Friday, April 21, 2006

မြန်မာ့စိတ်ရင်းမြန်မာ့ရှုခင်း

မြန်မာ့စိတ်ရင်းမြန်မာ့ရှုခင်း
ဝင်းဦး

(တရောင်တည်းမခြယ်အရောင်ဝဲလည်
တောနဲ့ တောင်စွယ် လယ်ယာတလင်း
ရှုခင်းတွေကစုံလင်ပေတယ်
ရှေးမူမပျက်တယ်ဆေးကူချက်ကယ်
စိမ်းမြမြယိမ်းကသလိုနှယ်
ပင်အိုပင်ပျိုတို့အလယ်
ရှုလေချစ်သော ခရီးသည်) ၂

စေတီပုထိုး ဂူအမျိုးမျိုး
တို့ဘိုးဘွားတည်ထားပါတယ် ရှေးကာလဝယ်
ရွှေအိုရွှေလှေးရွှေကိုယ်လေး
ရွှေသူဌေးတို့ လှူခဲ့ပါတယ် ဝင်းဝါလို့ရယ်

ဘယ်ဧည့်သည် ငေးမဆုံး တွေးမဆုံးဖွယ်
ကုန်းကမူ လေးထက်မယ်
ထုံးဖြူလေးမပြယ့်တပြယ်
တန်ဆောင်းပြသာဒ် ကျောင်းဇရပ်တွေနဲ့
ကောင်းမြတ်မနသီ ရွှင်ကြည်မနော
ရေကြည်ချမ်းမြကာလဝယ်
ညနေညို နှမမေပျို ရေချိုခပ်တယ်
အိုးစည်ဗုံမောင်းချိမ့်ချိမ့်ညောင်းလို့ရယ်


ဘယ်သူတွေဖျက်မပျက်ခဲ့ပါ ဇမဿဗူဒီပါဝယ်
အလှူရေစက်လက်နဲ့မကွာ စေတနာကြွယ်
သဒဿဒါမချို့လေတယ် မြန်မာတို့မြေဝယ်
ပသာဒတွေ မယွင်းမစောင်း
သဘာဝအခြေအဆင်းမပြောင်း
အသင်းပေါင်းကြည့်လေကွယ် ရှုလေကွယ် သိလေမယ်
ဟန်မတင်းမာန်မတင်း
ဖန်ဆင်းသည့်ပရိယာယ် မရှိဖွယ်
လာလောဧည့်သည် ရှုလောဧည့်သည်
ကမဿဘာထုတွင်း ပမာပြုရင်း
မြန်မာရှုခင်း မြန်မာစိတ်ရင်း အရှင်းသိရမယ်။


Tags : Win Oo , Myanmar Song , Myanmar Lyric

No response to “မြန်မာ့စိတ်ရင်းမြန်မာ့ရှုခင်း”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz