Sunday, March 12, 2006

မှန်

ဒီနေ့ မှန်ကြည့် နေရင်းနဲ့ လွန်ခဲ့တဲ့ ၅ နှစ်က အကြောင်းလေး သွားသတိရတယ်။ အဲဒီတုန်းက ပိုက်ဆံ မျက်နှာ တစ်ခုတည်းကို ကြည့်တတ်ကြတဲ့ သနားစရာ လူတွေရဲ့ အလည်မှာ ငါရဲ့ စိတ်ဓါတ်တွေ ဒုန်းဒုန်း ကျနေတဲ့ အချိန်ပေါ့။ ထွက်ပြေးလို့ ကလည်း မရ။ ပြင်ဆင်ခွင့်လည်း မရှိ။ တစ်နေ့တစ်နေ့ ကိုယ်အသက်ရှင် နေတယ် ဆိုတာကိုတောင် မေ့နေမိတယ်။ တစ်နေ့ မှန်ကြည့်မိတော့မှ ဪ ဒါ ငါ့ရုပ်ပါလား ဆိုပြီး တမျိုးကြီး ဖြစ်သွားခဲ့ရတယ်။ အခုလည်း ငါ့ကိုယ်ငါ မှတ်မှတ်ရရ မှန်ထဲမှာ တွေ့လိုက်ရပြန်တယ်။ ဒီလို ဖြစ်တာ ၂ ခါ ရှိပြီပေါ့။ ငါပျှောလားဆိုရင် ပျှောပါတယ်။ ငါမေပ်ာှဘူးလားဆိုရင္ မေပ်ာှပါဘူး။ သတ်မှတ်ချင်သလို သတ်မှတ်ပြီး နေထိုင်လိုက်တာ အကောင်းဆုံး နေမှာပါပဲ။ ဦးနှောက်တွေ တုန်းတုန်း လာလိုက်တာ။

Tags : NLS , Diary

No response to “မှန်”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz