Wednesday, February 22, 2006

Make Blogger Catagories


တစ်ခုခု လုပ်ပြီဆို တဇွတ်ထိုး စွဲစွဲ မြဲမြဲ လုပ်တတ်တဲ့ ကျွန်တှော့ ဉာဉ် ကလေးကြောင့် မနေ့ညက အိပ်ရေးပျက် သွားပါတယ်။ ၁၅နာရီ လောက် ကွန်ပြူတာမှာ ထိုင်ဖြစ်သွားတယ်။ စစချင်းက အကို Byteorder ရဲ့ ဘလောခ့်မှာ ကျွန်တှော သိပ်လုပ်ချင် နေတဲ့ ဒီဘလှော့ခ်ဂါမှာ Cagagories ခွဲလို့ရမယ့် ကုဒ်လေး သွားတွေ့လို့ပါ။ WordPress လို ခွဲလို့တော့ မရဘူးပေါ့။ ဒါပေမယ့် ဒီဘလောခ့်ဂါ မှာတင် Searching လုပ်ပြီး Keyword အလိုက် ခွဲပေးတဲ့ သဘောလေးပါပဲ။ ဒီတော့ ကျွန်တှောက Tags တစ်ချို့ကို Technorati မှာ လွတ်လွတ်လပ်လပ် တင်လို့ ရပြီပေါ့။ ကုဒ်ဒင်းက သိပ်မခက်ပါဘူး။ ခက်တာက ကီးဝါဒ်တွေ လိုက်ထည့် ရတာပါပဲ။ ကျွန်တှော ရေးခဲ့တဲ့ ပိုစ့်က ၃၅၀ ကျှော လောက်ရှိတော့ အဲဒါကို တစ်ခုချင်းစီ လိုက်ထည့် ရတာ တှောတှော ပင်ပန်းသွားပါတယ်။ အစ ကတည်းက စည်းစနစ် ကျကျ မလုပ်ခဲ့မိတော့ ကိုယ့်ဘာသာကိုယ် ပင်ပန်းအောင် လုပ်တာနဲ့ အတူတူပါပဲ။ Blogger Catagories လုပ်ချင်ရင် ထည့်ရတဲ့ Code လေးက ဒါမျိုးပါ။

(li)(a href="http://search.blogger.com/?ie=UTF-8&ui=blg&bl_url=nyilynnseck.blogspot.com&x=
0&y=0&scoring=d&as_q=%22NLS%22">>> NLS(/a)(/li)


ကိုယ့်ပိုစ့်တိုင်းမှာ Idea ဆိုတဲ့ ကီးဝါဒ် ပါရုံနဲ့ သူက အဲဒါနဲ့ ပတ်သတ်တာ လေးတွေကို ရှာပေးတာပါ။ ဒီထက် ပိုလွယ်ကူ အသုံးဝင်မယ့်ဟာ ရှိရင်လည်း ပြောပေးကြပါဦး။

အဲဒါပြီးသွားတော့ လူက ဆတ်ဆော့ပြီး SidebarTitle တွေကို မြန်မာလို ထပ်ပြင်ချင် စိတ်လေးက ပှေါလာပြန်ရော။ CSS တွေ Html တွေကို ရမ်းတုတ် သုံးစွဲနေတဲ့ ကျွန်တှောဟာ အဲဒါကို ပြင်ဖို့ CSS စတိုင်လ် ထဲမှာ လိုက်ရှာပါတယ်။ မတွေ့ဘူး။ ဘယ်တွေ့ပါ့မလဲ။ အိပ်ချင်မူးတူးနဲ့ လုပ်နေတော့ အကြံက ထွက်ကို မလာဘူးပေါ့။ ခေါင်းခြောက်လာလို့ ကှောဖီတစ်ခွက် သွားသောက်ပြီး စာနည်းနည်း သွားဖတ်တယ်။ ဖတ်နေရင်းကမှ သွားသတိရတယ်။ ကျွန်တှောက အဲလိုပဲ။ လွယ်တာတွေက တစ်ခါတစ်လေ ခက်ခက် နေတယ်။ ဦးနှောက်က နဲနဲ အနားပေးမှ ဉာဏ်နီဉာဏ်နက် လေးက ထွက်ထွက်လာတာ။ အဲဒါနဲ့ Sitebar-Title ဘေးမှာ Zawgyi-One ကို သွားသွင်း ပေးလိုက်တယ်။ အဲဒီကျမှ မီးလျှံမြေခွေး မှာရော အိုင်အီးမှာပါ ပှေါတော့တယ်။ ပှေါသာ ပှေါလာတယ်။ မြန်မာဖောင့်က သိပ်သေးနေလို့ H2 ကို H3ပြောင်းလိုက်တော့ မတရား ကြီးနေပြန်ရော။ ကြီးပါစေ % သုံးပြီး လျှော့ချ ပစ်လိုက်တယ်။ H3ကို 80% ထားလိုက်တာပေါ့။ အဲဒီကျမှ အဆင်ပြေသွားတယ်။ ကျွန်တှောက ကုဒ်ဒင်း သမား မဟုတ်ပါဘူး။ အဲဒါတွေလည်း ခေါင်းထဲမှာ မရှိပါဘူး။ ကျွန်တော့ ခံယူချက်က ကိုယ်လုပ်ချင်တာကို ကိုယ့်ဘာကို လုပ်နိုင်အောင် ကြိုးစားချင် တာပါပဲ။ အဲဒီအတွက် ကျွန်တှော့ ကုဒ်ဒင်းက ပရှောဖက်ရှင်နယ်လ် ဆန်ချင်မှ ဆန်လိမ့်မယ်။ ဒါပေမယ့် ကျွန်တှော ဘယ်သူ့ကိုမှ အကူအညီ တောင်းစရာ မလိုတော့ဘူးပေါ့။ ကျွန်တှော ထည့်ထားတာ ဒီလိုပါ။ အမှန်ကတော့ CSS မှာ ပြောင်းလို့ ရပါလိမ့်မယ်။ ဘယ်လို ပြောင်းရမှန်း မသိလို့ ကလိန်ကကျစ် လုပ်ထားတာပါ။ မင်းနှယ် ညံ့ရန်ကော လို့ ပြောရင်လည်း ခံရမှာပါပဲ ခင်ဗျား။ ကုဒ်တွေကို () အစား <>ပြောင်းဖတ်ကြပါဗျို့။

(h3 class="sidebar-title")(spanstyle="font-family:Zawgyi-One;")
(spanstyle="font-size:80%;")လာရောက်လည်ပတ်သူတွေ(/span)(/span)(/h3)

အဲဒါပြီးသွားတော့ ဦးနှောက်ထဲ နောက်တစ်ခု ရောက်လာတာ Google အကြောင်း။ အဲဒါကို စမ်းပြီး သဘောကျ နေလိုက်တာ ဟိုလျှောက်သွား ဒီလျှောက်သွားပေါ့။ အိပ်တော့မယ် ဆိုပြီး ကြည့်လိုက်တော့ မနက်လင်း နေပြီလေ။


Via : Byteorder , Code Source
Tags : Blogger Catagories , Technology , Idea

No response to “Make Blogger Catagories”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz