တစုံတရာ
ကျယ်ပြန့်နက်ပြောတဲ့ တိမ်ပင်လယ်များအောက်
ဧရိယာတစ်ထောင့်မှာ ချစ်ခဲ့ရဖူးတဲ့ အဖြူရောင်ရေခဲမြစ်တစ်စင်း
အချိန်တွေကြာညောင်းလာတော့ ညစ်ညမ်းအရေပျှော
ရွေ့လျားပြီး သစ်လွင်မယ့် အကြံနဲ့ပေါ့
ခေါင်းအုံးအောက်မှာ ထားခဲ့ဖူးတဲ့ စံပယ်ပွင့်ခြောက်တွေလိုပဲ
ငါ့ဒိုင်ယာရီစာအုပ်လေး ခြေမွဖျက်ဆီးခံလိုက်ရပြီး
တန်ဖိုးထားခဲ့မိတဲ့ ပလက်တီနမ်တစ်ကွင်း
ပျောက်ရှပျက်စီး သွားခဲ့ရလို့
ကမဿဘာဦးက နတ်ဘုရားတွေကို တိုင်တည်ခဲ့မိဖူးတယ်။
နာရီတွေ တရွေ့ရွေ့လည်နေတိုင်း
ငယ်ငယ်က မက်မောမိတဲ့ အရာတစ်ခုခုကို
ပြန်လည်လိုချင်မိတယ်
ငါအတဿတဆန်နေသလား
လေပြင်းက ဒဏ်တပ်ခံရလို့
စုတ်ပြတ်သပ် ကြွေကျနေတဲ့ ရှောရွက်ဝါတွေ ငါမဖြစ်ချင်ပါဘူး
ဒါပေမယ့်လည်း
ငါက
ဒီမြို့မှာ တစိမ်းတစ်ယောက်ဆိုတာ
အိပ်မက်ထဲမှာတောင် သိနေခဲ့တယ်။
မြူနှင်းဖြူ
Tags : Myu Hnin Phyu , Friend , Poem

No response to “တစုံတရာ”
Post a Comment
Trackbacks
Leave a trackback