Tuesday, February 28, 2006

အရင်အတိုင်းပဲ မြန်မာ

အိမ်မှာ စလောင်းလေး ထောင်လိုက်တော့ မြန်မာပြည်က တီဗီ အစီအစဉ်လေးတွေ ကြည့်လို့ ရပြီခင်ဗျ။ ဘာများ ထူးခြား လာမလဲလို့ ထိုင်ကြည့်မိတယ်။ နေမြဲ အတိုင်းပါပဲ ခင်ဗျား။ ကြှောငြာတွေမှာ ဒါရိုက်တာတွေ နာမည်ကြီးထိုးတုန်း၊ မင်းသား မင်းသမီးတွေ ပြေးတုန်းလွှားတုန်း၊ သီချင်းတွေ တေက်ာှေက်ာှ ေအာှျပီး ကုန်စည်တွေကို ကြှောငြာနေတုန်း၊ အစိုးရရုံးပိတ် ရက်တွေတိုင်း ပြည်သူ ပြည်သားတွေ ဘုရားကျောင်းကန် တက်ပြီး ပျှောရွှင် အေးချမ်း နေတုန်းပဲ ခင်ဗျ။ အမျိုးတွေကတော့ ပြောတယ် မီးမလာတာ တှောတှော ကြာပြီတဲ့။ အင်ဗာတာတောင် အားမသွင်းနိုင်လို့ မီးစက် ဝယ်ထားရတယ်တဲ့။ ဘုရားဘုရား။ မီးမရှိတဲ့ နေရာမှာ နေရမှာတော့ မပျှောနိုင်ပါ။ မီးရှိမှ အလင်းရှိတယ်။ အလင်းရှိမှ တိုးတက်တယ်။ အမှောင်ဖုံးတယ် ဆိုတဲ့ စကားဟာ ဘာအတွက်မှ မကောင်းဘူးလေ။ ဪ မြန်မာပြည် ပထမဆုံး မီးအရင် ပြည့်ပြည့်ဝဝ ရပါစေ။ မန်း သတင်းတွေ ကြားနိုင်ဖို့၊ အကိုကြီး ကိုမောင်လှ ဘလှောခ့် ရေးနိုင်ဖို့လည်း မီးလာပါစေလို့ ဆုတောင်း လိုက်ပါတယ်။

Myanmar , Diary

No response to “အရင်အတိုင်းပဲ မြန်မာ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz