့် ငြိမ်းလာတတ်သော အချိန်များတွင် အခန်းမှ တမင်ရှောင်ထွက် နေခဲ့သည်။ ငြိမ်းကသူ့ကို တွယ်တာတာဟာ လိုအပ်တာထက် ပိုနေသည်ဟု သူယူဆ နေသည်။ ဤတွယ်တာမှုက သူ့ကို ဘယ်လိုမှ မဝါးမျိုနိုင်ဘဲ ငြိမ်းကိုသာ တစ်နေ့တွင် ဟုတ်ခနဲ တောက်လောင် စေလိမ့်မည်။


“အစ်ကို့ မျက်လုံး အေးစက်စက် တွေထဲမှာ တစ်လောကလုံးကို အနိုင်ယူထားတာ တွေ့နေလျက်သားနဲ့ ဘာလို့ တစ်ဝက်ပဲ ပြုံးနေရ တာလဲဟင်” ဟု ငြိမ်းတစ်ခါက မေးဖူး၏။ သူက ပြုံးပြန်တော့ “အစ်ကို နှုတ်ခမ်း တွန့်တွန့် လေးတွေက ဒီလိုပြုံးတာပဲ လှပါတယ်။ မပြင်ပါနဲ့တော့ အစ်ကိုရယ်”ဟု တောင်းပန် ပြန်သည်။ ကိုယ်ဟာ ဘဝမှာ ဘာကိုမှ အနိုင်မယူချင်သလို ဘာကိုမှ အရှုံးမပေးချင်သူဖြစ်တာ ငြိမ်းသိဖို့ရာ မလွယ်၊ ရူးဆိုး၏ စကားတစ်ခွန်းကို သူ သဘောကျခဲ့သည်။ “ကျုပ်ဟာ ကျုပ်တွေ့ဖူးတဲ့ ဘယ်သူနဲ့မှ မတူအောင် ဖန်ဆင်းထားတဲ့ လူတစ်ဦးပါ။ ကျုပ်က ပိုမကောင်းရင်သာ ရှိရမယ်၊ သူများနဲ့ မတူတာတော့ အမှန်ပါပဲ”တဲ့။ “ကိုယ်ဟာ တစ်ခါတုန်းကတော့ လူတွေကို ချစ်ဖို့ ကြိုးစားခဲ့ ဖူးသေးတယ်လို့ ထင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်က လူတွေဟာ အနှစ်သာရ မရှိတဲ့လူတွေ ဖြစ်နေတာပဲ တွေ့ရတယ်။ တကယ်တော့ ကိုယ်ဟာ လူတောထဲမှာနေပြီး လူငတ်နေတဲ့ လူတစ်ယောက်ပါ ငြိမ်း

“အစ်ကိုဟာ တှောတှော နေနိုင်တဲ့လူ၊ ပန်းပင်ကိုတောင် ရေမှန်မှန် လောင်းဖှောမရဘူး” အခုလည်း သူ့အခန်းမှာ ရှိသည့် တစ်ခုတည်းသော ပန်းအိုးကလေးကို ဂရုတစိုက် ရေလောင်းရင်း ခုတင်ပှေါတွင် ပျင်းရိပျင်းတွဲ လဲလျောင်းနေသော သူ့ကိုကြည့်ကာ အပြစ်ဖို့နေသည်။ ဤပန်းအိုးကလေး တစ်လုံးမှာလည်း ငြိမ်းဝယ်လာခြင်း ဖြစ်သည်။ နဂိုက သူ့အိမ်အတွက် ဝယ်လာတာ ဆို၏။ မင်းဝေအခန်းကို ဝင်ရင်း အပြန်မှာ မေ့ကျန်ခဲ့လေသည်။ နောက်အခေါက် များတွင်လည်း ယူမသွားဖြစ်တော့။ အစ်ကိုနဲ့ ထိုက်တန်လို့ရတာ၊ အစ်ကို့အခန်းမှာပဲ ထားတော့ဟု ဆိုသည်။ သူ့ပန်းပင်ကလည်း ပန်းပင်ဟုသာ ပြောသည်။ အပွင့်ပွင့်မည့် ပန်းပင်နှင့်မတူလှ။ သဲကနဿတာရတွင် ပေါက်တတ်သော ရှားဇောင်းပင်လို ဆူးပင်ကြမ်းကလေး တစ်ပင်သာ ဖြစ်သည်။ ငြိမ်းက ထိုအပင်အမည်ကို ပြောသှောလည်း သူ ချက်ချင်း မေ့သွားသည်။ သူက ပန်းပွင့်ဆိုတာ ပန်းရောင်းစား သူများနှင့်သာ ပတ်သက်သော အရာဟု တသမတ်တည်း ထင်ထားသူဖြစ်၏။

ငြိမ်းက ဤပန်းအိုးကို သူ့အခန်းမှာ ထားမည်ဆိုတော့လည်း သူ မကန့်ကွက်ဖြစ်။ သူက ပန်းကိုပင် ရေလောင်းသည်ဆိုသော အဓိပဿပါယ်မဲ့ အလုပ်မျိုးကို လုပ်လေ့မရှိသဖြင့် ဤပန်းပင် မကြာခင်မှာ ခြောက်သွေ့ သေဆုံးသွားလိမ့်မည်ဟု ယုံကြည်ခဲ့သည်။ သို့သှော ဤအပင်က ယခုတိုင်မသေ။ နွမ်းခြောက်ဟန်လည်း မပြ။ သူ့အိမ်ကို တစ်ပတ်နှစ်ခါ သုံးခါ ရောက်လာ တတ်သော ငြိမ်းကတော့ ရောက်တိုင်း ရေလောင်း၏။ ကနဿတာရထဲတွင် ပေါက်သော အပင်မျိုး ဖြစ်သဖြင့် ရေမလိုအပ်လှဘဲ ရှင်သန် နေနိုင်တာလည်း ဖြစ်ချင်ဖြစ်ပေမည်။

“အစ်ကို ငြိမ်းကို မချစ်ဘူးလားဟင်”

သူ့ကို တစ်ခါမှ မမေးခဲ့ဖူးသော မေးခွန်းကို ငြိမ်းက စွန့်စားကာ မေးသည်။ ငြိမ်းအသံမှာ မသိမသာ တုန်ယင်နေသည်။ သူနှင့် ငြိမ်း မျက်လုံးချင်း ဆုံမိကြ၏။ သူကစ၍ မျက်လုံးများကို လွှဲဖယ်လိုက်သည်။ နောက်ဆုံး တစ်ကြိမ်ပဲဖြစ်ဖြစ် သည်တစ်ခါတော့ ငြိမ်းကို အနိုင်ပေးလိုက်ချင်ပါသည်။ ဆုပ်ကိုင်ထားသော ငြိမ်း၏လက်ကို တစ်ချက်မျှ ခပ်ဖွဖွညှစ်ပြီး လွှတ်လိုက်သည်။

“ကိုယ် ဘယ်သူ့ကိုမှ မချစ်ဘူး ငြိမ်း၊ အဲသလို မချစ်မိအောင်လဲ သတိထားပြီး နေတယ်၊ လမင်းကိုဖြစ်ဖြစ်၊ သီချင်းတစ်ပုဒ်ကိုဖြစ်ဖြစ်၊ သတိလက်လွတ်ဖြစ်ပြီး ချစ်မိတာနဲ့ အဲဒီလူဟာ ဒုကဿခနဲ့ ရင်ဆိုင်ရတော့တာပဲ မဟုတ်လား၊ တစ်ခုခုကို ချစ်မိရင် အဲဒါကို ပိုင်ဆိုင်ချင်လာတယ်။ ပိုင်ဆိုင်ရတော့ လောဘဖြစ်တယ်၊ မပိုင်ဆိုင်ရတော့ ဒေါသဖြစ်တယ်၊ မခိုင်မြဲတဲ့ တရားလွှမ်းမိုးနေတဲ့ ဒီလောကကြီးထဲမှာ ကိုယ်ကတော့ အရာရာကို သဘာဝအတိုင်းပဲ ရှိစေချင်တယ်။ တစ်ခုခုနဲ့ တစ်ခုခု၊ ဒါမှမဟုတ် တစ်စုံတစ်ရာနဲ့ တစ်စုံတစ်ရာ တွေ့ထိတာလဲ သဘာဝပဲ၊ ကင်းကွာတာလဲ သဘာဝပဲ၊ ထိရင်လဲ ထိတဲ့အတိုင်း၊ ကွာရင်လည်း ကွာတဲ့အတိုင်း ရှိပါစေ၊ သဘာဝကို မလွန်ဆန်မိစေနဲ့၊ သဘာဝကို လွန်ဆန်မိတာနဲ့ အရှုံးနဲ့ အနိုင်ဆိုတာ ဖြစ်ပှေါလာတော့မှာပဲ၊ အဲဒီအရှုံးနဲ့ အနိုင်ဆိုတာ စိတ်ခံစားမှုအရသာ ကွဲပြားတယ်ထင်ရပေမယ့် အဓိပဿပါယ်နဲ့ အနှစ်သာရကတော့ အတူတူပါပဲ ငြိမ်းရယ်”

အောင်ဖေညွန့်တို့ လင်မယား ထမင်းပွဲပြင်ပြီး သူ့ကို စောင့်မျှောနေသော အချိန်တွင် မင်းဝေသည် သူ့အခန်းကို ရောက်နေကာ ခုတင်ပှေါတွင် အေးအေးလူလူ လှဲလျက်ရှိ၏။ ဘယ်တုန်းက ပွင့်ခဲ့သည်မသိ။ သူ သတိမထားမိဘဲ ဆူးကြမ်းပင်တွင် လက်သည်းခန့်ရှိသော ပန်းဖြူဖြူ ကလေးတစ်ပွင့် အားကုန်ပွင့်၍ နေလေသည်။

အပြည့်အစုံ ဖတ်ရှုရန် [ Click ]


သစဿစာနီ
အခြားသောအရာများနှင့်လူ စာအုပ်မှ

Via : Planet Book Corner
Tags : Thit Sar Ni , Essay

No response to “ပန်းပွင့်နှင့်လူ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz