Thursday, February 9, 2006

ဘာမှမသိဘဲခရီးသွားတဲ့ ခြေထောက်တွေ (၂)

အပိုင်း (၂)

ဒီလိုနဲ့ ကျွန်တှော သွားနေလိုက်တာ နေ့များစွာ ကုန်ဆုံးသွားတယ်။ တခါတရံတော့ ဘယ်မှမသွားဘဲနဲ့ တောင်ကုန်း တစ်ကုန်းရဲ့ ထိပ်ကိုတက်ပြီး နေစထွက်တာကနေ နေဝင်ချိန်အထိကို ကျွန်တှောကြည့်နေမိတယ်။ တခါတလေတော့လည်း တစ်ညလုံးထိုင်ရင်း ကောင်းကင်က ကြယ်တွေကို ခြေပစ်လက်ပစ် ကြည့်နေမိတယ်။ တခါတလေတော့ ရိုးပြတ် တောတွေထဲမှာ အကြောင်းမဲ့ လမ်းလျှောက်နေမိတယ်။ တခါတလေတော့ ကလေးတွေ ငါးမျှားနေတာ ထိုင်ကြည့်ရင်း ကျွန်တှော့ကို မျှားခဲ့တဲ့ လောကကြီး အကြောင်းကို တွေးနေမိတယ်။ တခါတလေတော့ ကျွန်တှော တစ်ယောက်တည်း သီချင်းလေးတွေ ဆိုညည်းဖြစ်တယ်။ တခါတလေ မိုးထဲလေထဲမှာ လမ်းလျှောက် ပစ်လိုက်တယ်။ တခါတလေတော့လည်း ဘုရားပုထိုး တွေပှေါတက်ရင်း ဆွဲလွဲသံ လေးတွေကို နားစိုက်ထောင်မိတယ်။

ကျွန်တှောဟာ နယ်မြေဒေသများစွာကို ရောက်ခဲ့တယ်။ ဒါပေမယ့် ကျွန်တှောရောက်ခဲ့တဲ့ နေရာတွေဟာ ဘာတွေလည်း ဆိုတာကိုတော့ ကျွန်တှော မမှတ်မိတော့ဘူး။ မြို့တစ်မြို့ နယ်တစ်နယ်ကို ရွာတစ်ရွာကို ရောက်တဲ့အခါ အဲဒီဒေသရဲ့ နာမည်ကို ကျွန်တှောဟာ ဘယ်တော့မှ မမေးမိခဲ့ပါဘူး။ ဒီခရီးကို ထွက်လာခြင်းရဲ့ တစ်ခုသော ရည်ရွယ်ချက်က ကျွန်တှော့ မှတ်ဉာဏ်ထဲမှာ များများစားစား သိမ်းထားမိခဲ့တဲ့ အမှတ်အသားတွေ အားလုံးကို တစတစ ပြန်ထုတ်ပစ်လိုခြင်းကလည်း အဓိက အကြောင်းတစ်ခု ဖြစ်တာကြောင့် ကျွန်တှောဟာ နောက်ထပ်အပို ဝင်လာမယ့် အရာတွေအားလုံးကို တတ်နိုင်သမျှ ရှောင်ကြဉ်ခဲ့တယ်။ လူပေါင်းများစွာကို ကျွန်တှောတွေ့ခဲ့တယ်။ လမ်းပေါင်း များစွာကို ကျွန်တှော သွားခဲ့တယ်။ အစာငတ်နေတဲ့ သူတွေတွေ့တဲ့အခါ ကျွန်တှော့မှာ ပါလာတဲ့ မုန့်တချို့ကိုဝေမျှခဲ့တယ်။ ကျွန်တှော့မှာ ပိုက်ဆံတစ်ပြားမှ မရှိတော့တဲ့အခါ ကျွန်တှောဟာ ရောက်ရာအရပ်မှာ ရရာအလုပ်ကို ဝင်လုပ်ရင်း တစ်နေ့စာ အတွက် ပိုက်ဆံကိုရှာခဲ့တယ်။ နေ့ခင်းအချိန်တွေမှာ ကျွန်တှောဟာ လူကြီးသူမတွေနဲ့ စကားပြောပြီး လသာညတွေဆိုရင် ကလေးငယ်တွေကို ပုံပြောပြဖြစ်တယ်။ ကျွန်တှောနဲ့ အသွင်မတူသူများ တွေ့တဲ့အခါ ကျွန်တှောပြုံးရယ်နေခဲ့ပြီး ကျွန်တှောနဲ့ အသွင်တူသူ များကို တွေ့တဲ့အခါ ကျွန်တှော သွားရောက် နှုတ်ဆက် လိုက်ပါတယ်။ ကျွန်တှော့အတွက် ခရီးမြန်ဆန်ခြင်းက အဓိက မကျဘဲ ခရီးသွားခြင်းကသာ အဓိက ကျတာကြောင့် ကျွန်တှောဟာ လမ်းခရီး တစ်လျှောက်လုံး ဘယ်ယာဉ် ရထားကိုမှ မစီးနင်းခဲ့ပါဘူး။ ကျွန်တှော့ ခြေထောက်တွေဟာ ကျွန်တှော့ ယာဉ်ရထား ဖြစ်ပြီးတော့ ကျွန်တှော့ နှလုံးသားက ကျွန်တှော့ မောင်းနှင်အား ပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ ခရီးတွေ တစ်ခုပြီး တစ်ခု သွားရင်း တစ်ညနေ မှာတော့ ကျွန်တှောဟာ ရွာလေးတစ်ရွာ မရောက်ခင် တောစပ်လေး တစ်ခုမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျှောသွားခဲ့တယ်။


အပိုင်း ၁ ကို ဒီနေရာမှာ ဖတ်ပါ

Essay

No response to “ဘာမှမသိဘဲခရီးသွားတဲ့ ခြေထောက်တွေ (၂)”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz