Thursday, March 30, 2006

ပထမဆုံးနဲ့ နောက်ဆုံးပုံပြင် (၃)


သား

မင်းမသိသေးတဲ့ အဖေ့ရဲ့ နာမည်က မောင်ညီတဲ့။ မင်းနဲ့ သိပ်မစိမ်းဘူးလို့ ထင်ပါတယ်။ ဦးမောင်ညီ လှူဒါန်းသည် ဆိုတဲ့ စာသားလေးကို မင်းကျောင်းမှာ မကြာခဏ အမှတ်မထင် ဆိုသလို တွေ့ဖူးနေမှာပါ။ အဲဒါဟာ အဖေပဲပေါ့။ မင်းအမေနဲ့ အဖေ လမ်းခွဲကြ ပြီးတဲ့ နောက်မှာ ဘယ်တော့မှ တို့တတွေ မျက်နှာချင်း မဆိုင်ဖြစ်ကြတော့ဘူး။ အဖေ့ကို မြင်ရင် သူနာကျင်မှာစိုးလို့ သူရှိနိုင်မယ့် နေရာတွေ မှန်သမျှကို အဖေရှောင်ခဲ့တယ်။ သူကလည်း အဖေ ရှိနိုင်မယ့် နေရာတွေကို ရှောင်ခဲ့တယ်။ သူက ဘယ်လောက်တောင် အဖေ့ကို စိတ်နာလည်း ဆိုရင် အဖေ့လက်ရေး လှလို့ ရေးပေးပါဆိုပြီး သူ့စာအုပ်လေးတွေမှာ ရေးပေးထားခဲ့ဖူးတဲ့ အဖေ့လက်ရေးရှိတဲ့ စာရွက်တွေကိုတောင် သူက ဆုတ်ဖြဲပစ်ခဲ့တယ်။ တကယ်တော့ ချစ်ခင်နှစ်သက် ကြချိန်မှာ အမြတ်တနိုး တန်ဖိုးထားခဲ့ ကြတဲ့ အရာတွေကို လမ်းခွဲ ကြချိန်မှာ ဖျောက်ဖျက် ပစ်ကြတယ်ဆိုတာ မကောင်းပါဘူးကွာ။ အဖေ့ဆီမှာတော့ သူနဲ့ ပတ်သတ်တာတွေ အားလုံး ရှိနေပါသေးတယ်။ အဖေက အမှတ်တရ ပစဿစည်းလေး တွေဆိုရင် တခုတ်တရ သိမ်းထားတတ်တဲ့ အကျင့်ရှိတော့ သူငယ်ချင်းတွေရဲ့ ပစဿစည်း လေးတွေကအစ အဖေ့သိမ်းထားခဲ့တာပါ။

မင်းက မင်းအမေ အဖေ့ကို အမှတ်တရ ပေးထားခဲ့တာလေးတွေကို ကြည့်ချင်တယ်ဆိုရင် အောက်ဆုံးက လိပ်စာမှာ မင်းရှာကြည့်ပေါ့။ အဲဒီအိမ်လေးမှာ မင်းအဖိုး အဘွား အဖေ့ရဲ့ မိဘတွေ ရှိနေကြဆဲပဲ။ အဖေ သေဆုံး သွားချိန်မှာ မင်းအဖိုးအဖွားတွေက အသက် ၆၀ နား ကပ်နေပြီပေါ့။ ဒါပေမယ့် သူတို့တွေ ဒီနေ့အထိ အသက်ရှိ ထင်ရှား ရှိနေကြလိမ့် ဦးမယ်လို့ အဖေ ယုံကြည်ပါတယ်။ အဖေတို့ အမျိုးက အဖေဘက် ဗီဇ တူကြတာ များတယ်။ အဖေ့ အဖေ မင်းအဖိုးဟာ သူ့အဖေနဲ့ ရုပ်ချင်းဆင်တယ်။ အဖေကလည်း မင်းအဖိုးနဲ့ ရုပ်ချင်း အတှောတူတယ်။ မင်းလည်း အဖေနဲ့ ဆင်မှာပါ။ ဒါနဲ့ မင်းနှာခေါင်းမှာ မှဲ့များ ပါလာသေးလား။ ဟားဟား။ ဒီလိုဆိုရင်တော့ မင်းအမေဟာ ဒီမှဲ့အကြောင်းကို တခုတ်တရ အမြဲ ပြောတတ်မယ်ဆိုတာ အဖေ တွေးမိနေတယ်။ သူက အဖေကိုလည်း ဒီမှဲ့ပါလို့ အမြဲပြောတတ်တယ်။ ဒီမှဲ့ပါရင် အတှောစွံ ဆိုပဲကွ။ မင်းရော မင်းအမေ မသိဘဲ ကောင်မလေး ဘယ်နှစ်ယောက်များ ရနေခဲ့ပြီလဲ။ ဪ စကားစ ပြတ်သွားတယ်။ ခုနက လိပ်စာကို ရခဲ့ရင် မင်းအဖေ့အိမ်ကို သွားပေါ့။ အဲဒီမှာ တစ်ယောက်ယောက်ကို တွေ့ရင် ဒီစာလေးကို ပြပြီး အဖေသေတဿတာလေးကို တောင်းယူပေါ့။ အဲဒီအထဲမှာ မင်းတွေ့ချင်တာတွေ အဖေ့အကြောင်းတွေ အားလုံး တွေ့ရလိမ့်မယ်။ မင်းအတွက်တော့ အမွေ မထားခဲ့နိုင်ဘူးသားရယ်။ ဒါပေမယ့် အဲဒီအထဲမှာ အဖေ အနှစ်သက်ဆုံး ဖောင်တိန်လေး တစ်ချောင်းရှိတယ်။ အဲဒီဖောင်တိန်လေးမှာ မင်းနာမည်ကို အဖေ ထိုးထားခဲ့တယ်။ အံ့ဩနေလား သား။ တစ်ချိန်တုန်းက မင်းကိုမွေးရင် ဘယ်လိုနာမည်ပေးမယ်ဆိုတာ မင်းအမေနဲ့ အဖေ တစိတ်ထဲ တိုင်ပင်ခဲ့ကြတယ်။ မင်းအမေဟာ အဖေ့ကို နာကျည်းပေမယ့် ဒီနာမည်လေးကိုတော့ မင်းကို အမှတ်တရ ပေးမယ်ဆိုတာ အဖေ ယုံကြည်နေမိတယ်။ တကယ်လို့များ မင်းနာမည်က ညီလင်းဆိုတာ ဖြစ်နေရင်ပေါ့။


မှတ်ချက်။ ထိုညီလင်းသည် ကျွန်တှောမဟုတ်ပါ။ o<|:)
ဒုတိယပိုင်း ဖတ်ရန် [ Link ]


Tags : NLS , Essay

No response to “ပထမဆုံးနဲ့ နောက်ဆုံးပုံပြင် (၃)”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz