Monday, March 27, 2006

နွေဦးလို လွမ်းတတ်ခဲ့ပြီ

နွေဦးလို လွမ်းတတ်ခဲ့ပြီ


နွေဦးမှာ .....
အလွမ်းက သစ်ပင်လို ခြွေပြတယ်
စုပြုံ ရောပြွန်းနေတဲ့ နေ့ ရက်တွေက
သတိရခြင်းရဲ့ သားကောင်ဖြစ်တယ်
အိပ်မက်က
အိပ်မက်ဆန်တယ်
ငါ့ကိုငါ မဖြီးသင်နိုင်ခဲ့
ပတ်ဝန်းကျင် က ငါ့ကိုဖတ်တယ်
ငါက
ပြဇာတ် ထဲ မှာ နစ်နေတုန်း
ဘဝက ငါ့ကို ရာဘာ ဖိနပ်လို စီးတယ်
ငါက ဘဝ ကို ဘာမှ မဆင်မြန်း ပေးနိုင်ဘူး
လက်နှစ်ဖက်မှာ
လက်ချည်းသက်သက်ပဲကျန်တယ်
ဗန့်ဂိုး ............. လိုလည်း ပန်းချီမတတ်
ရှယ်လီ ............ လိုလည်း ကဗျာမတတ်
ကတ်ကိုဘိန်း ........... လိုလည်း သံစဉ်တွေ မသီတတ်
ဟဲမင်းဝေး ........ လိုလည်း ........
နောက်ဆုံး
ငါ့ကိုယ် ငါတောင် မပီသခဲ့
ကဲပါလေ
ခပ်လွမ်းလွမ်းပဲ ဆိုကြပါစို့ 
နွေဦးကို လွမ်းတယ်
အလွမ်းက သစ်ပင်လို ခြွေပြတယ်
သစ်ရွက်တွေက အလွမ်းရဲ့  မျက်ရည်ဖြစ်ခဲ့
ငါက သစ်ပင် တစ်ပင်လို

ရပ်
နိုင်
ခဲ့ ..
နွေဦးက နွေဦးဆီမှာ။


ခက်ဈာန်ရဲ

Tags : KZY , Friend , Poem

No response to “နွေဦးလို လွမ်းတတ်ခဲ့ပြီ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz