Saturday, April 22, 2006

အချက်အခြာကျတဲ့ မြန်မာပြည်

ဒီနေ့ အင်တာနက်မှာ အာဆီယံက မလေးရှားဝန်ကြီး ပြောနေတာတွေ ဖတ်ပြီး ထိုင်စဉ်းစားနေမိတယ်။ ဒီလူကြီးက ဗလောင်းဗလဲ သိပ်ပြောတတ်တယ်။ ပထမ မြန်မာပြည်က ပြန်လာခါစက သူ့ခရီးစဉ် အောင်မြင်ပါတယ်တဲ့။ ခဏကြာတော့ မအောင်မြင်ဘူး ဖြစ်သွားပြန်ရော။ သေချာ လေ့လာကြည့်ရင် အာဆီယံမှာ မြန်မာ့အရေးကို ရေးကြီးခွင်ကျယ် ဆွေးနွေးနေ စိုးရိမ်နေကြတာ ၂ နိုင်ငံ ရှိတယ်။ မလေးရှားရယ်၊ စကဿငာပူရယ်။ ကျန်တဲ့ နိုင်ငံတွေကတော့ သိပ်ဂရု မထားပါဘူး။ ထိုင်းနဲ့ အင်ဒိုလည်း နဲနဲတော့ ပါမယ်။ ဘာဖြစ်လို့ အသဲအသန် လိုက်စွက်ဖက် နေကြတာလဲ စဉ်းစားကြည့်ရင် စီးပွားရေး အဓိက ဆိုတာ တွေ့ရပါတယ်။

မြန်မာပြည်ဟာ ပထဝီ တည်နေပုံအရ အဲဒီ နိုင်ငံတွေ အတွက် အတှောလေး အရေးပါတယ်။ တရုတ်ရဲ့ အကျယ်အဝန်းနဲ့ ဈေးကွက်ဟာ အများကြီး ရှိတယ်။ အနောက်နိုင်ငံတွေက ကုန်စည်တွေဟာ မလကဿကာ ရေလက်ကြားကို ဖြတ်ပြီး အရှေ့ကမဿဘာခြမ်းကို ပို့ကြရတယ်။ စကဿငာပူနဲ့ မလေးရှားက ကြားထဲကနေ ထရန်စစ် ကုန်သေတဿတာ ဆိပ်ကမ်းတွေ လုပ်ပြီး အကျိုးအမြတ် ရှာတယ်။ အဲဒီလုပ်ငန်းဟာ စကဿငာပူအတွက် အဓိက စီးပွားရေးလည်း ဖြစ်တယ်။ သဘေဿငာတွေဟာ ကြားခံအဖြစ် စကဿငာပူနဲ့ မလေးရှားမှာ ကုန်တွေကိုချ၊ အဲဒီကမှ တဆင့်ပြန်ဖြန့်ကြတယ်။ ကုန်သေတဿတာတင် သဘေဿငာတစ်စီးရဲ့ အမြန်နှုန်းဟာ တစ်နာရီ မိုင် ၂၀ နှုန်းရှိတယ်။ အိနဿဒိယရဲ့ အောက်ဖက် အစွန်းကနေ မလကဿကာ ရေလက်ကြားကို ဖြတ်ပြီး တရုတ်ပြည် ပီကင်းကို တိုက်ရိုက် ကုန်ပို့မယ်ဆိုရင် ခရီးမိုင်ပေါင်း ၅၆၅၃ မိုင်လောက် ခုတ်မောင်းရတယ်။ တကယ်လို့များ မြန်မာပြည်ကနေသာ တိုက်ရိုက် ဖြတ်လို့ ရမယ်ဆိုရင် ခရီးမိုင်က ၃၆၀၀ ကျှောကျှောပဲ ရှိတယ်။ မိုင် ၂၀၀၀ ကျှော သက်သာမယ်။ အဲဒီအပြင် ပီကင်းကိုသာ မကဘဲ တရုတ်ပြည် အလယ်ပိုင်း အနောက်ပိုင်း အားလုံးနဲ့၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမေဿဗာဒီးယား တို့ကိုပါ ဖြန့်ချီနိုင်မယ်။ ကုန်ကျစရိတ် အများကြီး သက်သာနိုင်တယ်။

ပြီးတော့ မလကဿကာ ရေလက်ကြားက ပင်လယ်ဓါးမြ အနဿတရာယ် လည်းရှိသေးတယ်။ ပင်လယ် ဓါးမြတွေဟာ အဲဒီရေလက်ကြားမှာ အမြန်ရေယာဉ်လေးတွေနဲ့ အနဿတရာယ် ပြုနေတာ တှောတှောကြာပြီ ဖြစ်တယ်။ တချို့ဆို သဘေဿငာတစ်စင်းလုံးကို အပိုင်စီးကြတယ်။ လူတွေကို သတ်ပစ်ကြတယ်။ ဒီပြသဿသနာဟာ သဘေဿငာတိုင်း အဓိက ရင်ဆိုင်ကြရတဲ့ ပြသဿသနာပါ။ ပင်လယ်ဓါးပြတွေ အပိုင်စီးခံရတဲ့ သဘေဿငာဟာ ပြန်ရဖို့ လုံးဝ မလွယ်ကူပါဘူး။ ဒါကြောင့် သဘေဿငာတိုင်းဟာ မလကဿကာ ရေလက်ကြားကို သတိအရမ်းထားကြသလို ကြောက်ရွံ့ကြပါတယ်။

ကျွန်တှောတို့ မြန်မာပြည်ကသာ ပုသိမ်လို နေရာမျိုးမှာ ရေနက် ဆိပ်ကမ်းဆောက်ပြီး တိကျ ကျယ်ပြန့်တဲ့ ကုန်စည် ဝန်ဆောင်မှု ပေးနိုင်ရင် မလေးရှားနဲ့ စကဿငာပူ ဒုကဿခေရာက္မွာ ဖြစ်ပါတယ်။ သူတို့ စီးပွားရေး သိသိသာသာကြီး ကျသွားမှာ ဖြစ်ပါတယ်။ မြန်မာနဲ့ ထိုင်းသာ အဆင်ပြေရင် အဲဒီနိုင်ငံတွေ ခေါင်းတောင် ထူနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သူတို့တွေအနေနဲ့ မြန်မာနဲ့ ထိုင်း ဦးမော့သွားမှာ ပေါင်းစည်းသွားမှာကို မလိုလားဘူးလို့ မြင်မိပါတယ်။ သက်ဆင် လက်ထက်မှာ မြန်မာနဲ့ ထိုင်းဟာ အတှောပြေလည်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီအစီအစဉ်သာ အောင်မြင်ခဲ့ရင် မြန်မာဟာ အရှေ့တောင် အာရှမှာ အရေးပါတဲ့ အချက်အခြာ ဆိပ်ကမ်းတစ်ခု၊ ဈေးကွက်တစ်ခု ဖြစ်လာမှာပါ။

ဒါပေမယ့် ဒီလို ဆိပ်ကမ်းမျိုး ဖြစ်ဖို့ရာ မြန်မာတွေ အနေနဲ့ စကဿငာပူဆိပ်ကမ်းလို တိကျ မြန်ဆန်တဲ့ ဝန်ဆောင်မှုမျိုး ပေးနိုင်ဖို့ လိုအပ်သလို၊ ယုံကြည်မှု ရှိဖို့လည်း လိုအပ်ပါတယ်။ မြန်မာနိုင်ငံကို ခေတ်မီတဲ့ နိုင်ငံ ဖြစ်အောင် လုပ်မယ်ဆိုရင် အရှေ့တောင် အာရှမှာ ဒီနိုင်ငံတွေရဲ့ ရေကြောင်းအရေးပါမှုကို ဦးနှိမ်ပြီး အဲဒီအခွင့်အရေးကို အပြည့်အဝ အသုံးချ နိုင်ဖို့ လိုအပ်တယ်လို့ စဉ်းစားနေမိပါတယ်။ တခြားနိုင်ငံတွေ အနေနဲ့ စီးပွားရေး အမြင်နဲ့ ကြည့်ရင် မြန်မာပြည်မှာ ပြေပြေလည်လည်နဲ့ စည်းလုံးညီညွတ်နေမှာထက် ပြည်တွင်းရေး အကျပ်အတည်း ဖြစ်နေတာကို ပိုပြီးလိုလား နေလိမ့်မယ်လို့ ထင်မြင်နေမိပါတယ်။ ဒါကတော့ ကျွန်တှော့ အမြင်သက်သက်ပဲ ဖြစ်ပါတယ်။

Tags : Myanmar Economic , Chaos





No response to “အချက်အခြာကျတဲ့ မြန်မာပြည်”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz