Sunday, February 26, 2006

ငါ့ဓါးသွားများ ငါ့ကိုယ်ထဲ ပြန်မစိုက်မီအထိ

ငါ့ဓါးသွားများ ငါ့ကိုယ်ထဲပြန်မစိုက်မီအထိ



သူ့နာမည်က မောင်ချာလီပါ
အားလုံးကို ပျှောရွှင်စေရင်း ဟန်ဆောင်ဖုံးကွယ်တတ်သူပါ
သူပျှောရင် အားလုံးပျှောကြတယ်
သူမပျှောလည်း အားလုံးပျှောရမယ်
သူ့ကို လူရွှင်တှော ချာလီလို့ သူတို့ခှေါကြတယ်။

တစ်ခုသော မျောက်နှစ်မှာ မောင်ချာလီကို မွေးတယ်
သူ့မှာ ကောက်ကွေးနေတဲ့ ဆံပင်လေးတွေနဲ့
မွေးကတည်းက စကားကို မပီကလာ စပြောခဲ့သတဲ့
ကံမကောင်းချင်တော့ သူ့ခမျာ ယိုယွင်းနေတဲ့ခေတ်ကြီးမှာမှ
သင်လွယ်ကြားလွယ် တတ်လွယ်မြန်လွယ်နဲ့
ဉာဏ်လေးက ကောင်းပြန်တယ်
သင်လွယ်ကြားလွယ် ဆိုတော့လည်း
သူ့ခမျာ သင်ဟယ်ကြားဟယ်ပေါ့
မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့
ရေကိုဆန်ရင်း ဘဝကို ဖြတ်သန်းခဲ့တယ်။

မင်းမှာ သူများတွေလို ပေးစရာ ဘာလက်ဆောင် ရှိလဲလို့
လောကကျောင်းထဲမှာ ဆရာကမေးတော့
ချာလီက ပြုံးရင်း ပြန်ပြောတယ်
ကျေးဇူးပြုပြီး ကျွန်တှော့အပြုံးတစ်ခုကိုသာ ယူပါဆရာတဲ့
ဟုတ်ပါလိမ့်မယ်
သူ့မှာ အပြုံးတစ်ခုကလွဲလို့ သူများကိုပေးစရာ ဘာများရှိလို့လဲ
ဒီလိုနဲ့ ဆရာက သူ့ကို လူရွှင်တှော နဲ့ မျက်လှည့်အတတ်ကို
သင်ပေးလိုက်တယ်။

ချာလီဟာ အရပ်တကာလှည့်ပြီး မြို့တကာ ရောက်ခဲ့တယ်
လူတွေက ကြိတ်ကြိတ်တိုး ချာလီ့ကို အားပေးကြတယ်
ချာလီ မျက်နှာမှာ အရောင်တွေချယ်ပြီး မပြဖို့ တောင်းဆိုကြတယ်
သူတို့က သဘာဝကျကျ ရွှင်မြူးနေတဲ့ မျက်နှာလေးကိုသာ
မြင်လိုကြသတဲ့
အဲဒီအခါ လူတွေကို ပျှောရွှင်စေလိုသူ ချာလီဟာ
သာမန်ထက် ပိုပိုပင်ပန်းတော့တယ်
သာမန်ထက် ပိုပို ပြုံးနေရတော့တယ်
သာမန်ထက် ပိုပို ဟန်ဆောင်လာရတော့တယ်

ပထမပိုင်းမှာ လူရွှင်တှော အလုပ်ကို လုပ်တယ်
ဒုတိယပိုင်းမှာ မျက်လှည့်ကို ပြတယ်
ဆိုပါစို့
ပထမပိုင်းမှာ လူတွေကို ဟန်ဆောင်ပြီး
ဒုတိယပိုင်းမှာ လူတွေကို လှည့်ဖျားတယ်လို့။

ဒီလိုနဲ့
ဒီလိုနဲ့
ဒီလိုနဲ့

တစ်နေ့မှ ချာလီသေသွားတယ်
သူ့မျက်နှာက ပြုံးနေတယ်
သူတကယ်ပြုံးနေတာလား
ဟန်ဆောင်နေတာလား
ဘယ်သူမှ မသိကြပါဘူး
ဘာခြေရာ လက်ရာမှလည်း မတွေ့ကြဘူး
လူတွေကတော့ ထင်ကြေး အမျိုးမျိုး ပေးကြရဲ့
ဘဝကူး ကောင်းလိုက်တာတဲ့
သူ့နာမည် ချာလီလို့ ခှေါတယ်။ လူရွှင်တှော အလုပ်ကို မုန်းတယ် လို့
သူ့လက်ထဲမှာ စာလေးတစ်စောင် ရေးထားခဲ့တယ်
နောက်ဆုံးအနေနဲ့ လောကကြီးကို ဟန်ဆောင်သွားတာလည်း
ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။



က်ြန္ေတာှ ကဗ်ာ မေရးတာ ေတာှေတာှ လေတြ ေတာှေတာှျကာခဲ့ျပီ။ ဒီနေ့တော့ မှတ်မှတ်ယယ ဒီကဗျာလေးကို ထိုင်ရေးဖြစ်တယ်။ ပြီးသွားချိန်မှာ မနက် ၄ နာရီ ခွဲခဲ့ပြီ။ ဒီကဗျာဟာ ကျွန်တှော့ရဲ့ တခြား ကဗျာတွေနဲ့ မတူပါဘူး။ နောက်တစ်ပုဒ်စပ်လည်း ဒီလို ထွက်လာနိုင်မှာ မဟုတ်ပါဘူး။ အမှတ်တရပါပဲ။

Tags : Poems , Essay

No response to “ငါ့ဓါးသွားများ ငါ့ကိုယ်ထဲ ပြန်မစိုက်မီအထိ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz