Sunday, February 5, 2006

စိတ်ညစ်တယ်

စိတ်ညစ်တယ် စိတ်ညစ်တယ် စိတ်ညစ်တယ်။ သီချင်းတွေဟာ ငါ့အတွက် အဖှောမွန်ပဲ။ အရုပ်တွေဟာ ငါ့အတွက် အဖှောမွန်ပဲ။ ငါ့ကို စကားမပြောဘူး။ ငါကလည်း စကားပြောစရာ မလိုဘူး။ ငါစိတ်ညစ်တယ် ငါစိတ်ညစ်တယ်။ ဆေးလိပ်ကို မွ နေအောင် သောက်ပစ်လိုက်တယ်။ နှလုံးသားထဲ အထိကို အောင့်လို့။ ငါပန်းချီ ဆွဲတယ်။ ငါကဗျာ မရေးနိုင်တာ ကြာခဲ့ပေါ့။ ငါစာတွေ ရေးတယ်။ စာတွေဟာ ငါ့နှလုံးသား ထွက်ပေါက်ပဲ။ ငါ့ကို စကားမပြောဘူး။ ငါကလည်း စကားပြောစရာ မလိုဘူး။ လူတွေ သွားနေကြတယ်။ ငါလည်း လူဆိုတော့ သွားနေရတယ်။ ငါပြုံးနေတိုင်း ပျှောရွှင်နေတဲ့ ဘဝတစ်ခုလို့ မင်းတို့တွေ မထင်ကြပါနဲ့။ ငါ မျက်ရည်ကျတိုင်း ဝမ်းနည်းလို့လို့ မထင်ကြပါနဲ့။ ငါ့ကမဿဘာဟာ ငါ့ကွန်ပြူတာလေးပဲ။ ငါ့ကွန်ပြူတာ ဆိုတာ ငါ့ကွန်ပြူတာ မဟုတ်ဘူး။ မိဘ ဝယ်ပေးထားတဲ့ ကွန်ပြူတာ။ ငါဟာ ကွန်ပြူတာ တစ်လုံးတောင် မဝယ်နိုင်ဘူး ။ ဘာဖြစ်နေတာလည်း။ ပိုက်ဆံမရှိလို့လား။ ပိုက်ဆံရှိပါတယ်။ ငါစိတ်မချမ်းသာဘူး။ အမေက အပြင်ထွက်တဲ့။ ဝယ်ချင်ရာ ဝယ်တဲ့။ ရပါတယ်။ ဝယ်ပစ်လိုက်တယ်။ ပိုက်ဆံဆိုတာ သုံးရတာ လွယ်လွယ်လေးပါ။ ဘယ်လောက် ကုန်အောင် သုံးချင်လဲ။ အေးအေးဆေးဆေးပဲ။ တစ်ရက်ထဲနဲ့ သိန်းများစွာ ကုန်သွားနိုင်တယ်။ သူတို့တွေက ငါ့ကို အရင်ကလို ပျှောရွှင် တက်ကြွတဲ့ လူငယ်တစ်ဦး အဖြစ် မြင်ချင်ကြတယ်။ ပျှောရွှင် တက်ကြွတယ်ဆိုတာ တချိန်ကပေါ့ အမေ။

ငါ့ကို ပစ်ထားလိုက်ကြစမ်းပါ။ စဉ်းစားကြည့်တယ်။ ငါ့ကိုယ်ငါ ပြင်စရာတွေ အများကြီးပဲ။ သူတစ်ပါးကို အလေးထားလွန်းတာကို သတ်ပစ်ရမယ်။ ငါဟာ စာတွေ ဖတ်ရင်း ဖြစ်တည်မှုပဓါန ဝါဒ ဆိုတာကို အရမ်းနှစ်သက်လာတယ်။ ယန်းပေါဆတ်ကို သဘောကျလာတယ်။ ဆိုင်မွန် ဒီဗူးဗွားကို တွေ့ချင်လာတယ်။ ငါ ဗန့်ဂိုးလိုတော့ သေခါနီး မအှောပါဘူး။ ငါဟာ ခေါင်းမာတယ်။ ငါ့အတွက် တက်ကျမ်းဆိုတာ မင်းသုဝဏ်ရဲ့ မောင်ခွေးဖို့ ကဗျာများလောက်တောင် တန်ဖိုးမရှိဘူး။ သူများတွေ ယုံတဲ့ ကျမ်းစာတိုင်းကို ငါမယုံတတ်ဘူး။ ငါ့မှာ အရည်အချင်းတွေ ရှိခဲ့တယ်။ ငါလုပ်ချင်တဲ့ ငါလုပ်သမျှ အရာတိုင်း အောင်မြင်ခဲ့တယ်။ ဖြစ်ချင်ရင် ဖြစ်တယ်။ ဘာမှ မဖြစ်ချင်တော့တာတော့ ငါလည်း ဘာမှ မတတ်နိုင်တော့ဘူး။ ငါ့စိတ်ကို ဘယ်သူတွေ သတ်ခဲ့ကြသလဲ။ ငါ ရန်သူလို့ မမြင်ပါဘူး။ တစ်ယောက်တည်း နေရတာ ကောင်းတယ်။ ဘယ်သူမှ မရှိခြင်းဟာ ငါ့ကို စကားမပြောဘူး။ ငါ့ကို စကားပြောတယ်။ ငါကလည်း စကားမပြောဘူး။ ငါတစ်ယောက်တည်း စကားပြောတယ်။

ငါသီချင်းတွေ ရေးဖြစ်ဆိုဖြစ်တယ်။ ခံစားချက် မဲ့တယ် လို့ ယူဆရင် ဖြဲဆုတ်ပစ်လိုက်ရင်းနဲ့ အနဲအကျဉ်းပဲ ကျန်တယ်။ ငါ့ဘဝဟာ အေးချမ်းပါတယ်။ ငါ့ဘဝဟာ မအေးချမ်းဘူး။ ငါ့မှာ နာမည် မရှိဘူး။ ငါဟာ ကှောဖီကို ကြိုက်တယ်။ ကှောဖီကြိုက်သူတိုင်း ငါနဲ့ စကားပြောလို့ ရတယ်။ ငါ့ကို ဘယ်သို့ဘယ်ပုံ ဖျှောစပ်ဖို့ လာမပြောကြပါနဲ့။ သောက်ချင်သောက် မသောက်ချင်နေ ပြန်သွားလို့ ရတယ်။ ငါရိုသေတတ်ပါတယ်။ ဒါပေမယ့် ငါမှာ ဘာ ဂါရဝ တရားမှ မရှိဘူး။ ဒီလိုလူမျိုးကို လာလာပြီး စကားမပြောလည်း ရပါတယ်။ အဖှောမရှိလည်း ပျှောတတ်ပါတယ်။ ငါဟာ ဒီလိုနေရင်း နေရင်းနဲ့ မှတ်ဉာဏ်တွေ ယိုယွင်းလာတယ်။ စကားပြောရမှာတွေ ဝန်လေးလာတယ်။ ငါပျှောပါတယ်။ လာလာ မနှောက်ယှက်ကြစမ်းပါနဲ့။ ကိုယ့်ဘာသာ ကိုယ့်သီချင်း ကိုယ်ဆိုပြီး ပျှောပျှော နေကြစမ်းပါ။ မင်းတို့ပျှောရင် ငါလည်း ပျှောပါတယ်။ လောလောဆယ်.သိကြားမင်းဆိုတာကို ဘယ်လိုမှ ယုံလို့ မရဘူး ဖြစ်နေတယ်။ မယုံဘူး ပြောရင်လည်း လူတွေက ဘာသာတရား မလေးစားတဲ့ကောင်လို့ အပြောခံရဦးမယ်။ တောက်.သွားစမ်းပါ။ ဘယ်သူ့ ထမင်းမှ စားနေတာ မဟုတ်ဘူး။ လူဖြစ်လာလို့ ထမင်းစားနေတာ။ အေးဆေးပဲ။ ထမင်းမရှိရင် တခြားဟာ စားမယ်။ ဘာမှ မရှိရင် ဘာမှ မစားဘူး။

No response to “စိတ်ညစ်တယ်”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz