Friday, March 31, 2006

မိုးရေစက်များအကြောင်း

မိုးရေစက်များအကြောင်း


အရမ်းချစ်တယ်။ တိုးတိတ်စွာလည်း ညည်းတွားခဲ့ ဖူးတယ်။ အပွင့်လင်းဆုံးလည်း ဟစ်အှောခဲ့ ဖူးတယ်။ သူမဟာ အလင်း နတ်သမီး တစ်ဦးလည်း ဖြစ်ပါတယ်။ ကြယ်တွေ ညွှတ်ပြောင်းတဲ့ ညက စကြဝဠာမှာ ငါ့ကိုယ်ငါ ယာဇ်ပူဇှောရင်း သူမကို လွမ်းဆွတ်ခဲ့ ဖူးတယ်။ ငါဟာ အတဿတများစွာ ပိုင်ဆိုင်တဲ့ ပြတိုက်တစ်ခုပါ။ ငါဖြစ်နေရတာက ကှောဇောတစ်ချပ်။ ညနက်နက်ထဲက ဇရပ်ပျက် တစ်ဆောင်။ မီးတို့ လင်းလက်ခဲ့ ဖူးလေသည်။ အိပ်မရတဲ့ ညတွေမှာ ငါဟာ ပန်းတစ်ပွင့်ကို ဆေးရည်စိမ် ထားခဲ့တယ်။ ဖြစ်ချင်ခဲ့ တာကတော့ မီးလျှံတစ်ခုပါ။ လမ်းတွေမှာ တံလျှပ်တွေ ထင်လာကြ လကွယ်ညက ငါ့ကို ပြုစားသွား ခဲ့ပြန်တယ်။ ဒီလိုနဲ့ နေ့ရက်တွေ ကြာလာတော့ ရွှေရောင် အမှုန်အမှိုင်းတွေကို ဆွဲချွတ်ရင်း ချစ်သူပေးခဲ့တဲ့ လက်စွပ်လေး တစ်ကွင်း ပျောက်ခဲ့ရတယ်။ ချစ်သူ သတိတရ ဖြစ်နေတတ်တဲ့ နေ့စွဲတစ်ရက်ဟာ ငါသူ့ရှေမှာ ခြေစုံချ တမ်းတရင်း ချစ်ခွင့် ရချင်ခဲ့တဲ့ နေ့တစ်နေ့သာ ဖြစ်ခဲ့မယ်ဆိုရင် ခင်ဗျားတို့ရော ကျွန်တှော့ကိုယ်စား ဘယ်လို ကြည်နူးပေးကြမလဲ။ ကောင်းကင်ကို လေပြေတိုးလို့ မိုးတွေ ရွာချတိုင်း တိမ်ညိုတွေ ရိုင်းစိုင်းနေ လိုက်ကြတာ ငါမနာလိုခဲ့ ပါဘူးလေ။ ငါဟာ အရူးတစ်ယောက်ပါ။ ငါဟာ ရေသေမှာ ကူးခတ်မိနေခဲ့သူ တစ်ယောက်ပါ။ ငါ့ကိုယ်ငါ ပြန်တွေ့လိုက်တဲ့ နေ့ကတော့ ကောင်းကင်မှာ ပန်းပျိုးရမယ်လို့ ထင်ခဲ့မိတာကိုး။ အမှားမှား အယွင်းယွင်းနဲ့ အသောက်ခံခဲ့ရတဲ့ စီးကရက် တစ်လိပ်လို ဘဝမျိုး ငါ့မှာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။

အဲဒီ မျှောစင်ထိပ်ကို တက်လိုက်ပါ။ အဲဒီမှာ ပန်းတစ်ခင်း ပွင့်နေတာ မင်းတွေ့မှာပါ။ ချွေယူ နမ်းရှိုက် မင်းကြိုက်သလို (ဖျက်ဆီးချင်ဖျက်ဆီး) ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်။ ဒါပေမယ့် အဲဒီလို စိတ်ကူးမျိုး အစထဲက ရှိနေခဲ့မယ် ဆိုရင်တော့ ကောင်းကင်ကို ရေပုံးကြိုးဆွဲပြီး တက်မလာခဲ့ပါနဲ့။ ဒီပန်းတွေက မင်းရေဖြန်းမှ ပွင့်လာမှာ မဟုတ်ဘူးဆိုတာ ငါပြောပါရစေ။ ဒါဟာ ပွဲတှောတစ်ခု မဟုတ်ခဲ့ဘူး။ ဒါဟာ မျက်လှည့်ပြကွက် တစ်ခုမဟုတ်ခဲ့ဘူး။ မျဉ်းပြိုင် နှစ်ကြောင်းရဲ့ အနာဂတ်ကို ငါမျှောမှန်း ဖူးပါတယ်။ သူတို့မှာလည်း မရေရာတဲ့ မနက်ဖြန်တွေ ရှိနေတယ်။

ငါ ဆေးလိပ်တို တစ်ချောင်းလည်း ဖြစ်ခဲ့ဖူးပါတယ်။ လိုအင်ဆနဿဒ၊ ရောဂါ၊ ဘောလ်ပင်တစ်ချောင်း၊ နားလည်တတ်မှုနဲ့၊ ရနံ့များ။ ငါ မျက်ရည် တွေနဲ့လည်း ကြေကွဲရဲ ခဲ့ပြီ။ နင့်ကိုချစ်တဲ့ ငါလိုကောင်ရဲ့ သွေးကိုဖောက် ကနဿတာရမှာ ခမ်းခြောက် သွားအောင်ကို ဖျန်းပက်လိုက်စမ်းပါ။ ငါဆိုတဲ့ ကောင်ကတော့ ရင်ခုန်သံငွေ့ငွေ့နဲ့ ကိုယ့်ကိုကိုယ် ထူမတ်ပြီး ပြန်လည်ပတ် ပစ်လိုက်မယ်။ မိုးရွာထဲမှာ ခင်ဗျား ဘယ်လောက် လမ်းလျှောက်ဖူးသလဲ။ သူမကငြင်းတယ်။ ခေါင်းတော့မခါ။ ပန်းကလေး လှနေတာကို (အခုမှ) သတိတရ ကြည့်လိုက်မိခါမှ ရနံ့မရလိုက်တဲ့ သူတစ်ယောက်ကို မသနားကြပါနဲ့။ လူဆိုတာ ကိုယ်နဲ့ ထိုက်တန်တဲ့ လမ်းကို သွားရမြဲပါပဲ။

သံသယတွေ မင်းရင်ခွင်မှာ အသွင်ပြောင်း သွားတဲ့နေ့ ကျရင်သာ နင်ငါ့ကို သတိရပါတော့။ နှလုံးသားထဲ နစ်နေတဲ့အထိ ငါမင်းကို ချစ်ခဲ့တယ်။ တိုးတိတ်စွာ ငါတစ်ယောက်ထဲ ကြေကွဲခဲ့ရတဲ့ နေ့တွေကို နင်စာနာပါတော့။ လွမ်းတယ်။ ဝင်သက် ထွက်သက်တွေနဲ့သာ ဆိတ်ငြိမ် အေးစက်ခဲ့ရသော ငါ့ရဲ့ဘဝတွေ။ အရိပ်တွေနဲ့၊ လှုပ်ရှားသက်ဝင် ခဲ့ရတာတွေ။ ခံစားချက်။ အဖြူရောင် ကျောက်တုံး တစ်တုံးပှေါမှာ ရေးထားတဲ့ ဘာနဲ့မှ မဖှောပြနိုင်တဲ့ ကောင်းကင်တွေ နင်ပေးခဲ့ဖူးတယ်။

ကျွန်တှော.....
မိုးရွာထဲမှာ လမ်းလျှောက်ခဲ့ဖူးတယ်........
မိုးရွာထဲမှာ လင်းလက်လာမယ့် မီးအိမ်လေးကိုလည်း ငေးမောခဲ့ဖူးတယ်.......
တိမ်တွေနဲ့လည်း ယဉ်ပါးခဲ့ဖူးတယ်.......
မိုးရွာထဲမှာ တစ်ယောက်ထဲလွမ်းခဲ့ဖူးတယ်......
မိုးရွာထဲမှာ သူမကိုသတိရနေမိတယ်။


လင်းဆက်
Tags : NLS , Essay

No response to “မိုးရေစက်များအကြောင်း”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz