Saturday, February 18, 2006

အမည္မေပးရေသးတဲ့ဝတဿထု


ဆောင်းလေဟာ အရိုးထဲသို့ တိုးဝင်သွားတယ် ထင်ရလောက်အောင်ကို စူးစိုက် တိုက်ခတ်နေတယ်။ အခန်းရဲ့ မှန်ပြူတင်းတွေမှာ တွဲခိုနေတဲ့ မိုးနှင်းစက်တွေကို အဓိပဿပာယ်မဲ့ သူမ ငေးကြည့်နေမိတယ်။ ဒီဒေသမှာ ဆောင်းရာသီ ဆိုပေမယ့်လည်း မိုးနဲ့ တွဲနေတယ်။ မိုးက အခါမရွေး ရွာတတ်တယ်။ တစ်ခါတစ်လေ မနက်မိုးလင်းကစပြီး တစိမ့်စိမ့်နဲ့ ရွာနေလိုက်တာ တစ်နေ့လုံးပဲ။ ကောင်းကင်မှာ အမြဲ မိုးသားတွေနဲ့ ပြည့်နေတတ်တယ်။ မနက်ဆိုရင် နှင်းတွေ ဖွဲဖွဲလှုပ်အောင် ကျတတ်ပြီး နေကို မမြင်ရသလောက်ပါပဲ။ နှင်းတွေကို ကျွန်မ ချစ်ပါတယ်။ ကျွန်မ ချစ်တာထက်ကို စည်သာက ပိုချစ်တယ်။ ရာသီဥတုအေးရင် အအေးမိတတ်တဲ့ စည်သာဟာ ဘာလို့ နှင်းတွေကို ဒီလောက်ချစ်မှန်း ကျွန်မ မသိပါဘူး။ သူတစ်ခါတစ်ခါ စိတ်လိုလက်ရ ရှိရင် ကျွန်မကို ပြောပြတတ်တယ်။ သူစိတ်ညစ် ချိန်တွေဆိုရင် ဒီအိမ်ကြီးကနေ ထွက်သွားပြီး ကျောက်ဂူတွေဆီ လျှောက်သွားသတဲ့။ တစ်ခါတစ်လေတော့ ကှောဖီဆိုင် သေးသေးလေး တစ်ခုမှာ သွားထိုင်ပြီး ကှောဖီတစ်ခွက်သောက်ရင်း နှင်းတွေကျတာကို ငေးနေပါသတဲ့။ သူဟာ စိတ်ကူး သိပ်ယဉ်တယ်လို့ ကျွန်မ ထင်တယ်။ တစ်ခါတစ်လေ လည်း တစ်ယောက်တည်း စကားတွေ ပြောနေတတ်တယ်။ ဆိုက်ကို လို့ ကျွန်မ စရင် မျက်မှောင်ကြုံ့ရင်း ပြုံးပြီး ကြည့်တတ်ပါတယ်။ သူနေ့စဉ်ပြောတဲ့ အကြောင်းအရာတွေထဲမှာ နှင်းစက်တွေ၊ ထင်းရူးပင်တွေ၊ သူတို့ မြို့လေးက ချစ်စရာ ဓလေ့လေးတွေ၊ တိုင်းရင်းသားတွေ၊ အနီရောင်မြေသားတွေ၊ စိမ့်ထွက်နေတဲ့ ရေတွေ၊ ထူးဆန်းတဲ့ ဂူကြီးတွေ၊ သူတို့ အိမ်ကြီးရဲ့ ဆန်းကြယ်မှုတွေ စတဲ့ အကြောင်းအရာတွေ တစ်ခုမဟုတ်တစ်ခု အမြဲပါပါတယ်။ ပြောတိုင်းလည်း ဘယ်တော့မှ မထပ်ပါဘူး။ ကျွန်မတို့ရဲ့ အိမ်လေးကို သူလာလည်ပြီဆိုရင် တစ်အိမ်သားလုံး သူပြောပြတဲ့ အကြောင်းအရာတွေကို ထိုင်နားထောင်ရတာ အမောပါပဲ။


အမည္မေပးရေသးတဲ့ဝတဿထုတစ္ပုဒ္မွ -
Essay

No response to “အမည္မေပးရေသးတဲ့ဝတဿထု”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz