Monday, March 27, 2006

China Internet Censorship

စာဖတ်ရင်း တရုတ်ပြည်မှာ အင်တာနက်ကို ဘယ်လို ကန့်သတ် ထားတယ်ဆိုတာ သွားတွေ့ပါတယ်။ အဲဒါကြောင့် တရုတ်တွေ ကြိတ်မနိုင် ခဲမရ ဖြစ်နေကြ တာပါလားဆိုတာ သိခဲ့ရပါတယ်။ တရုတ်ပြည်မှာ ၂၀၀၆ လူဦးရေ ၁.၃ဘီလီယံ ရှိပါတယ်။ အင်တာနက် သုံးစွဲသူဦးရေက ၁၁၀ မီလီယံ နီးပါး ရှိပါတယ်။ ဘလှော့ခ်ဂါ အရေအတွက် ၆ သိန်း ရှိပြီးတော့ ယူနစ် အိုင်ပီက ၆ဝမီလီယံ ရှိပါတယ်တဲ့။ ISP နဲ့ ICP တွေက အင်တာနက်ကို ဘယ်သူတွေ သုံးစွဲနေတယ်၊ ဘယ်ဆိုဒ်ဖွင့်နေတယ်၊ အိုင်ပီအက်ဒရက်စ် ဘယ်လောက် စတဲ့ အချက်အလက် အားလုံးကို အမြဲတမ်း စောင့်ကြည့်နေပါတယ်တဲ့။ အိုင်ကဖေး တွေမှာ သုံးစွဲထားတဲ့ ယူဇာ ဒေတာတွေကို ရက် ၆၀ အထိ ထိန်းသိမ်းထား ပါတယ်တဲ့။ ကန့်သတ်ထားတဲ့ ဝဘ်ဆိုဒ်ကို သွားသူတွေကို ချက်ချင်းရပ်ဆဲပြီး ရဲကို အကြောင်းကြား ရပါတယ်တဲ့။ ၁၆ နှစ်အောက်တွေကို ဆိုက်ဘာကဖေးမှာ ပေးမသုံးပါဘူး။ အင်တာနက် ကိုယ့်အိမ်မှာ ချိတ်ဆက်ရင် ရဲစခန်းကို ရက်သုံးဆယ်အတွင်း အကြောင်းကြားပြီး မှတ်ပုံတင် ရပါတယ်တဲ့။ အီးမေးလ်းတွေ အားလုံးကိုလည်း အထဲက စာသားကိုပါ စစ်ဆေးပြီး ကင်းလွတ်မှ ရရှိပါတယ်တဲ့။ ကန့်သတ်ထားတဲ့ ဆိုဒ်များကို အိုင်ပီနဲ့ပါ ဝင်လို့မရအောင် တားဆီးထားပါတယ်။
အစရှိတဲ့ စကားလုံးများကိုလည်း ကန့်သတ်ထား ပါတယ်တဲ့။ ကျွန်တှော စဉ်းစားနေမိတယ်။ ဒါဟာ မှန်လား မှားလားလို့။ လူတစ်ယောက်ရဲ့ ပရိုက်ဗေဆီဟာ ကင်းမဲ့သွားပါပြီ။ ကိုယ့်ကို အမြဲ ဒေါက်ထောက် ကြည့်နေမယ့်သူ ရှိနေတာ ဘယ်လိုလုပ် လွတ်လပ် နိုင်ပါတော့မလဲ။ ဒါကြောင့်လည်း တရုတ်ဟာ ဒီအင်တာနက် ကိစဿစကို အပြင်းအထန် ကန့်ကွက် ကြတာနေမှာပါ။ ကိုယ့်အီးမေးလ်တိုင်းကို ဖောက်ဖတ်နေမယ်ဆိုရင် ကျွန်တှောတို့ ဘယ်လို လုံခြုံမှု ရှိတော့မလဲ။ ဒီမီဒီယံကို မသုံးတာနဲ့ အကြမ်းဖက်မှုတွေ ယဉ်ကျေးမှု ပျက်ယွင်းတာတွေက မရှိတော့ဘူးတဲ့လား။ ကျွန်တှောကတော့ ပရိုက်ဗေဆီ ဆိုတာကို လေးစားပါတယ်။ ကိုယ်တိုင်လည်း တန်ဖိုးထားသလို ကိုယ့်ပရိုက်ဗေဆီ ချိုးဖောက်ခံရရင်လည်း အတှော စိတ်ဆိုးမိပါတယ်။ အရင်တစ်ခါ ရေးဖူးတဲ့ Google က ကန့်သတ်မှုပုံစံကို ဒီနေရာမှာ ဆက်စပ် ဖတ်ရှု နိုင်ပါတယ်။ [ Link ]


Via : Digg , CNN
Tags : Knowledge , Technology , Privacy , China Internet Censorship

No response to “China Internet Censorship”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz