Tuesday, March 21, 2006

ပထမဆုံးနဲ့ နောက်ဆုံးပုံပြင်(၁)


ထင်လင်း မြန်မာပြန်တဲ့ စည်းအပြင်ကလူ ကို တတိယအကြိမ်မြောက် ဖတ်ပြီးတဲ့ အချိန်မှာ ကျွန်တှော ဒီဝတဿထုလေးကို ရေးဖို့ စဉ်းစားမိတယ်။ ဒီအထဲက ဇာတ်ကောင် အားလုံးဟာ အိပ်မက်ထဲက ဖြစ်ပါတယ်။ ဒါမှမဟုတ် ကျွန်တှောတို့ အိပ်မက်လို့ ထင်နေတဲ့ ကမဿဘာ တစ်ခုထဲကလည်း ဖြစ်နိုင်ပါတယ်။ သက်ဆိုင်ရာ အိပ်မက် အနက်ကျမ်းတွေနဲ့ ဘာသာ ပြန်ကြည့် နိုင်ပါတယ်။ အိပ်မက် ဆိုတဲ့အတိုင်း တစ်ခါတစ်ရံ အဆက်အစပ် ကင်းမဲ့နေပါလိမ့်မယ်။ တစ်ခါတစ်ရံလည်း ထပ်တလဲလဲ ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။ တစ်ခါတစ်ရံ ကိုယ်မသိသူတွေ ပါလာနိုင်သလို သိသူတွေလည်း ကျန်ခဲ့နိုင်ပါတယ်။ နိုးသွားရင် နိုးသွားနိုင်သလို၊ အကြာကြီး အိပ်စက်နေတာလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကူးယဉ်မှုတွေ ဖြစ်နိုင်သလို၊ စိတ်စွဲလမ်းမှုတွေလည်း ဖြစ်နိုင်ပါတယ်။ ပုံပြင်တစ်ပုဒ်လည်း ဖြစ်နေနိုင်ပါတယ်။ ဒီအထဲမှာ ကျွန်တှောက မင်းသား မဟုတ်ပါဘူး။


ပထမဆုံးနဲ့ နောက်ဆုံးပုံပြင်

သား

ဒီစာကို ဖတ်ရတဲ့ အချိန်မှာ အဖေဟာ ဆေးရုံကြီးတစ်ခုရဲ့ အေးစက်စက် အခန်းကျဉ်းထဲမှာ လှဲလျောင်းလို့ပေါ့။ သားဟာ ဆေးကျောင်းသား တစ်ယောက်သာ ဖြစ်နေခဲ့ရင် ဂုန်နီအိတ်နဲ့ တူတဲ့ အဖေ့ရဲ့ အသားတွေကို အဖေမှန်း မသိဘဲ ဓါးနဲ့လှီးချင်လည်း လှီးနေမှာပေါ့။ ဒါမှမဟုတ်ရင် အဖေ့ရဲ့ ခံစားချက် ပြင်းထန်လွန်းခဲ့တဲ့ ရင်ဘတ်နေရာက အရိုးတွေကို အံကြိတ်ပြီး လက်နှစ်ဘက်နဲ့ ဆွဲဖြဲနေရင်လည်း ဆွဲဖြဲနေမှာပေါ့။ ဒါမှမဟုတ်လည်း သားကောင်မလေး စမ်းသပ် ခွဲစိတ်နေတာကို ဘေးကနေ လာကြည့်နေလည်း ကြည့်နေမှာပေါ့။ ဒါပေမယ့် သားဟာ အဖေဆိုတာတော့ ဘယ်တော့မှ သိလိမ့်မှာ မဟုတ်ပါဘူး။

ပိုက်ဆံ ချမ်းသာတဲ့ သိပ်တှောတဲ့ သားအမေဟာ အဖေ သေဆုံးသွားချိန်မှာ အဖေ့မျိုးဆက်သွေးကို ယူပြီး သားကို မွေးကောင်းမွေးခဲ့လိမ့်မယ်။ မွေးချင်မှလည်း မွေးလိမ့်မယ်။ မမွေးချင်လည်း မမွေးနိုင်ဘူး။ ဒါပေမယ့် သားဟာ အဖေရဲ့ ၅၀ ရာခိုင်နှုန်းပါတဲ့ သွေးသား အစစ်ပဲ ဖြစ်တယ်လို့ အဖေယုံကြည်နေတယ်။ ၅၀ ရာခိုင်နှုန်းမှာတောင်မှ အဖေ့ဗီဇတွေ အများကြီးပါတဲ့ သားတစ်ယောက် ဖြစ်နေလိမ့်မယ်။ သားက သားအမေကို ကျွန်တှော့အဖေ ဘယ်သူလဲလို့ မေးတဲ့အခါ သူဟာ သားကို ဆူလိမ့်မယ်။ ဂစ်တာတီးတဲ့အခါ သားကိုဆူလိမ့်မယ်။ ကဗျာတွေ ရေးတဲ့အခါ သားကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်လိမ့်မယ်။ ပန်းချီဆွဲတဲ့အခါ သားရဲ့ ကင်းဗတ်စ်တွေကို ဆုတ်ဖြဲပစ်လိမ့်မယ်။ ပြီးရင် သားကို ရင်ခွင်မှာ အပ်ပြီး ငိုလိမ့်မယ်။ သားကို စာတွေ အတင်းကျက်ခိုင်းပြီး ဆေးကျောင်း အတင်းတက်ခိုင်းလိမ့်မယ်။ ဒါကြောင့် အဖေက ဒီအချိန်မှာ သားဆရာဝန် ဖြစ်ချင် ဖြစ်နေမှာလို့ ပြောတာပေါ့။ အင်း အသက် ၂၂ နှစ်အရွယ် သားမှာ အဖေ့တုန်းကလို စိတ်ညစ်စရာတွေ လောကကြီးကို မုန်းတီးတာတွေ၊ နောက်ကျောကို ဓါးနဲ့ ထိုးတဲ့ လူတွေ၊ ဖြစ်ချင်တာနဲ့ ဖြစ်နေတာ အံမကျတဲ့ အဖြစ်အပျက်တွေ၊ ပြသနာတွေ၊ စိတ်ပျက်ဖို့ ကောင်းသူတွေ၊ နားမလည်တတ်သူတွေနဲ့ မတွေ့ပါစေနဲ့လို့ တမလွန်က အဖေက ဆုတောင်းမိပါရဲ့။

အဖေ ထပ်ပြောပြမယ်။ တကယ်တော့ သားကို သားအမေဟာ မွေးခဲ့ကောင်းမွေးခဲ့လိမ့်မယ်။ မမွေးရင်လည်း မမွေးခဲ့ဘူး။ ဒါပေမယ့် အဖေ့ကို သိပ်ချစ်ခဲ့ သိပ်မုန်းခဲ့သူ သားအမေဟာ တစ်ခါတုန်းက ထက်မြက်တဲ့ ထူးထူးဆန်းဆန်းတွေ တွေးတတ်တဲ့ အဖေ့မျိုးဆက်ကို လိုချင်တယ်လို့ ပြောဖူးတယ်။ အဖေကတော့ ဘယ်တုန်းကမှ မလိုချင်ခဲ့ဘူး။ သားဟာ အဖေ့မျိုးဆက် ဟုတ်ချင်လည်း ဟုတ်လိမ့်မယ်။ မဟုတ်ချင်လည်း မဟုတ်နိုင်ဘူး။ ဒါပေမယ့် သားဟာ မျက်မှောင်ကြုံ့ ကြည့်တတ်ရင်၊ အရာရာကို အလျော့ပေးတတ်ရင်၊ စာကျက်ရမှာ ပျင်းရင်၊ လောကကြီးနဲ့ ဖီလာဆန့်ကျင်သူ တစ်ယောက် ဖြစ်နေရင် တော့ သေချာပါတယ်။ သားအမေဟာ အဖေသေဆုံးသွားတဲ့ နောက်မှာမှ သားကို မွေးခဲ့တာပဲ ဖြစ်လိမ့်မယ်။ သားဟာ အဖေ့ရင်ကို ခွဲနေသူ တစ်ယောက် ဖြစ်ကောင်း ဖြစ်နေလိမ့်မယ်။ ဒါပေမယ့် သားအမေဟာ အဖေနဲ့ ဘယ်လိုမှ မပတ်သတ်ခဲ့ဘူး။ အဲဒီအတွက် သားဟာ လူ့လောကကြီးထဲမှာ အိပ်မက် မက်နေတာလားလို့ ခံစားနေရလိမ့်မယ်။ တကယ်တော့ အဖေ ကိုယ်တိုင်ကလည်း အေးစက်စက် အခန်းထဲမှာ လှဲလျောင်းရင်း အိပ်မက်ရှည်ကြီး တစ်ခု မက်နေတာလည်း ဖြစ်နိုင်ပါတယ်။

ပထမပိုင်းပြီး၏။

Tags : Essay , NLS

No response to “ပထမဆုံးနဲ့ နောက်ဆုံးပုံပြင်(၁)”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz