Thursday, April 20, 2006

အသိဉာဏ်ဖြင့် စမ်းသပ်ခြင်း


ငယ်ငယ်က ကိုယ့်ကိုကိုယ် ဘာမဆို စိတ်ဓါတ် ပြတ်သားသည်ဟု ထင်မိသည်။ ဒီလိုနဲ့ ဆေးလိပ် သောက်မိလာသည်။ ပထမတော့ ထိုသို့ သောက်မိသှောလည်း မစွဲလမ်းလှ။ သောက်ချင်ရင် သောက်သည် မသောက်ချင် နေနိုင်သည်။ ဆေးလိပ် သောက်တော့ ကျန်းမာရေး ထိခိုက်လာသည်။ ပိုက်ဆံကုန်သည်။ ဘာမှတော့ အကျိုးမထူး။ ဒါပေမယ့်လည်း ကိုယ်နှင့် စိတ်တူကိုယ်တူ သူငယ်ချင်း မရှိသောအခါ ဆေးလိပ်သောက်ဖြစ်နေသည်။ နောက်တော့ ဆေးလိပ်ကို ဖြတ်ဖို့ ခက်ခဲသွားသည်။

အကြောင်းတစ်ခုကြောင့် (-)ဟုခှေါသော အရာကို ဆေးလိပ်နဲ့ ရောပြီး စမ်းကြည့်ဖူးသည်။ ကြောက်ဖို့ကောင်းသည်။ (-)တွင် စိတ်ချုပ်ထိန်းနိုင်မှုကို နည်းစေသော အစွမ်းရှိသည်။ တချို့က အသံတိုးတိုးလေးကို အကျယ်ကြီး ကြားကြသည်။ တချို့က အသံ အကျယ်ကြီးကို တိုးတိုးလေး ကြားကြသည်။ အူရွှင်သည်။ စိတ်သည် မူမမှန်တော့။ ထိုအရာတောင်မှ ဒီလောက်ဖြစ်လျှင် တခြားအရာများကို စမ်းစရာ မလိုတော့။ လူ့လောကတွင် ချေး ဆိုသည့် အရာတိုင်း နံသည်။ အနံ့ကို ရနေတာတောင် ကောင်းမကောင်း အရသာ စမ်းစားကြည့်လျှင် ထိုသူသည် လူမိုက်ဖြစ်သည်။ ကျွန်တှောကတော့ အနံ့လောက်ကိုတော့ ခံဖူးသည်ပေါ့။ အသိဉာဏ်နှင့် တိုင်းတာလျှင် အဆုံးအထိ လိုက်စူးစမ်းစရာ မလိုပါ။ သိနိုင်ပါသည်။ ကျွန်တှောက ၁၀ ရာခိုင်နှုန်းကို စမ်းပြီး ၁၀၀ ရာခိုင်နှုန်းအကြောင်းကို ဉာဏ်နှင့် တိုင်းတာသည် ဆိုပါတော့။

ကျွန်တှောက ဘဝတွင် ထောင်မှတစ်ပါး အရာအားလုံးကို ကြုံဖူးသည်၊ စမ်းဖူးသည်ဟု ရေးလိုက်သည်။ ထိုအရာကို အချို့သော သူများက ဟိုမိုဆက်ရော ကိုယ်တိုင်စမ်းပြီးလို့ မကြိုက်တာလားဟု မေးပါ၏။ ကျွန်တှောတို့ သူငယ်ချင်းများထဲတွင် ခြောက်နေသူ ၂ ဦးခန့် ရှိသည်။ ထိုသူများသည် ယောက်ျားလေးများ အချင်းချင်းဆိုလျှင် ပူးပူးကပ်ကပ် နေတတ်သည်။ ပလူးပလဲ လာဆက်ဆံ တတ်သည်။ သူတို့ စိတ်ထား ဆန်းကြယ်မှုများမှာ ထူးထွေ အတိ ဖြစ်သည်။ သူငယ်ချင်း အရင်းများကိုတောင် ဒီလိုဆက်ဆံလျှင် သူတို့အချင်းချင်း ဆိုလျှင် မည်သို့ ဆက်ဆံလေမည်နည်း တွေးကြည့်ပါ။ သူတို့၏ အပြုအမူ ဆက်ဆံပုံများသည် တဖက်သား သူငယ်ချင်းများကို လွန်စွာမှ အနှောက်အယှက်ပေးသည်။ ဒီလို သူငယ်ချင်း အရင်းများကို တွေ့နေရသည်။ မြင်နေရသည်။ သူတို့အကြောင်း သိနေရသည်။ ထိုထက်ပို၍ သိစရာ လိုမည် မထင်ပါ။ စဉ်းစား ကြည့်ရုံမျှဖြင့် သူတို့၏ သဘာဝနှင့် မကိုက်ညီသော အကြောင်းအရာများ အပြုအမူများ လုပ်ရပ်များ ဆိုးကျိုးများကို သိနိုင်ပါသည်။

ဘီယာတွင် အယ်လ်ကိုဟောလ် ၆% မှ ၁၂% လောက်အထိ ပါသည်။ ဝီစကီတွင် ထိုထက် ပို၍ ပါသည်။ ချက်အရက်တွင် ထိုထက် ထိုထက်ပို၍ ပါသည်။ ဘီယာသောက်လို့ မူးတယ်ဆိုလျှင် ချက်အရက် သောက်လျှင် သေချာပေါက် ပို၍ မူးပါလိမ့်မည်။ ကိုယ့်ကိုကိုယ် သောက်ချင်လို့ မဟုတ်ဘဲ မယုံလို့ မူးမမူး သိရအောင် စမ်းသောက်မည် ဆိုလျှင် ထိုသူသည် လူမိုက်ဟု ထင်ပါသည်။ လူတွင်ရှိသော အသိဉာဏ် ဆိုသည်မှာ ပိုင်းခြား ဆုံးဖြတ်နိုင်ဖို့ ရှိနေသော အရာလို့ မြင်မိပါသည် ခင်ဗျား။


Tags : Knowledge

No response to “အသိဉာဏ်ဖြင့် စမ်းသပ်ခြင်း”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz