Friday, February 10, 2006

ကြယ်ငေးချင်တဲ့ကောင်




ကြယ်တွေကို ကြည့်ရတာ ပျှောဖို့ကောင်းတယ်။ တခါတုန်းက ကျွန်တှောဟာ ညပေါင်းများစွာ ကြယ်တွေကို တစိုက်မက်မက် ကြည့်ဖူးတယ်။ သူတို့ရဲ့ ကြယ်ပုံပြင်တွေကို လိုက်ရှာဖတ်ပြီး ရုပ်ပုံတွေကို ဖှောကြည့်တယ်။ စိတ်ကူးယဉ် ဆန်တယ်လို့ ပြောရင်လည်း ခံရမှာပါပဲ။ ဒါပေမယ့် ညနက်နက်မှာ ကြယ်တွေကြည့်ဖူးသူတိုင်း ထူးခြားတဲ့ ခံစားမှုတစ်ခုကို ရကြမှာပါ။ သူတို့မှာ ဆန်းပြားတဲ့ နောက်ခံ ဇာတ်လမ်းလေးတွေ ရှိနေတယ်။ ကျွန်တှော အခုနေတဲ့ နေရာမှာတော့ သစ်ပင်တွေ တိုက်တာတွေ နဲ့မို့ ဟိုးအရင်ကလို လွတ်လွတ်လပ်လပ် ကြယ်တွေကို မငေးမော နိုင်တော့ဘူး။ စကဿငာပူ မှာတုန်းကလည်း မြို့ကမီးရောင်တွေကြောင့် ကောင်းကင်ကို သေချာ မမြင်တွေ့နိုင်ခဲ့ဘူး။ ဗန့်ဂိုး ပြောတဲ့ လူတွေဟာ သေသွားပြီးတဲ့ အခါ ကြယ်တွေ ဖြစ်သွားနိုင်သတဲ့လား။ မင်းသားလေးတစ်ယောက် နေတဲ့ မှိတ်တုတ်မှိတ်တုတ် ကြယ်ကလေး တစ်လုံးဟာ ကျွန်တှောတို့ မျက်စိအောက်မှာ ပျောက်နေခဲ့တယ်။ ကလေးဘဝကလို လွတ်လပ်စွာ ကြယ်ငေးခွင့် မရတော့တဲ့ ကျွန်တှောဟာ ကွန်ပြူတာမှာ Virtual Astronomy Software လေး တစ်ခု တင်ထားပြီးပဲ ကြည့်နေခွင့် ရတော့တယ်။ ဒီ ဆော့ဖ်ဝဲလ် လေးက သိပ်ကို ကောင်းပါတယ်။ မြို့ရဲ့ ရောင်စုံ လှောင်ချိုင့်ထဲမှာ ပိတ်မိနေကြတဲ့ ကြယ်ငေးချင်တဲ့ သူတွေအားလုံး ဒါလေးကနေ ငေးခွင့် ရပြီပေါ့။ ဒါပေမယ့်လည်း ဟင်းလင်းပြင်အောက်မှာ လွတ်လွတ်လပ်လပ် ငေးမောခွင့်ကိုတော့ ကျွန်တှော အခုချိန်အထိ တပ်မက် နေဆဲပါ။ တချိန်ချိန်ပေါ့ ပြန်ရခွင့် ကြုံမယ်လို့ မျှောလင့်မိပါတယ်။


Source : Stellarium
Astronomy , Stars , Software

No response to “ကြယ်ငေးချင်တဲ့ကောင်”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz