Thursday, April 6, 2006

ပညာရှာခြင်းဥပဒေသ


တစ်ချိန်တုန်းက ကျွန်တှော့မှာ အရွယ်အမျိုးမျိုး သူငယ်ချင်းတွေ အများကြီးရှိတယ်။ ကျွန်တှောက သူတို့ကို ချစ်သလို သူတို့က ကျွန်တှော့ကို ချစ်ကြတယ်။ တစ်ချို့တွေက ဆိုးပေမယ့် သူတို့ ကောင်းတဲ့ အပိုင်းတွေ အများကြီး ရှိတယ်။ ကျွန်တှောဟာ သည်းခံတတ်တယ်။ ကိုယ်လိုချင်တဲ့ အသိဉာဏ်တိုးပွားစေမယ့် အရာတစ်ခုအတွက်ဆို အောက်ကျို့ဖို့လည်း ဝန်မလေးပါဘူး။ အဲဒီအတွက် ကျွန်တှော ဗဟုသုတ အများကြီး တိုးလာတယ်။ သူငယ်ချင်း တစ်ယောက်စီကနေ ပညာတစ်မျိုး လောက်ရတယ်။ ကျွန်တှောမတတ်တဲ့ ပညာရပ်တွေဆို အောက်ကျခံပြီး မေးတယ်။ ဒါဟာ ရှက်စရာ မဟုတ်ပါဘူး။ ကိုယ့်အတွက် အကျိုးအမြတ်တွေပဲ ဖြစ်ပါတယ်။ ပထမဆုံး ကိုယ်မသိတဲ့ ဘာသာရပ် အကြောင်းကို အင်တာနက်ကနေ၊ စာအုပ်တွေကနေ လေ့လာပါတယ်။ မရှင်းတာတွေ ရှိရင် စာအုပ်ထဲမှာ တေးမှတ်ထားတယ်။ အရမ်းကောင်းတဲ့ အချက် မှတ်သားစရာ အချက်တွေဆိုရင် ကူးယူထားတယ်။ သိနိုင်မယ့် လူတွေကို လိုက်မေးတယ်။ အဲဒီအခါ သူတို့တွေ ပြောပြရင် ကျွန်တှော လေ့လာထားတဲ့ အခံနဲ့ပေါင်းပြီး ခဏလေးနဲ့ တတ်လာပါတယ်။ ဂရပ်ဖစ် ပညာမှာဆို အမျိုးမျိုးသော ဆော့ဖ်ဝဲလ်တွေကို စမ်းသပ်ပါတယ်။ အားနဲချက် အားသာချက်တွေကို မှတ်သားပါတယ်။ သူများလုပ်ထားတာ ကောင်းတာလေး တွေ့ရင် ကိုယ့်စက်ထဲမှာ သိမ်းထားပြီး လိုက်လုပ်ကြည့်ပါတယ်။ မသိရင် မေးပါတယ်။ ဒီလိုနဲ့ လုပ်တတ်လာတယ်။

ကျွန်တှော လူများစွာကို တွေ့ခဲ့ဖူးတယ်။ ကျွန်တော့ အရွယ်တွေ၊ ကျွန်တှော့ထက် ငယ်သူတွေ အမြောက်အများ တွေ့ခဲ့တယ်။ တွေ့ရတဲ့ စိတ်မကောင်းစရာက သူတို့တွေဟာ လူတစ်ယောက်ဆီကနေ မယူတတ်ကြတာပါ။ သူတို့ဟာ သူတို့ကို သူတို့ အတှောဆုံးဆိုပြီး တံခါးတွေကို ပိတ်ထားကြတယ်။ ဘယ်သူ့ကိုမှ သူတို့လောက် တှောတယ်လို့ မထင်ကြပါ။ ကိုယ့်ကိုယ်ကို အထင်ကြီးတာ ကောင်းပါတယ်။ ဒါပေမယ့် သူတစ်ပါးကိုလည်း အထင်ကြီးတတ် ရပါမယ်။ အဲဒါမှ ကိုယ့်ဆီမှာ ပညာဗဟုသုတ တိုးပွားနိုင်တယ်လို့ ယူဆပါတယ်။ ကျွန်တှော့မှာ ရှိတာတွေလည်း ဝေမျှဖို့ ဝန်မလေးပါ။ ဒါပေမယ့် မလိုလားသူကိုတော့ ဒီအတိုင်း မပေးလိုတော့ပါ။ မြန်မာတွေဟာ အလကားရလျှင် အလကားလို့ ထင်တတ်ကြတယ်။ အင်တာနက် တချို့စာမျက်နှာများတွင် ကိုယ်သိတာ လေးတွေကို သူများသိပါစေတော့ ဆိုပြီး အချိန်ကုန်ခံကာ ဝေမျှ ဖူးသည်။ မယူတတ်ကြပါ။ ပညာဆိုသည်မှာ ရှာလိုသောသူနှင့် ပေးလိုသောသူ တိုက်ဆိုင်ချိန်မှသာ ရတတ်တယ် ဆိုတာ သူတို့ နားမလည်ပါ။ အဲဒီအခါ ကျွန်တှောလည်း အဲဒီနေရာတွေကနေ ခွာခဲ့ပါတော့တယ်။ ကျွန်တှောကတော့ ဗဟုသုတ တိုးပွားရန် သူများကို အောက်ကျို့ခံ နေမိဦးမှာပင်။ အသွင်မတူသူ များကိုတော့ မဆက်ဆံရုံပင်။


Tags : Chaos , Diary

No response to “ပညာရှာခြင်းဥပဒေသ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz