Monday, March 27, 2006

ခေါင်းစဉ်မရှိသူ

ခေါင်းစဉ်မရှိသူ


ကိုယ့်ကိုကိုယ် ဖျားယောင်းကြည့်မိ
မနေ့တစ်နေ့ကလိုမျက်ရည်မျိုးနဲ
အဖြူထည်အတိုင်း
အိပ်မက်ခွင့်မရတော့တဲ့အခါ
ငါ့မျက်လုံးထဲကအလင်းပျော့ပျော့ညတွေ
ပြိုကျသွား
ဆောင်းခေတ်ကြီးထဲမဲမှောင်နေတယ် ..
ဗန်ဂိုးရဲ့ခရီမိုနာတယောပြားလေး
ငါ့ဆီအလည်လာတဲ့ည
ဘယ်ဘက်လက်တစ်ချောင်း လုံး
ညတာရှည်လို့သွားခဲ့
ငါ့မေးခွန်းရဲ့အဖြေက
နောက်ထပ်မေးခွန်းတစ်ခုသာဖြစ်လို့ သွားခဲ့ပြီး
ဘုရားသခင်နဲ့ တွေ့မှ
ဖွင့်ဖတ်မယ့်ဒိုင်ယာရီစာအုပ်တစ်အုပ်ကိုပိုက်
အကြည့်တွေကို လမ်းမတွေဆီ
ဦး - တည်- ထား - လိုက်-တယ်- ။


Death Lock

Tags : Friend , Poem

No response to “ခေါင်းစဉ်မရှိသူ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz