Saturday, March 4, 2006

ကြောင်ကလေးရဲ့မေမေ

ကျွန်တှောဟာ ကြောင်ကလေးတစ်ကောင်ပေါ့
ကျွန်တှော့ကို မေမေက မွေးခဲ့တယ်
တိမ်ပြာသောနေ့တစ်နေ့မှာ မွေးခဲ့တယ်.....
ကျွန်တှော့အမွေးအမှင်တွေက တိမ်စိုင်တွေလိုနူးညံ့
ကျွန်တှော့ခိုဝင်ရာ ရင်ငွေ့ဟာနွေးထွေး
မေမေကသိပ်ပြီးချစ်စရာကောင်း
ကျွန်တှော ဘီစကစ်တွေညာညာပြီးတောင်းတိုင်းပေးတယ်.....
တဖြည်းဖြည်းနဲ့ ကျွန်တှော့လက်သည်းတွေချွန်မြလာ
ကျွန်တှောဟာသန်စွမ်း
ကျွန်တှော့ခနဿဓာအရောင်ပြောင်းလာ
ကျွန်တှော ကမဿဘာတစ်ခုရှာမယ်....သွားမယ်
ဒီလိုနဲ့ ထိုထိုသောအရပ်မှာ
ကျွန်တှောဖြတ်သန်းရာ အချိန်ကာလတွေက ဆန်လွန်း
ကျွန်တှော့ကူးခတ်ရာ ပင်လယ်ပြင်ကကျယ်ပြော
ကျွန်တှောမက်မောရာ ငါးကလေးသေဆုံး
ကျွန်တှော့တစ်ကိယ်လုံးမြားဒဏ်ရာတွေနဲမြင်မကောင်းတဲ့အချိန်
မေမေနဲ့ပြန်တွေ့တယ်
မေမေကျွန်တှော့ကိုချစ်သေးသလားမေးတော့
မေမေကပါးကို အသာဆွဲလိမ်
ကျွန်တှော့အရိုးထဲက “ချွင်” ခနဲ
အဲဒီအသံဟာ ဘယ်လောက်ကျယ်ပြန့်ပြီး
ဘယ်လောက်သာယာပါသလဲ.....
တစ်လောကလုံးအိပ်မောကျနေချိန်မှာ
အဲဒီနေ့က
ကြောင်ကလေးတစ်ကောင်နိုးလာပါတယ်
ပြီးတော့ သူက သီချင်းတစ်ပုဒ်ကို တိုးတိုးဆိုညည်းတယ်
မေမေက ကျွန်တှော့မီးဖိုလေးပေါ့.....။


အေးမင်းစော
Death Lock ပေးပို့သည်။
Tags : Aye Min Saw , Myanmar Poem

No response to “ကြောင်ကလေးရဲ့မေမေ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz