Friday, March 31, 2006

ဒဂုံ(၁)က သူငယ်ချင်းတွေ


ကျွန်တှော ဒဂုံ(၁)မှာ ကျောင်းခဏ တက်ဖြစ်တဲ့ အချိန်မှာ သူတို့နဲ့ စသိခဲ့တယ်။ နောက်ပိုင်း ကွဲသွားလိုက်ကြတာ ၁၀ တန်းအောင်လို့ YES မှာ အဂဿငလိပ်စာ သင်တန်း တက်ကြတော့မှ ပြန်တွေ့ဖြစ်တော့တယ်။ ပထမဆုံး ပြန်တွေ့တာက သဲသဲပါ။ နေရာတကာ စကားစွာကျယ် စွာကျယ်ပြောပြီး ကျွန်တှောတို့နဲ့ မတည့်လို့ ပထမသူ့ကို ကြည့်မရပါဘူး။ နောက်ပိုင်း စကားပြောရင်းက ငယ်သူငယ်ချင်းတွေဆိုတာ သိသွားပြီး အရမ်း ခင်သွားကြတယ်။ အဲဒီတုန်းက ကျွန်တှောတို့ သူငယ်ချင်းတွေက အများကြီး။ ဘေဘီမျိုး ၊ ကျှောဇင်သက် ၊ သက်ကိုကို ၊ နှင်းမြတ်လေးဆွေ၊ လွင်မင်းရှိန်၊ အောင်သူရွှေ၊ အောင်စိုးမင်း၊ အောင်စိုးလွင်၊ ကေကေး၊ ဇေယျာမျိုးလွင် စုံနေတာပဲ။ ကဗျာစာအုပ်တွေ ထုတ်ကြတယ်။ ကျိုက်ထီးရိုး ဘုရားဖူး ခရီးထွက်ကြတယ်။ ပျှောဖို့ ကောင်းလိုက်တာ။

သဲသဲ နဲ့ ဘေဘီက စမ်းချောင်းထဲမှာ နေတော့ ကျွန်တှောတို့ သူငယ်ချင်း အားလုံးက အဲဒီမှာ စုံဖြစ်ကြတာ များတယ်။ သူတို့ အိမ်က ကျွန်တှောတို့ အိမ်ပဲ။ စားစရာ မရှိရင် အဲဒီအိမ်မှာ သွားစားကြတယ်။ အားရင် ကန်ဘောင်သွားတယ်။ သီချင်းတွေ ဆိုကြတယ်။ ဈေးတွေပတ်တယ်။ နောက်ပိုင်း ကိုယ်စီကိုယ်စီ နိုင်ငံခြားတွေ ထွက်သွားလိုက်ကြတာ ရန်ကုန်မှာ သဲသဲရယ် ဘေဘီရယ်၊ နှင်းနှင်းရယ်၊ လွင်မင်းရှိန်ရယ်ပဲ ကျန်တော့တယ်။ ကျှောကြီးက အမေရိကားမှာ၊ အုန်းဖူးလည်း အမေရိကားမှာ၊ မိသက်က စစချင်း ယူကေ၊ အခုတော့ ယူအက်စ် ရောက်သွားပြီ၊ အောင်စိုးလွင်လည်း အမေရိကားမှာ၊ အောင်သူရွှေက မလေးရှားမှာ။ မျိုးကြီးက ဝိုင်အိုင်တီတက်ပြီး ဖဲလှည့်ရိုက်တယ်။ ကျွန်တှောက ကွန်ပြူတာ တကဿကသိုလ်တက်တယ်။ ရှိန်ကြီးက စစ်အင်ဂျင်နီယာတက်တယ်။ သဲသဲက ဖာမေဆီ တက်တယ်။ ခဏကြာတော့ ဘေဘီလည်း ယိုးဒယားကို ကျောင်းသွားတက်တယ်။ နှင်းနှင်းက အလုပ်ဝင်တယ်။

ဒီလိုနဲ့ သူငယ်ချင်းတွေ ကွဲသွားလိုက်တာ နောက်ပိုင်း သဲသဲတစ်ယောက်ပဲ ကျန်တော့တယ်။ ကျွန်တှော ရန်ကုန်မှာ နေရထိုင်ရ ခက်ခဲစဉ် ကာလတွေမှာ သဲသဲတို့ မိသားစုက အရမ်းအကူအညီ ပေးခဲ့တယ်။ သူ့အမတွေဟာ ကျွန်တှော့အမလိုပဲ။ သဘောလည်း အရမ်းကောင်းကြတယ်။ သူ့အိမ်ကို ကျွန်တှောတို့က စမ်းချောင်း ထမင်းဆိုင်လို့ ခှေါတယ်။ အရင်တုန်းကတော့ နှစ်ဆိုင်ပေါ့။ ဘေဘီမရှိတော့ သူတစ်ယောက်တည်း ကျွန်တှောတို့ကို ဒိုင်ခံ ကျွေးရတယ်။ မှတ်မှတ်ယယ နယျူးရီးယား ညစာစားပွဲ တစ်ခုရှိလို့ သူ့ကို သွားစားရအောင် ခှေါတဲ့ နေ့မှာ သူ့အဖေ ဆုံးသွားတယ်။ ဆေးရုံမှာ ည ၁၁ နာရီလောက်အထိ ကျွန်တှော နေပေးခဲ့တယ်။ သူတို့ မိသားစုတွေ ကြေကွဲနေကြတာ မြင်တော့ ကျွန်တှောဟာ စိတ်လုံးဝ မကောင်းခဲ့ဘူး။ နောက်ပိုင်း သူတို့ အိမ်ကို တှောတှောလေး ရောက်ဖြစ်ပါတယ်။ ဘေဘီက စိတ်မဆိုး တတ်ဘူး။ နှင်းနှင်းက အစွဲအလမ်းကြီးပြီး နဲနဲ စိတ်ကူးယဉ်တတ်တယ်။ သဲသဲကတော့ စိတ်ကောက်တတ် တယ်။ ဒါပေမယ့် ကျွန်တှောနဲ့တော့ ရန်မဖြစ် ပါဘူး။ ကိစဿစတွေ ပြသဿသနာတွေ တက်ရင် သူနဲ့ အများဆုံး တိုင်ပင်ဖြစ်တယ်။ နောက်ပိုင်း ကျွန်တှော စကဿငာပူ သွားတဲ့နောက်ပိုင်း သူလည်း အဖှောသိပ် မရှိတော့ဘူး။ အခုတော့ ယိုးဒယားမှာ ကျောင်းဆက်တက်နေပြီ။

သူငယ်ချင်းတွေထဲမှာ ကျွန်တှောတို့ အားလုံးက သဲသဲကို ချစ်ကြပါတယ်။ သူတို့ မိသားစုကိုလည်း ချစ်ကြတယ်။ အခုတော့ မြန်မာပြည်မှာ ဘယ်သူမှ မကျန်သလောက်ပဲ။ မိသက်တော့ ငယ်သူငယ်ချင်း တစ်ယောက်နဲ့ အိမ်ထောင်ပြုတော့မယ် ဆိုပါတယ်။ တစ်နေ့နေ့တော့ သူငယ်ချင်း အားလုံးကို ပြန်တွေ့ချင်ပါသေးတယ်။ အရင်ကလို ဂုဏ်တွေ ဒြပ်တွေ မပါဘဲနဲ့ပေါ့။


Tags : Friend , The` Ni Ni , Lwin Min Shein , Baby Myo , Hnin Myatlay Swe , Kyaw Zin Thet , Thet Ko Ko , Aung Thu Shwe , Aung Soe Lwin , Zeyar Myo Lwin , Kay Zin Oo

No response to “ဒဂုံ(၁)က သူငယ်ချင်းတွေ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz