Thursday, March 23, 2006

Country with no electricity: လျှပ်စစ်မီးတွေနဲ့ တိုင်းပြည်

နိုင်ငံအတွက် ပထမဆုံး ဖြစ်ချင်တဲ့ ဆနဿဒကို ပြောပါဆိုရင် မြန်မာပြည်ကြီးကို လျှပ်စစ်စွမ်းအား အပြည့်နဲ့ လင်းနေတာ မြင်ချင်မိတယ်။ မီးတွေပျက်တယ်လို့ သာမန်ပြည်သူတွေ ပြောတာကြားတိုင်း ရင်နာမိတယ်။ မီးမလာတော့ လူတွေက စောစောအိပ်ကြရတယ်။ နောက်ကျမှ ထကြတယ်။ ဒီလိုနဲ့ ထိနမိဓ တွေ အားကြီးပြီး ဉာဏ်တွေ စွမ်းဆောင်ရည်တွေ ကျဆင်းကုန်တယ်။ အဖိုးတန်တဲ့ အချိန်တွေကို အိပ်စက်ခြင်းနဲ့ လဲပစ်ကြရတယ်။ ဆည်တွေ အများကြီး ဆောက်ပေမယ့် ဆည်ဆိုတာ ရေရှိမှ လျှပ်စစ်ထုတ်လို့ ရမယ်။ နောက်တစ်ခုက ဆည်ဆောက်တာဟာ ပတ်ဝန်းကျင် ဇီဝစနစ်နဲ့ ဂဟစနစ်ကို ပျက်စီးစေတယ်။ သဘာဝ သစ်တောတွေ ပြုန်းတီးမယ်။ သားရဲတိရစဿဆာန် မျိုးစိတ်တွေ ကွယ်ပျောက်ကုန်နိုင်တယ်။ ဆည်တွေကနေ လယ်ယာတွေ ရေပေးနိုင်တာတော့ ဟုတ်ပါရဲ့။ ဒါပေမယ့် မြန်မာပြည်ဟာ လယ်ယာလုပ်ငန်း တစ်ခုထဲနဲ့ အသက်ဆက် ရတော့မှာလား။ နောက်တစ်ခုက အဲဒီဆည်တွေကနေ မီးထွက်မထွက်တော့ မသိဘူး။ ဆည်မြောင်း၊ ဂျီအီး၊ ထောက်ပို့ ကလူတွေ ချမ်းသာ သွားလိုက်ကြတာ ကျိကျိတက်ပဲ။ ကြောက်ဖို့တောင် ကောင်းတယ်။ သူငယ်ချင်းတွေ တွေ့ဖူးတယ်။ ဆောက်ထားတဲ့ အိမ်က နန်းတှောကြီးတွေလိုပဲ။ သုံးတဲ့ ပစဿစည်းက အမေရိကားတို့ ဥရောပတို့က ပစဿစည်းတွေ။ သူတို့တွေ သုံးနိုင်စွဲနိုင်သွားကြတယ်။ ပြည်သူတွေကတော့ အမှောင်ထဲမှာ။ စိတ်လုံးဝ မကောင်းဘူး။

Tags: , ,

No response to “Country with no electricity: လျှပ်စစ်မီးတွေနဲ့ တိုင်းပြည်”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz