စာဖတ်ရင်း တရုတ်ပြည်မှာ အင်တာနက်ကို ဘယ်လို ကန့်သတ် ထားတယ်ဆိုတာ သွားတွေ့ပါတယ်။ အဲဒါကြောင့် တရုတ်တွေ ကြိတ်မနိုင် ခဲမရ ဖြစ်နေကြ တာပါလားဆိုတာ သိခဲ့ရပါတယ်။ တရုတ်ပြည်မှာ ၂၀၀၆ လူဦးရေ ၁.၃ဘီလီယံ ရှိပါတယ်။ အင်တာနက် သုံးစွဲသူဦးရေက ၁၁၀ မီလီယံ နီးပါး ရှိပါတယ်။ ဘလှော့ခ်ဂါ အရေအတွက် ၆ သိန်း ရှိပြီးတော့ ယူနစ် အိုင်ပီက ၆ဝမီလီယံ ရှိပါတယ်တဲ့။ ISP နဲ့ ICP တွေက အင်တာနက်ကို ဘယ်သူတွေ သုံးစွဲနေတယ်၊ ဘယ်ဆိုဒ်ဖွင့်နေတယ်၊ အိုင်ပီအက်ဒရက်စ် ဘယ်လောက် စတဲ့ အချက်အလက် အားလုံးကို အမြဲတမ်း စောင့်ကြည့်နေပါတယ်တဲ့။ အိုင်ကဖေး တွေမှာ သုံးစွဲထားတဲ့ ယူဇာ ဒေတာတွေကို ရက် ၆၀ အထိ ထိန်းသိမ်းထား ပါတယ်တဲ့။ ကန့်သတ်ထားတဲ့ ဝဘ်ဆိုဒ်ကို သွားသူတွေကို ချက်ချင်းရပ်ဆဲပြီး ရဲကို အကြောင်းကြား ရပါတယ်တဲ့။ ၁၆ နှစ်အောက်တွေကို ဆိုက်ဘာကဖေးမှာ ပေးမသုံးပါဘူး။ အင်တာနက် ကိုယ့်အိမ်မှာ ချိတ်ဆက်ရင် ရဲစခန်းကို ရက်သုံးဆယ်အတွင်း အကြောင်းကြားပြီး မှတ်ပုံတင် ရပါတယ်တဲ့။ အီးမေးလ်းတွေ အားလုံးကိုလည်း အထဲက စာသားကိုပါ စစ်ဆေးပြီး ကင်းလွတ်မှ ရရှိပါတယ်တဲ့။ ကန့်သတ်ထားတဲ့ ဆိုဒ်များကို အိုင်ပီနဲ့ပါ ဝင်လို့မရအောင် တားဆီးထားပါတယ်။

Via : Digg , CNN
Tags : Knowledge , Technology , Privacy , China Internet Censorship
- Revolution
- Equality
- Freedom
- Justice
- Taiwan
- Tibet
- Falun Gong
- Dissident
- Democracy
- STD
- Human rights

Via : Digg , CNN
Tags : Knowledge , Technology , Privacy , China Internet Censorship
No response to “China Internet Censorship”
Post a Comment
Trackbacks
Leave a trackback