Saturday, March 25, 2006

ပထမဆုံးနဲ့ နောက်ဆုံးပုံပြင် ၂

သား

မင်းအခုချိန်ထိ ဝေခွဲမရဘဲ မယုံကြည်နိုင် ဖြစ်နေမယ်ဆိုတာ အဖေသိပါရဲ့။ ဒီစာကို ဖတ်ရင်းနဲ့ မင်းရဲ့ အကဿငျီလေးကို ပြန်နမ်း ကြည့်လိုက်စမ်းပါ။ မင်းဆွတ်ထားတဲ့ ရေမွှေးနံ့ဟာ အဲလိဇဘက်အာဒင် ဖြစ်ကောင်း ဖြစ်နေမယ်။ ဒါမှမဟုတ် တှောမီ ဖြစ်နေလိမ့်မယ်။ အဲလိဇဘက်အာဒင် ဆိုရင်တော့ ဒီနေ့ မင်းဟာ မင်းအမေ အခန်းထဲကနေ သူဆွတ်နေကြ ရေမွှေးကို ယူဆွတ်ခဲ့လို့ ဖြစ်မယ်။ တှောမီဆိုရင်တော့ မင်းသိတတ်စ အရွယ်ထဲက မင်းအမေ မင်းအတွက် ဝယ်ပေးတဲ့ ရေမွှေးဟာ ဒီတစ်မျိုးထဲပဲ ဖြစ်လိမ့်မယ်။ ဘာလို့လည်း ဆိုရင် အဖေက ဒီရေမွှေးကို အရမ်းကြိုက်ခဲ့တယ်။ မင်းအမေဟာ အဖေ ဒီရေမွှေး ဆွတ်လာရင် အဲဒီအနံ့ကို သိပ်ကြိုက်လွန်းလို့ ခဏခဏ ခိုးခိုး ရှူဖူးပါသတဲ့။

မင်း အကဿငျီကို ယောင်ပြီး နမ်းမိသွားလိမ့်မယ်။ အဲဒီနောက် တစ်ခုခု ဟုတ်နေပါလားဆိုပြီး မျက်မှောင်ကျုံ့ သွားလိမ့်မယ်။ ဟော ဘာကြောင့်များ ဒီလောက် သိနေရတာလည်း ဆိုပြီး မင်းပြုံးလိုက်ပြီ။ ထပ်ပြောပြ ဦးမယ်သား။ မင်းပြုံးလိုက်တဲ့ အခါ ဘေးမှာ သွားထက်လေးတွေ ပှေါသွားတတ်တယ်။ အဲဒါဟာ မင်းအမေဆီက ဗီဇမျိုးဆက်ပဲ။ မင်းအမေဟာ မညီညာတဲ့ သွားတက်လေးတွေနဲ့ အဖေ့အတွက်တော့ ချစ်ဖို့ သိပ်ကောင်းခဲ့ ဖူးပါတယ်။

မင်း အဖေ့အကြောင်း မေးတိုင်း မင်းအမေဟာ ပုံပြင်ဆန်ဆန် ဇာတ်လမ်းတွေကို ပြောပြလိမ့်မယ်။ တကယ်တော့ ဒါတွေဟာ တစ်ခုမှ မဟုတ်ပါဘူး။ အဖေဟာ သူ့ကို သိပ်ချစ် သိပ်မြတ်နိုးခဲ့တယ်။ သူကလည်း အဖေ့ကို ချစ်ခဲ့ မြတ်နိုးခဲ့ပါရဲ့။ နှစ်ဦးသား နားလည်မှု တွေလည်း ထားခဲ့ကြတယ်။ ဒါပေမယ့် ပြသနာက အဲဒီ နားလည်မှုဟာ အဓိပဿပါယ် ကွဲလွဲနေတာပဲ။ အဖေ လက်ခံတဲ့ ချစ်ခြင်းတရားနဲ့ မင်းအမေ လက်ခံတဲ့ ချစ်ခြင်းတရားက လွဲနေကြတယ်။ မချစ်ဘူးလားဆိုရင် ချစ်ကြပါရဲ့။ ဒါပေမယ့် အဲဒီလို မမြင်နိုင်တဲ့ ကွဲလွဲချက် သေးသေးလေးကပဲ အဖေတို့ နှစ်ဦးသားကို ဝေးစေခဲ့တယ်။ မင်းအမေက အဖေ့ကို သိပ်မုန်းခဲ့တယ်။ အချစ်ကြီးလို့ အမျက်ကြီးတယ် ဆိုတာမျိုး ပေါ့ကွာ။

သားကို ပြောမယ့်သာ ပြောနေရတယ်။ သားအဖေ့ကို ဘယ်တုန်းကမှ ကျေနပ်ခဲ့မှာ မဟုတ်ဘူးဆိုတာ အဖေ သိပါတယ်။ မင်းဟာ အဖေ့ကို လူဆိုးတစ်ယောက် တာဝန်မကျေတဲ့ အဖေတစ်ယောက် အနေနဲ့ မြင်နေခဲ့မယ် ဆိုတာ အဖေသိတယ်။ ဒီအတွက် မင်းအမှန်တရားကို သိအောင်လို့ ဒီစာကို အဖေရေးခဲ့တာပဲ။ ဒီနေ့ဟာ မင်းအသက် ၂၀ ပြည့်တဲ့ နေ့ပေါ့။ မင်းအမေက မင်းကို ဘယ်မှ မသွားရဘူးဆိုပြီး အိမ်မှာ နေခိုင်းထား လိမ့်မယ်။ မင်းက ကောင်မလေး တစ်ယောက်နဲ့ နေ့လည်စာ အတူစားဖို့ ချိန်းထား လိမ့်မယ်။ သေချာပါတယ် မင်းအမေဟာ မင်းကို ပေးလွှတ်မှာ မဟုတ်ဘူး။ ဒီလိုနဲ့ အိမ်တံခါးကို သော့ခတ်ပြီး သူအပြင် ထွက်သွားလိမ့်မယ်။ မင်းအတွက် ဘုရားမှာ သွားဆုတောင်းတာပေါ့။ စိတ်ညစ်ညစ်နဲ့ မင်းက မင်းအမေ ဘာကြောင့် ဒီလို ဒေါသတကြီးနဲ့ ချုပ်ခြယ် တတ်ရတားလည်း ဆိုတာကို စဉ်းစားရင်း မင်းအမေရဲ့ အခန်းထဲကို ဝင်မွှေလိမ့်မယ်။ အဖေနဲ့ ပတ်သတ်ပြီး ဘာများ သိရမလဲပေါ့။ ပထမဆုံး တွေ့မှာကတော့ သူ့ဒိုင်ယာရီပဲ။ ခေါင်းအုံးအောက်မှာ သူထားတတ်တယ်။ အရင်ကတော့ သူဟာ ဒိုင်ယာရီရေးတာ ဝါသနာ မပါခဲ့ဘူး။ အဖေနဲ့ ရည်းစားဖြစ်ပြီး ချိန်ကစလို့ သူစရေးခဲ့တာ ဒီနေ့အထိ ရေးနေဆဲ ဖြစ်မှာပါပဲ။ မင်း အဲဒီစာအုပ်ကို ယူပြီး သူ့အခန်း ထဲကနေ ထွက်ပြီးတော့ မင်းအခန်းကို မင်းပြန်လာလိမ့်မယ်။ ဒိုင်ယာရီထဲမှာ မင်း အဖေ့နာမည်ကို အရင်ဆုံး ရှာလိမ့်မယ်။ တွေ့မှာ မဟုတ်ဘူး။ သူက အဖေ့နာမည်ကို N ဆိုပြီး အဓိပဿပါယ်ဝှက်နဲ့ ရေးထားလိမ့်မယ်။ မင်းဖတ်ရပါလိမ့်မယ် နာကျင်မှုတွေအကြောင်း။ ဒီလိုဖတ်ရင်းနဲ့ N ရဲ့အကြောင်းကို ရောက်သွားတိုင်း မင်းတစ်ခုခုကို သတိထားမိလာလိမ့်မယ်။ အဲဒါက ပန်းချီကားတွေ။ အဖေ မမှားဘူးဆိုရင် အဖေ့ရဲ့ ပန်းချီကားတွေ အကြောင်း သူရေးထားလိမ့်မယ်။ အဲဒီလို ခဏခဏ သတိပြုမိလာတဲ့အခါ မင်းစိတ်ထဲမှာ အိမ်ရှေ့ခန်းက အနီရောင်ရဲရဲ ကခုန်နေသူလို့ အဓိပာယ်ရတဲ့ ပန်းချီကားကို သွားသတိရ လိမ့်မယ်။ အဲဒီအခါ ချက်ခြင်းထပြီး မင်းအိမ်ရှေ့ခန်းကို ထွက်လာလိမ့်မယ်။ မင်းအဲဒီ ပန်းချီကားကို ကြည့်မယ်။ ပြီးတော့ ဖြုတ်ဖို့ ကြိုးစားမယ်။ လွယ်လွယ်နဲ့တော့ ရမှာ မဟုတ်ဘူး။ မင်းအမေဟာ ဖုန်သုတ်ရုံကလွဲပြီး ဒီပန်းချီကားကို မထိခဲ့တာ မင်းအသက် အထိပေါ့။ နောက်ဆုံးတော့ မင်းဖြုတ်တာ အောင်မြင်သွား လိမ့်မယ်။ အဲဒီအခါ အဲဒီ ပန်းချီကားရဲ့ နောက်မှာ ဒီစာအရှည်ကြီးကို မင်းတွေ့တာပဲပေါ့။

သား

ဒီနေ့ဟာ မင်းအသက် ၂၀ ပြည့်တဲ့နေ့ ဖြစ်လိမ့်မယ်။ မင်းမသိခဲ့တဲ့ အဖေနဲ့ အမေတို့ အကြောင်းတွေကို သိသင့်တယ် ထင်လို့ မင်းအမေ နေတဲ့ အခန်းကို ခက်ခက်ခဲခဲ လာပြီး သူအခန်းထဲ ခဏဝင်သွားတုန်း အဖေ ဒီစာကို ဒီနေရာမှာ ထားခဲ့တယ်။ တကယ်တော့ ဒီစာရေးနေချိန်မှာ ဒါတွေက မဖြစ်သေးပါဘူး။ အဖေက စားပွဲပှေါမှာ ရှိနေဆဲ ဖြစ်သလို မင်းအမေကလည်း ငိုနေဆဲ ဖြစ်ပါတယ်။ မင်းဒီစာ ဖတ်နေချိန်မှာတော့ မင်းအမေ အသက်က ၅၀ နှစ် ရှိနေလိမ့်မယ်။ အဖေကတော့ အေးစက် ခြောက်သွေ့တဲ့ အအေးခန်းတစ်ခုထဲမှာ ဒါမှမဟုတ် ဖန်ပုလင်းတွေထဲမှာ တစစီ ဖြစ်ကောင်း ဖြစ်နေလိမ့်မယ်။ တကယ်တော့လည်း ဒါတွေက အဖေမဟုတ်တော့ ပါဘူး။ အဖေ့ရဲ့ ရုပ်တွေ နာမ်တွေက ချုပ်ငြိမ်းသွားခဲ့ပြီး ဘဝတစ်ခုကို ကူးခဲ့ပြီး ဖြစ်လိမ့်မယ်။

ဒီအချိန်မှာ သူငိုနေ လိမ့်မယ်ဆိုတာ ငါသိနေတယ်။ ( မှတ်ချက် - ဒီစကားမှာ အထက်ပါ စာထဲက အကြောင်း အရာများနှင့် မဆိုင်ပါ။ ထိုစကားသည် ပထမလူ၏ ရေရွတ်သံ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ သူ မသေသေးကြောင်း အမှတ်ရပါ)

ဒုတိယပိုင်းပြီး၏။

ပထမပိုင်းအား ဖတ်ရှုရန် [ နှိပ်ပါ ]

Tags : NLS , Essay

No response to “ပထမဆုံးနဲ့ နောက်ဆုံးပုံပြင် ၂”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz