Saturday, February 18, 2006

ရွှေကျောင်းတှော

ဆခ် လူမျိုးတွေ အထွတ်အမြတ်ထားတဲ့ Amritsar မြို့က ရွှေကျောင်းတှော ဆိုတဲ့ ဟာကို ရောက်ခဲ့တယ်။ စေတီလို့ပဲ ဆိုပါတော့။ ရွှေတွေနဲ့ တည်ထားတယ်။ သူတို့က ဒီလောက် ရွှေလေးကို အမွှန်းတင် ပြောနေတော့ ကိုယ်ကလည်း ရွှေတိဂုံ စေတီတှောကြီး အကြောင်း ကြွားခဲ့တယ်။ မယုံကြဘူး။ လူတွေကတော့ အမြဲတမ်း ပြည့်ကျပ်နေတာပဲ။ အဲဒီအထဲကို စေတီပရဝုဏ် ထဲကို ဝင်တဲ့ အခါ ခေါင်းကို စည်းရတယ်။ ရေကန်ကြီး တစ်ခုရဲ့ အလယ်မှာ တည်ထားတယ်။ အဲဒီရေကန်ဟာ အလွန်ထူးခြား မွန်မြတ်တယ်လို့ သူတို့တွေက ဆိုတယ်။ ရေအနက်က ၃၅ ပေလောက် ရှိတယ်။ တချို့လူတွေက အဲဒီမွန်မြတ်တဲ့ ရေကို ချိုးကြတယ်။ စိမ်ကြတယ်။ တချို့က သောက်ကြသတဲ့။ ရေထဲမှာ ငါးတွေလည်း ပြည့်လို့။ ဂဂဿငါ မြစ်ရေလိုပေါ့။ ကျွန်တှောကတော့ ရုပ်ဝါဒကို ပိုနှစ်သက်တယ်ပဲ ဆိုဆို ဘယ်လိုမှ စဉ်းစားလို့ မရဘူး။ ဒီလောက် ညစ်ပတ်တဲ့ ရေဟာ ဘယ်လိုလုပ် သန့်စင်နိုင်မလဲ။ သောက်ဖို့ မပြောနဲ့ မျက်နှာတောင် မသစ်လိုဘူး။ အနောက်တိုင်းသားတွေနဲ့ ယဉ်ကျေးမှု ကွာခြားတာလည်း မပြောနဲ့။ သူတို့ဆို ရယ်မှာပဲ။ ကျွန်တှောတို့ အရှေ့တိုင်းသားတွေဟာ လက်တွေ့သိပ်မကျဘူး။ အစွဲအလန်း ကြီးတယ်။ Superstitious ဖြစ်တယ်။ ဒီကျောင်းတှောကြီးဟာ India ရဲ့ ဘာသာရေး ပြသနာတွေ များစွာနဲ့လည်း ဆက်စပ် နေတယ်။ ဒီရေကန်ကြီးရဲ့ အောက်ဖက်မှာ ထူးခြားတာတွေ ရှိတယ် ဆိုပြီး Islam ကရော Hindu တွေကရော စူးစမ်းချင်ကြတယ်။ ပိုင်ဆိုင်ချင်ကြတယ်။ ပြသနာတွေ သတ်ပွဲ ဖြတ်ပွဲတွေလည်း ဖြစ်ကြတယ်။ အနုပညာ လက်ရာတွေလည်း ရှိတယ်။ India ရဲ့ ထူးခြားတဲ့ နေရာတစ်ခုလို့ ဆိုကြပါတယ်။ နယ်မြေကတော့ သိပ်မငြိမ်းချမ်းပါဘူး။ ဒီပိုစ့်က ဘာသာရေးကို ရှုံ့ချတာ မဟုတ်ပါဘူး။ ကျွန်တှောတို့ ဘာသာမှာလည်း တလွဲဆံပင်ကောင်းပြီး အယူသီးနေကြတာတွေ အများကြီးပါ။ ကျွန်တှောက Logic ကိုစဉ်းစားတာ ဖြစ်ပါတယ်ခင်ဗျား။


Golden Temple , Amritsar , India , Essay

No response to “ရွှေကျောင်းတှော”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz