Tuesday, March 21, 2006

ကင်မရာနဲ့ ငါ

လပေါင်းများစွာ ထဲက လိုချင်နေမိတဲ့ ကင်မရာလေး အဖေက ဝယ်ပေးတယ်။ ငါက ငယ်ငယ်ကအတိုင်း ပိုက်ဆံ နည်းနည်း စိုက်တယ်။ ပျှောလိုက်တာ။ SLR တွေနဲ့ မရင်းနှီးသေးတော့ စမ်းသပ်နေရတယ်။ သူ့ရဲ့ ဝဘ်ဆိုက်တွေ သွားပြီး နည်းတွေ လေ့လာတယ်။ စမ်းရိုက်ကြည့်တယ်။ လက်ထဲမှာ ကိုင်ရတာကိုက အရသာ ရှိတယ်။ မန်နူရယ်လ် ရိုက်တာကို လေ့လာရဦးမယ်။ ကျှောသီဟစိုး ရှိရင် ကောင်းမယ်။ ဒီကောင်နဲ့ဆို ဒါမျိုးဘက် တွဲလုပ်ရတာ သိပ်ကောင်းတယ်။ သူက ကိုယ့်ထက်တောင် ဓါတ်ပုံဘက်ကို ခရေဇီ ဖြစ်သေးတယ်။ ပိုက်ဆံ နဲနဲ ချင်းစီ ထပ်စုပြီး သက်ဆိုင်တဲ့ ကိရိယာလေးတွေ ဝယ်ဖို့ ကြိုးစားဦးမယ်။ နောက်ဆို ဒီဇိုင်း လုပ်ချင်ရင် သူများဆီက ဖြတ်ညှပ်ကပ် လုပ်စရာ မလိုတော့ဘူး။ စိတ်ကူး ရတာနဲ့ ကိုယ့်ကင်မရာနဲ့ ကိုယ် ရိုက်လို့ ရပြီ။ အဖေနဲ့ အမေ့ကို ကျေးဇူးတင်တယ်လို့ ကိုယ့်ဘာသာ ပြောမိတယ်။

Tags : Diary , NLS

No response to “ကင်မရာနဲ့ ငါ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz