Wednesday, April 26, 2006

အတွေ့အကြုံဟာ အကောင်းဆုံး ဆရာ

မနေ့ညက တိဘက် ဒလိုင်းလားမားနဲ့ ဟင်နရီဆိုတဲ့ တောင်တက် သမားတစ်ယောက်အကြောင်း ရိုက်ထားတဲ့ 7 Years In Tibet ဆိုတဲ့ကားကို ကြည့်လိုက်ရတယ်။ အကြာကြီးပဲ။ အဲဒီကားပြီးတော့ ဘာမှန်းမသိတဲ့ အသိစိတ်တစ်ခု ကျွန်တှော့စိတ်ထဲမှာ ဖြစ်သွားတာ သိလိုက်ရတယ်။ ဘာမှန်းတော့ မသိဘူး။ မှန်လား မှားလားလည်း ကျွန်တှောမသိဘူး။ ဘရက်ပစ်ဒ် သရုပ်ဆောင်သွားတာ ကောင်းတယ်။ သူဟာ တောင်တက်ရတာကို ခုံမင်လွန်းတဲ့သူ တစ်ယောက်အဖြစ် သရုပ်ဆောင်သွားတယ်။ တောင်ထိပ်ပှေါရောက်ပြီး ပတ်ဝန်းကျင်ကို အေးအေးလူလူ ထိုင်ကြည့်နေတဲ့ အခန်းကို တွေ့ရချိန်မှာ ကျွန်တှောဟာ သူ့လောက် တစ်စုံတစ်ခု အပှေါမှာ ခရေဇီ မဖြစ်သေးတာကို သိလိုက်တယ်။ ခုတလော သင်ခန်းစာ ရတာတွေ အများကြီးပဲ။ အရင်တုန်းက အခါခါဖတ်လည်း နားမလည်တဲ့ စာတွေ အနည်းငယ် နားလည်လာတယ်။ ဆင်းရဲစုတ်ပြတ် လွန်းတဲ့ ကုလားလေးတွေ ကိုကြည့်ပြီး ဒီကမဿဘာကြီးမှာ ကိုယ့်ထက် ဘဝပေး ကုသိုလ်ကံ မကောင်းတဲ့သူတွေ၊ သနားစရာကောင်းသူတွေ အများကြီးပါလားလို့ ထူးထူးခြားခြား အသိစိတ် ဝင်လာတယ်။ အဲဒီအသိစိတ်ဟာ စာဖတ်လို့ရတဲ့ အသိစိတ်မျိုး မဟုတ်ဘူး။ ဦးနှောက်ထဲမှာ လက်ခနဲ ဖြစ်ပြီး ရသွားတဲ့ အသိစိတ်မျိုးလည်း ဖြစ်တယ်။ ကျွန်တှောဟာ လောကမှာ တန်ဖိုးမဲ့ လူသား တစ်ယောက်တော့ မဟုတ်ဘူး။ အနည်းဆုံး အဲဒီလိုလူတွေကို ကူညီပေးနိုင်တယ်ဆိုတဲ့ ကိုယ့်ကိုကိုယ် တန်ဖိုးထားစိတ်လေး အနည်းငယ် ဝင်လာမိတယ်။ အတွေ့အကြုံဟာ အကောင်းဆုံး ဆရာပဲ။ တိုးတက်ချင်စိတ်ကိုတော့ မွေးမြူဖို့ ကြိုးစားရဦးမယ်။

တဆက်တည်း ဟိုးအရင်က ဖတ်ခဲ့ရတဲ့ သုခမြို့တှောဆိုတဲ့ စာအုပ်ကို သွားသတိရတယ်။ အရင်တုန်းကတော့ စာကိုပဲ ဖတ်ခဲ့ရတယ်။ အခုတော့ လူတွေကို ကိုယ်တိုင် မြင်ရပြီ။ တံလျှပ်တွေ ထနေတဲ့ နေပူကျဲကျဲမှာ သုခမြို့တှောသားတွေဟာ အလုပ်လုပ်နေကြရတယ်။ သူတို့ကိုယ်ကနေ အှောဂလီဆန်စရာ ကောင်းတဲ့ အညှီနံ့တွေ ထွက်နေတယ်။ သူတို့ သောက်နေတဲ့ ရေဟာ ကြောက်မက်ဖွယ် ရွံရှာဖို့ကောင်းတယ်။ သူတို့ဘဝမှာ အရှက်အကြောက် တရားထက် အသက်ရှင်သန်ဖို့ အရေးကြီးလေတော့ သူတို့ဟာ လူရှေ့သူရှေ့မှာလည်း အပေါ့အလေးစွန့်ဖို့ ဝန်မလေးကြဘူး။ မာသာထရီဇာဟာ ဘယ်လို စိတ်ဓါတ်နဲ့များ ဒီလိုလူတွေကြားထဲမှာ နေနိုင်ခဲ့သလဲ။ ဘယ်လို စိတ်ထားနဲ့များ သူတို့ရဲ့ ရွံရှာဖွယ် ကိုယ်ခနဿဓာတွေကို ကိုင်တွယ် ဆေးကြော ကုသမှု၊ ကြင်နာမှုတွေ ပေးခဲ့လဲ။ ကျွန်တှော လေးလေးနက်နက် ဂုဏ်ယူမိပါရဲ့။ ဒါဟာ သာမန်လူမပြောနဲ့ လူတစ်သန်းမှာ တစ်ယောက် မလုပ်နိုင်တဲ့ မဟာဂရုဏာ တရားလည်း ဖြစ်ပါတယ်။ ဘာသာတိုင်းက ညွှန်ကြားထားတဲ့ ဂရုဏာတရားနဲ့ မေတဿတာစိတ်ကို လက်တွေ့ လုပ်သွားနိုင်ခဲ့တယ်။ ရှေးရိုးစွဲ ဘာသာရေး ဝါဒီတွေဆို ဘာပြောကြမလဲ။ ကိုယ်နဲ့ ယုံကြည်ရာ ဘာသာမတူလို့ သူမ အယူလွဲမှားနေတယ် ဆိုပြီး အပါယ်ကျနေမယ်လို့ ပြောကြမလား။ ကျွန်တှော လက်မခံဘူး။ သူမဟာ တရားထက် အလုပ်ကို လုပ်သွားသူ ဖြစ်လို့ ဘယ်ဘာသာ ဖြစ်နေပါစေ စိတ်ရဲ့ ငြိမ်းချမ်းခြင်း ရှိတဲ့ ဘုံဘဝ တစ်ခုကို သေချာပေါက် ရရှိလိမ့်မယ်လို့ ကျွန်တှော ယုံကြည်နေမိပါတယ်။

Tags : NLS , Diary

No response to “အတွေ့အကြုံဟာ အကောင်းဆုံး ဆရာ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz