Friday, February 24, 2006

ရတနာဂီရိ


ကျွန်တှော ဒီနေ့ အိပ်ယာက နိုးတော့ နေ့လည် ၃ နာရီ။ အိပ်မက်တွေ ကလည်း သိပ်မကောင်း လှဘူး။ ဘာဖြစ်လို့ စိတ်တွေ ကျဉ်းကျပ်လာရင် ရေတွေကို မက်နေမှန်း မသိပါဘူး။ ကျွန်တှော့ အိပ်မက်တွေမှာ ပင်လယ်ပြင် ကြီးတွေ၊ သဘေဿငာတွေ၊ တောင်တန်းတွေ အမြဲပါတယ်။ စိတ်ထဲမှာ သံမှိုလို စွဲနေတယ် ထင်ပါရဲ့။ ပျင်းပျင်း ရှိတာနဲ့ စာအုပ် တစ်အုပ် ဖတ်ဖြစ်တယ်။ အေးသိန်း ရေးတဲ့ ရတနာဂီရိမှ သီပေါမင်း ဆိုတဲ့ စာအုပ်။ အကြောင်း အရာကတော့ သိပ်ထူးထူး ခြားခြား သိပ်မဟုတ်ပါဘူး။ သဘေဿငာသား ဘဝနဲ့ သီပေါမင်း နေခဲ့တဲ့ ရတနာ ဂီရိကို အရောက် သွားကြည့်တဲ့ အကြောင်းပါ။ သူ့အတွက် အမှာစာ ရေးပေးထားတဲ့ လူတွေက တှောတှော ချီးမွမ်း ထားပါတယ်။ အခက်အခဲတွေ ကြားက မျိုးချစ်စိတ်နဲ့ သွားတဲ့သူတို့၊ ကိုယ့်ဘုရင်ကို ချစ်တဲ့သူတို့ စုံနေတာပါပဲ။ ဟုတ်ကဲ့။ ကျွန်တှော အညွှန်းတွေကို ဖတ်ပြီး အတှောလေး ရယ်ချင် သွားပါတယ်။ အိုကေပေါ့။ ဘယ်လိုများ အခက်ခဲတွေ ကြားက စွန့်စွန့်စားစား သွားခဲ့ သလဲပေါ့။ ဖြစ်ရလေ။ ဖတ်မိတဲ့ အချိန်တွေ နှမြောသွားတယ်။ ဦးအေးသိန်းရယ်။ သဘေဿငာသား ဘဝကို သိတဲ့လူတိုင်း ထိုင်ရယ်နေတော့မှာပဲ။ သူလိုက်တာ Cargo-Ship ဖြစ်ပါလိမ့်မယ်။ အဲဒီ သဘေဿငာတွေက ဆိပ်ကမ်း တစ်ခုမှာ ကပ်ရင် ၇ ရက်ကနေ ၁၀ လောက် ကြာတတ်တယ်။ ကုန်တင် ကုန်ချ ကလည်း အေးဆေး။ ဘာမှ ပူစရာကို မလိုဘူး။ သူ့ကို တရုတ် Chief-Officer ကနေ ဒီခရီးကို သွားချင်ရင် သွားပါ။ ဖြစ်လာသမျှ ပြသနာကို သူတာဝန် မယူနိုင်ဘူး၊ ကိုယ့်ဘာသာ ခံရမယ် ပြောလို့ ဇာတိမာန် နဲ့ ခံပြင်း မိသတဲ့။ ဖြစ်ရလေ။ ကျွန်တှောသာ Chief Officer ဆိုလည်း ပြောမှာဘဲ ခင်ဗျ။ အမှန်ဆို ကိုယ့်အလုပ် ကိုယ်လုပ်သင့်တာပါ။ ခွင့် ၂ ရက် ပေးတာကိုက လွန်လှပါပြီ။ ပြီးတော့ ဒါတွေကို မှတ်တမ်းတင်ဖို့ Cannon ကင်မရာ၂ လုံးကို ဒှေါလာ ၂၀၀၀ ပေးပြီး ဝယ်ခဲ့တာတဲ့။ အဲ အဲဒီခရီးစဉ် အတွက် ကလည်း ဒှေါလာ ၃၀၀ လောက် အကုန် ခံလိုက် ရသေးသတဲ့။ နောက်ဆုံး သီပေါမင်း မြေးတှော ဒှေါတုတု နဲ့ တွေ့ခဲ့တယ် ဆိုပါတော့။ တွေ့ဆုံ မေးမြန်းပြီး မှတ်တမ်းတွေ ယူခဲ့တယ် ဆိုပါတော့။ ပြန်ခါနီးမှ သူတို့မှာ နွမ်းပါးနေတာ တွေ့တာနဲ့ ရူပီး ၁၀၀၀ လှူခဲ့ ပါသတဲ့။ ကျွန်တှော ရယ်နေမိတော့တယ်။ အေဖာှေခါှသြားတဲ့ ကုလားတွေကိုတောင် ဒှေါလာ အများကြီး ပေးခဲ့သေးတာ နောက်ဆုံး တှောဝင် မိသားစု ကို လှူတော့မှ ဒှေါလာ ၃၀ လောက်။ ဖြစ်ရလေ ခင်ဗျာ။ ဒီ ဝတ်ထု ဖတ်ပြီး စဉ်းစား မိတာက မြန်မာတွေဟာ ခေတ်နောက်ပြန် ဆွဲတတ်လွန်းတာနဲ့ လက်ရှိကို မမြင်နိုင်တာတွေ ပါပဲ။ မြန်မာတွေ သူတစ်ပါး လက်အောက် မရောက်ခဲ့တာ မြန်မာတွေ ညံ့လို့ပါ။ ဘုရင်တွေ ညံ့လို့ပါ။ သမိုင်းမှာ ခေါင်းဆောင် ညံ့ရင် ပြည်ပျက်တာ သဘာဝပါပဲ။ ကျွန်တှောကတော့ သိပ်ထက်မြက်တဲ့ မင်းညီမင်းသားတွေကို အစုလိုက် အပြုံလိုက် သတ်ခဲ့တဲ့ ပြစ်မှု တစ်ခုနဲ့တင် ဒီဘုရင်နဲ့ အပေါင်း အပါတွေကို အတန်းအစား တစ်ခုမှာ ထားလိုက်ပါတယ်။ ကိုယ့်ဘုရင်ကို ကိုယ်မချစ်တဲ့ မျိုးချစ်စိတ် မရှိတဲ့ ကောင်လို့ ပြောရင်လည်း ခံရမှာပါပဲ။ ကျွန်တှောက Royal Family ကို လေးစားပါတယ်။ ဒါပေမယ့် ဘုရင်ထက် ပြည်ထောင်စုကို ပိုချစ်ပါတယ် ခင်ဗျား။ ကိုယ့်လူမျိုးကို ပိုချစ်ပါတယ် ခင်ဗျား။ သက်ဦးဆံပိုင် ပဒေသရာဇ် စနစ်ဆိုတာ သူတို့ အတွက်တော့ ကောင်းပါရဲ့။ ဒါပေမယ့် ပြည်သူတွေ အတွက်တော့ ကျီးလန့်စာစား ပါပဲ။ သမိုင်းမှတ်တမ်း ဝင်မယ့် ဓါတ်ပုံတွေ ရိုက်ကူးခဲ့တဲ့ အတွက်တော့ ကိုအေးသိန်းကို ကျေးဇူး တင်လိုက်ပါတယ်။ သမိုင်းဆိုတာမျိုးက မှတ်တမ်း တင်ပေးမယ့် သူရှိမှ တိတိကျကျ သိကြရတာကိုး။ စဉ်းစားစရာ တစ်ခုက မြန်မာပြည်က ဆွေတှော မျိုးတှောတွေ ဘာလို့ သူတို့ကို မကူညီ သလဲ. မထောက်ပံ့ ကြသလဲ ဆိုတာကိုပါ။ ဖြစ်နိုင်တာ တစ်ခုက သီပေါမင်း သမီးတှောက ကုလားကို ယူခဲ့လို့ ဖြစ်ပါလိမ့်မယ်။ ဘာပဲ ဖြစ်ဖြစ် တစ်နေ့ကျရင်တော့ ကျွန်တှောလည်း အဲဒီဒေသကို သွားကြည့် ပါဦးမယ်။ သမိုင်း မှတ်တမ်းဝင် တစ်ခုခု တွေ့လို တွေ့ငြားပေါ့။


Idea , Diary

No response to “ရတနာဂီရိ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz