Saturday, February 25, 2006

အချစ်နဲ့ ပညာရေး

ကျွန်တှောနဲ့ ခင်တဲ့ ညီလေး နှစ်ယောက်ရှိတယ်။ သူတို့က ကွန်ပြူတာကို သိပ်တှောကြတယ်။ နှစ်ယောက် စလုံးက ၁၇-၁၈ ပေါ့။ သူတို့တွေက ကျွန်တှော့ကို ရင်ဖွင့်ကြတယ်။ သူတို့ရဲ့ အချစ်ရေးပေါ့။ နှစ်ယောက် စလုံးကလည်း ရည်းစား တစ်ခါမှ မထားဘူးသေးတော့ ဆီးဖြူသီးကို စကောထဲ ထည့်လှိမ့်သလို ဖြစ်နေတာပေါ့။ ကျွန်တှော့ကို မေးတဲ့ မေးခွန်းတွေကလည်း အများကြီးပါ။ အများဆုံး ကြုံရတာက ရှေ့ရေး အကြောင်းပါ။ ရည်းစား ဖြစ်မယ်မှ မကြံသေးဘူး သူတို့တွေ ရှေ့ရေး တွေးပူ နေကြတာကို တွေ့တော့ ကျွန်တှော ပြုံးမိပါတယ်။ ကျွန်တှော့ တုန်းကရော ဒီလိုပဲလား။ ကျွန်တှော ထင်တယ်။ ဒီအရွယ်ဟာ သိပ်ကို ရှေ့ရေး တွေးလွန်းတဲ့ အရွယ်ပါ။ အဲဒီလို စိုးရိမ်စိတ်တွေ များနေတော့ သူတို့တွေ တခြား ဘာမှ မလုပ်နိုင် တော့ပါဘူး။ စားလည်း ဒီစိတ် သွားလည်း ဒီစိတ်၊ အိပ်လည်း ဒီစိတ်နဲ့ ကိုယ့်ကိုယ်ကို ညှင်းပန်း ကြပါတယ်။ စာတွေလည်း မလုပ်ကြတော့ ပါဘူး။ သူတို့ကို ကျွန်တှောက ဒါမလုပ်နဲ့၊ ဒါလုပ်ရင် ဒီလို ဖြစ်လိမ့်မယ် လို့ ပြောတယ်။ သူတို့ မယုံကြဘူး။ ကျွန်တှော သူတို့ အရွယ်က ဖြတ်လာတယ် ဆိုတာ သူတို့ မေ့နေကြတယ်။ ကျွန်တှောက လူငယ်တွေကို ဘယ်တော့မှ မတားပါဘူး။ တားဆီးခြင်းဟာ လူတစ်ယောက်ရဲ့ အသိဉာဏ်ကို နှောင့်နှေး စေတယ်လို့ ကျွန်တှောက ယူဆပါတယ်။ လူငယ်ဆိုတာ ကိုယ်ထင်ရင် ထင်သလို လုပ်တတ်ကြပါတယ်။ အဲဒီတော့ ကျွန်တှောက သူတို့ကို ကောက်ကြောင်းပဲ ပြပါတယ်။ သူတို့တွေ လက်တွေ့ ကြုံတဲ့အခါ ကျွန်တှော ပြောတာထက် ပိုပြီး လေးလေးနက်နက် အသိ ရသွားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တှောဟာ သူတို့တွေကို တစ်ခုခုတော့ ပြောချင်ပါတယ်။ ဒါပေမယ့် အဲဒါက နိုင်ငံတှောနဲ့ ချီနေတော့ သူတို့တွေ စိတ်မဝင် စားကြပါဘူး။ သူတို့အတွက် အချစ်က နံပတ် ၁ ဖြစ်နေပါတယ်။ ညီလေး တစ်ယောက်က ပြောတယ် ။ အကို ကျွန်တှော သူ့ကိုမှ မရရင် သတ်သေ တော့မယ်တဲ့။ ကျွန်တှောက ရယ်တော့ အကိုမယုံ ဘူးလားတဲ့။ ကျွန်တှောက မယုံတာ မဟုတ်ပါဘူး။ အရွယ်နဲ့ အတွေ့အကြုံရဲ့ ပြောင်းလဲမှုကို သတိရမိလို့ သဘောကျ သွားတာပါ။ နောင် ၂ နှစ်လောက် နေတဲ့အခါ အဲဒီ ကောင်မလေးတွေက သူတို့ကို ပြန်မချစ်လာ နိုင်ဘူးလို့ ဘယ်ပြောနိုင် မလဲ။ ဒါပေမယ့် အဲဒီအရွယ်က အခု ရေတွင်းတူး အခု ရေကြည်သောက် ချင်တဲ့ အရွယ် ဖြစ်နေတာ ခက်တယ်။ နောင် သူတို့တွေ ကျွန်တှော့အရွယ် ရောက်လာတဲ့အခါ ကျွန်တော့လိုပဲ အရင်က ကုန်သွားတဲ့ အချိန်တွေကို ပြန်လိုချင်လာမယ်။ နှမြော တတ်လာမယ်။ ထို့အတူပဲ ဒီခံစားမှု လေးတွေကိုလည်း ပြန်သတိရ ကြဦးမှာပါ။ အဲဒီအခါ ခံစားမှု ဆိုတာ ကိုင်တွယ်ဆုပ်ကိုင် ထားလို့ မရဘူးဆိုတာနဲ့ အချိန်နဲ့ ပညာဟာ ကိုယ့်အတွက်၊ တိုင်းပြည်အတွက် ဘယ်လောက် အရေးကြီးတယ် ဆိုတာ သူတို့တွေ သိသွားကြမှာပါ။ ကျွန်တှောတို့ ခေတ်မှာ ကျည်ပွေ့က အတက်ပေါက်တယ် ဆိုတဲ့ စကားက ခေတ်အောက်သွား ပါပြီ။ ငယ်ရွယ်စဉ် ကတည်းက စူးစူးနစ်နစ် ကြိုးစားမှ နောင်အခါ လူတွေအားလုံးနဲ့ မတူတဲ့ လူတစ်ယောက် ဖြစ်လာမှာပါ။ လူတိုင်းနဲ့ တူရတာ လွယ်ပါတယ်။ လူတိုင်းနဲ့ မတူရတာက သိပ်ကို ခက်ပါတယ် ခင်ဗျား။ ကျွန်တှော့ ညီလေးတွေ အချစ်ရေး အဆင်ပြေပြီး ပညာကို တစိုက်မက်မက် လေ့လာ နိုင်ကြပါစေလို့ ကျွန်တှောက ဆုတောင်း ပေးလိုက်ပါတယ်။

Tag: Diary , Idea

No response to “အချစ်နဲ့ ပညာရေး”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz