Saturday, March 25, 2006

Bitter Sweet Symphony

ခေါင်းကိုက်ကိုက် ရှိတာနဲ့ အိပ်ယာထဲပဲ လှဲနေမိတယ်။ လူက နုံးနေတယ်။ အိပ်ချိန်တွေ လွဲနေတာ ပြသနာပဲ။ သီချင်းလေး နားထောင် ဦးမယ်ဆိုပြီး မရည်ရွယ်ဘဲ ဖွင့်လိုက်မိတာက Verve ရဲ့ Bitter Sweet Symphony ဖြစ်နေတယ်။ အိုးမိုင်ဂေါဒ့်။ ကျွန်တှော့ မျက်လုံးမှ မျက်ရည်များ ကျလာ၏။ ဘုရားစူးပါရဲ့။ ဘာမှတွေးမနေ ဆွေးမနေပါဘူး။ ဘယ်ကနေ ကျလာမှန်း မသိပါဘူး။ အဲဒါနဲ့ ထိုင်ပြီး ရယ်နေမိတယ်။ အရူးထင်ကြမလား မသိဘူး။ ဒီသီချင်းကို နားထောင်မိရင် တစ်ခါတစ်လေ ဒါမျိုး ဖြစ်တတ်တယ်။ အကြိုက်ဆုံး သီချင်း တစ်ပုဒ်လည်း ဖြစ်တယ်။ စာသားတွေထက် သူ့ရဲ့ တယောသံက စိတ်နှလုံးကို ကိုင်လှုပ်နိုင်စွမ်း ကြီးလွန်းလှတယ်။ သီချင်းနာမည်လေးကလည်း အဓိပဿပာယ် အများကြီး ရှိတယ်။ အခု ရေးနေတာ ကိုယ့်ဟာကိုယ် သဘောကျပြီးရယ်နေမိတဲ့ မျက်ရည်တွေနဲ့ လူတစ်ယောက်လို့ ကဗျာဆန်ဆန် ပြောရ ကောင်းမလား။ အင်း ဆက်နားထောင်လိုက်ဦးမယ်။ မနက်ဖြန် ဒီဘလှော့ခ်လုပ်စရေးတာ တစ်နှစ် ပြည့်တဲ့နေ့။ တှောတှောတောင် ရေးဖြစ်သွားတယ်။ ဒိုင်ယာရီဆိုရင် တစ်အုပ်ကုန်ပြီပေါ့။ ကဲ ပြန်အိပ် လိုက်ဦးမယ်။


Tags: NLS , Diary , Chao

No response to “Bitter Sweet Symphony”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz