Tuesday, April 11, 2006

စပွန်ဆာနဲ့ ကြှောငြာ

စကဿငာပူက Mr.Brown နဲ့ Xiaxue ရဲ့ ဘလောခ့်ကို အမြဲ ဖတ်ဖြစ်တယ်။ သူတို့မှာတော့ ဘလောခ့်လုပ်တာ ပိုက်ဆံတွေ ဝင်ငွေတွေ ရလိုက်တာ။ ကိုယ်လုပ်ချင်တာလေးလည်း လုပ်ခွင့်ရ ပိုက်ဆံလည်းရ ဘယ်လောက် ကောင်းသလဲ။ ဟိုလူက စပွန်ဆာပေးလိုက် သူတို့က သူ့ဘလှောခ့်လေးမှာ ကြှောငြာပေးလိုက်၊ ဟုတ်နေတာပဲ။ သူတို့တွေများ IPod လေးရလိုက် Creative Zen လေးရလိုက်၊ ရှီရှဲဒိုး စပွန်ဇာရလိုက်၊ ရုပ်ရှင်လက်မှတ် ပါတီလက်မှတ်တွေ အလကားရလိုက်။ ကျွန်တှောတို့ မြန်မာဘလောခ့်ဂါ များမှာတော့ ကိုယ်သိတာလေး သူများသိပါစေတော့၊ မြန်မာတွေ ခေတ်နောက်မကျအောင် နည်းပညာတွေ၊ သတင်းတွေ၊ သဘောထား လေးတွေ သိပါစေတော့ဆိုပြီး ကိုယ့်ပိုက်ဆံ ကိုယ်အကုန်ခံ၊ ကိုယ့်အချိန်တွေ အကုန်ခံပြီး လုပ်ကြရတယ်။

ပထမဆုံး ဒီဘလောခ့်လေး လုပ်တုန်းကတော့ Google Adsense တွေဘာတွေ ပိုက်ဆံလေး ရမလားဆိုပြီး သုံးသေးတယ်။ နောက်ပိုင်းတော့ ကိုယ့်သူငယ်ချင်းတွေ မျက်စိရှုပ်မှာ စိုးတာနဲ့ ဖျက်ပစ် လိုက်တယ်။ မြန်မာ ဘလောခ့်တွေ တိုးအောင်ဆိုပြီး ကျွန်တှောကတော့ တွေ့သမျှလူကို အားပေးတာပဲ။ မင်းနဲ့ ဘာဆိုင်လို့လဲ ဘယ်သူက တာဝန်ပေးနေလို့လည်း ဆိုရင်ဖြင့် ဘာမှတော့ မဆိုင်ပါဘူး။ ဒါပေမယ့် ကိုယ့်ဘာသာ စကားနဲ့ ရေးထားတဲ့ နေ့စဉ် အကြောင်းအရာ ဗဟုသုတ လေးတွေ ဖတ်ချင်သပေါ့။ မြန်မာဆိုဒ်တွေ ထဲမှာကလည်း နေ့စဉ် အပ်ဒိတ် လုပ်တဲ့ ဆိုဒ်က လက်ငါးချောင်းတောင် ပြည့်တာမဟုတ်ဘူး။ ဘလှော့ခ်ကျတော့ သူက ဒိုင်ယာရီနဲ့ တူတယ်။ ဂျာနယ်နဲ့ တူတယ်။ ကိုယ့်အမြင် သူ့အမြင် ဖလှယ်လို့ရတယ်။ ထောက်ခံလို့ရတယ်။ ကန့်ကွက်လို့ ရတယ်။ နေ့စဉ် မြန်မာစာလေးလည်း ဖတ်ရတယ်။ ကိုယ်က နိုင်ငံခြား ရောက်နေတော့ အဂဿငလိပ်စကားကို ပြောဖြစ်ပါတယ်။ စာအုပ်တွေလည်း ဖတ်ဖြစ်တယ်။ ဒါပေမယ့် ကိုယ့်ဘာသာကို ပြောရတာလောက် တစ်တစ်ခွခွ အားမရလှဘူး။ ဒီတော့ ဒီမြန်မာ ဘလောခ့်လေးတွေကို လိုက်ရှာ ဖတ်ရတယ်။ စာအုပ်ကလည်း ရှားတာကိုး။ အခုဆို မြန်မာဘလှော့ခ်တွေ တှောတှောများလာပြီ။ ပျှောစရာပဲ။ ဇန်ဂါ ဘက်မှာ အမေရိကားရောက် မြန်မာတွေ ဘလောခ့်ဂင်း လုပ်ကြတာ ပိုများပေမယ့် မြန်မာလိုဘလှော့ခ်သူ မရှိဘူး။ ဒါကြောင့် မြန်မာဘလှောခ့်အစ ဘလှော့ခ်ဂါက ဆိုရင် မှန်လိမ့်မယ်။

သတိပြုမိကြလားတော့ မသိဘူး။ ကျွန်တှော့ဆိုဒ်နဲ့ ချိတ်ဆက်ထားတဲ့ လင့်ခ်တွေက ပရိုက်ဗိတ် လင့်ခ်တွေ များပါတယ်။ ကှောမာရှယ်လ် လုပ်တဲ့ လင်ခ့်တွေကို ချိတ်မထားပါဘူး။ ကျွန်တှောလည်း ရေးချင်ရာ ရေးတယ်။ ဒီဘလှော့ခ်က နိုင်ငံရေးဘလှောခ့်၊ စီးပွားရေးဘလှော့ခ်၊ တက္ခေနာှေလာှဂ်ီဘေလာှခ့္၊ လူမှုရေး ဘလှောခ့် မဟုတ်ပါဘူး။ ကျွန်တှော့ရဲ့ ပေါက်တက်ကရ ၈၀ ဘလှောခ့်ပဲ ဖြစ်ပါတယ်။ အဲဒီအတွက် အဲဒါတွေ အားလုံးလည်း ပါနေပါတယ်။ တခါတရံလည်း ကိုယ့်ခံစားချက်တွေ ရေးတယ်။ တစ်ခါတစ်လေလည်း ကိုယ့်အမြင် အတွေးလေးတွေ ရေးဖြစ်တယ်။ ဘာလို့ ဒါကို ရေးနေရတာလည်းဆိုတော့ တစ်နေ့က အီးမေးလ် တစ်စောင် ရပါတယ်။ လူတစ်ဦးက ကျွန်တှော့ဆိုဒ်မှာ သူ့စီးပွားရေး လင့်ခ်ကို ချိတ်ပေးပါတဲ့။ လင့်ခ်ချိတ်တာက အပန်းမကြီးသလို ဘာမှ မဖြစ်ပါဘူး။ ဒါပေမယ့် NonProfit ဆိုဒ် မဟုတ်ဘဲ Commercial ဆိုဒ်ဖြစ်နေတော့ ကျွန်တှော မချိတ်လိုက်ပါဘူး။

အဲဒါအတွက် အကြောင်းနှစ်မျိုး ရှိပါတယ်။ မြန်မာတွေက အလကားရရင် အလကားလို့ ထင်ပါတယ်။ တကယ်ဆို ဝဘ်ဆိုဒ်လောကမှာ Link Exchange ဆိုတာ ရှိပါတယ်။ ယေဘုယျ အားဖြင့်တော့ ကိုယ့်လင်ခ့်နဲ့ သူ့လင့်ခ် အပြန်အလှန် ကြေငြာပေးတဲ့ သဘောပါ။ နောက်တစ်ခုက ကှောမာရှယ် ဆိုဒ်တစ်ခုကို ကိုယ့်လင့်ခ်က Index လုပ်တဲ့အခါ သူ့မှာ ဘယ်လောက် Profit ထွက်သွားလည်း ဆိုတဲ့ အပှေါမှာ မူတည်ပြီး ကိုယ့်ကို ညွှန်းပေးတဲ့ လင့်ခ်ကို ဂရုစိုက်ရပါတယ်။ ဥပမာ ကျွန်တှော့ဆိုဒ်ကနေ လင့်ခ်တစ်ခု ညွှန်းလို့ တစ်ပတ်မှာ လူ၁ဝဝက အဲဒီဆိုဒ်ကို သွားကြည့်တယ် ဆိုပါစို့။ အဲဒီ ၁၀၀ ထဲက ၅ ယောက်က အွန်လိုင်း ထရန်စက်ရှင်း လုပ်တယ် ဆိုပါစို့။ ဒါဆို တစ်လမှာ သူ့အတွက် ဈေးဝယ် ၂၀ တိုးလာပါတယ်။ တစ်ယောက်စီကနေ ၁ ဒှေါလာ အမြတ်ရတယ်ဆိုရင် သူ့ကို ညွှန်းတဲ့ ဆိုဒ်ဟာ သူ့အတွက် တစ်လကို ဒှေါလာ၂၀ ပိုက်ဆံ ရှာပေးနေတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ နိုင်ငံခြားမှာဆို တှောရုံနဲ့ လင်ခ့်ကို မညွှန်းကြပါဘူး။

ကျွန်တှောကတော့ သူငယ်ချင်းတွေ အကျိုးရှိမယ့် ဆိုဒ်ဆို ညွှန်းဖြစ်ပါတယ်။ ကိုယ်နဲ့ ခင်မင်တဲ့ သူငယ်ချင်း အကိုအမတွေရဲ့ ပတ်ဗလစ် ဆိုဒ်ဆို ညွှန်းဖြစ်ပါတယ်။ အခုဆို ဒီဘလောခ့်ဂါကနေ အတွေ့အကြုံသစ် သူငယ်ချင်းအသစ် ၊ အိုင်ဒီယာအသစ်တွေ အများကြီးရပါတယ်။ အကျိုးလည်း ရှိပါတယ်။ အကူအညီလည်း ရပါတယ်။ ကိုယ့်ရည်မှန်းချက် လေးတွေလည်း အထိုက်အလျှောက် အောင်မြင်ပါတယ်။ ကိုယ်ညွှန်းလိုက်တဲ့ ဆော့ဖ်ဝဲလ်အကြောင်း၊ နည်းပညာအကြောင်း၊ စာအုပ်အကြောင်း အခြားလူတစ်ယောက်က ဖတ်ရှု ကြည့်မြင်ပြီး ထပ်တူ အသိပညာ ရတဲ့အခါ ဗဟုသုတရှိတဲ့ ဗမာတစ်ယောက် တိုးလာပါတယ်။ လူ ၅ ယောက် ဖတ်မိရင် လူ ၅ ယောက် တိုးလာပါမယ်။ အဲဒီလို ဖြန့်ဝေပေးနိုင်တဲ့ လူတွေ များလာတဲ့အခါ လက်ခံမယ့်သူတွေ များလာနိုင်ပါတယ်။ အဲဒီအခါ ဘာမှ မသိတာထက်စာရင် အနည်းအကျဉ်း သိခြင်းက ပိုကောင်းမယ်လို့ ထင်မိတာပါပဲ။ ကျွန်တှော့ဆနဿဒတွေထဲမှာ မြန်မာဘလှော့ခ်တွေ များများ ဖြစ်လာစေချင်တဲ့ အကြောင်းကလည်း အဓိက ပါတာမို့လို့ ဒီဆိုဒ်မှာ အများဆုံး မြန်မာဘလောခ့်ဂါတွေကိုသာ ညွှန်းဖြစ်ပါတယ်။ စင်ကာပူ ဘလှော့ခ်ဂါတွေ့လို ခရီရေးတစ်ဗ် ဇန်လေး စပွန်ဆာပေးမယ် သူများ မြန်မာတွေထဲမှာ ဘယ်တော့များမှ ပှေါပါ့မလဲ။ အဲလိုများ ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲနှော။ အားပါးတရကို ကြေငြာပေးလိုက်မယ်။ ကိုယ်မှ မဝယ်နိုင်တာကိုး။ ဖြစ်တော့လည်း မဖြစ်နိုင်ပါဘူးလေ။ ကိုယ့်ဆိုဒ်တောင်မှ Hit ကတစ်ရက်ကို ၂၀၀ မပြည့်တာ။ ဘယ်သူက လာကြှောငြာပါ့မလဲ မောင်မင်းကြီးသားရယ်။

မှတ်ချက် ။ ။ ကျွန်တှော့ ဘလှော့ခ်ကို လင့်ခ် ချိတ်ဆက်ပေးကြသော သူငယ်ချင်းများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း။ ပုံမှန် လည်ပတ်သော ပါဆင်နယ်ဆိုဒ်များ ကျွန်တှော့ဆီမှာ ချိတ်ဆက် နိုင်ပါကြောင်း။ စီးပွားရေး ဆိုဒ်များကိုတော့ ချိတ်ဆက်မည် မဟုတ်ပါကြောင်း။

Tags : Chaos

No response to “စပွန်ဆာနဲ့ ကြှောငြာ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz