Tuesday, January 17, 2006

Vangogh Coffee

ဗန့်ဂိုး ကှောဖီ


ကျွန်တှော့ ဝက်ဝံလေး ကျွန်တှော့ဆီ ပြန်လာတယ်။ မှောင်မည်းနေတဲ့ အခန်းတစ်ခု ထဲမှာပါ။ တိုးတိတ်စွာ ငိုလွယ် ငြီးလွယ်တဲ့ ဝက်ဝံ ကလေးမှာ မြတ်နိုးခြင်းရှိတယ်။ ကျွန်တှော စာဖတ်နေတဲ့ အချိန်ပေါ့၊ သူပြန်လာတယ်။ သူတံခါး ခေါက်လိုက်တဲ့ အသံဟာ ကျောင်း ဆင်းချိန်မှာ ထိုးသွားတဲ့ ခေါင်းလောင်းသံလိုပဲ။ ကျွန်တှော ပါရီကို ရောက်သွားတယ်။ ကျွန်တှော ဗန်ဂိုးကို အချစ် အကြောင်း သွားမေးတယ်။ သူက ကှောဖီ သောက်မလား မေးတော့ ဝီ လို့ ပြင်သစ်ဆန်ဆန် ပြန်ဖြေလိုက်တယ်။ သူက ကျွန်တှော့ကို ခုံတစ်ခုမှာ ထိုင်ခိုင်ထားပြီး ပန်းချီ ဆက်ဆွဲနေတယ်။ မှတ်မှတ်ယယ သူ သူ့ ပုံတူကို ပြန်ဆွဲနေတာ။ သူက တူလား မေးတော့ မတူဘူးလို့ ကျွန်တှော ဖြေလိုက်တယ်။ မတူဘူးလား ဆိုတော့ တူတယ်လို့ စိတ်အား ထက်သန်စွာ ပြောလိုက်မိတယ်။ ခင်ဗျား နှုတ်ခမ်းမွေးတွေ ရိတ်လိုက်ပါလား လို့ ကျွန်တှောက ပြောတော့ သူ ခေါင်းကို တွင်တွင် ခါတယ်။ ငါ့ပါးစပ်တွေကို ဖုံးကွယ် ထားပါရစေတဲ့။ အင်း ဒါလဲ ဟုတ်နေတာပဲ။

သူ ကျွန်တှော့ကို ကှောဖီတိုက်မယ် ဆိုပြီး မတိုက်သေးဘူး။ ညနေစောင်း လောက်ရောက်တော့ ကျွန်တှော့ ဗိုက်က တှောတှောလေး ဆာလောင် မွတ်သိပ်နေပြီ။ သူက ကျွန်တှော့ကို တစ်ချက် ကြည့်လိုက်ရင်း နောက်ဆုံး စုတ်ချက် အဖြစ်နဲ့ သူ့မျက်လုံးတွေမှာ အမည်းရောင်ကို ထပ်ဖြည့်လိုက်တယ်။ ပြီးတော့ တစ်ချက်ရယ်ပြီး ကျွန်တှော့ အတွက် ကှောဖီ သွားယူလာ ပေးပါတယ်။ အပေါစား နို့ဆီ နဲ့ ဖျှောထားလို့ ခပ်ပျစ်ပျစ် ဖြစ်နေတဲ့ ကှောဖီဟာ အနားပဲ့နေတဲ့ ခွက်ထဲမှာ အငွေ့ ထောင်းထောင်းထရင်း ကျွန်တှော့ အနားကို ရောက်လာတယ်။ ယင်ကောင် ၃ ကောင်၊ ပတ်ဝန်းကျင် ငှက်ဆိုးထိုးသံ ၄ ချက်။ ကျွန်တှော အာသာ ငမ်းငမ်းပဲ သောက်ပစ်လိုက်တယ်။ ဒီကှောဖီဟာ လိုအပ်နေချိန်မှာ အချိုမြိန် အရှတဆုံးပဲ။ ကျွန်တှော ခေါင်းကို ညွှတ်ပြီး နှုတ်ဆက် လိုက်တယ်။ သူက ကျွန်တှော့ကို အချစ်အကြောင်း မသိချင်တော့ဘူးလားလို့ မေးတယ်။ ပြီးတော့ ဟက် ခနဲ တစ်ချက် ရယ်တယ်။ ကျွန်တှော နှုတ်ဆက် ထွက်ခွါခဲ့တယ်။ သူ့အခန်း အပြင်ဘက်မှာ ညငှက် သုံးကောင်၊ ယဉ်ကျေးမှု ၄ ခု။

ကျွန်တှော့ ဝက်ဝံလေး ကျွန်တှော့ဆီ ပြန်လာတယ်။ ကျွန်တှော ကှောဖီတိုက်တယ်။ အဲဒီကှောဖီရဲ့ နာမည်ကို ဗန်ဂိုး ကှောဖီလို့ နာမည်ပေးထားတယ်။ သူကြိုက်ကြိုက် မကြိုက်ကြိုက် ကျွန်တှော သိပ်ကြိုက်တဲ့ ကှောဖီတစ်ခွက်ပဲ ဖြစ်ပါတယ်။ ခင်ဗျားတို့လည်း ကြိုက်နှစ်သက်မယ်ဆိုရင် ကျွန်တှော့ဆီမှာ လာရောက် သောက်သုံးနိုင်တယ်။ ဒါမှမဟုတ် အပေါစား နို့ဆီ ပျစ်ပျစ်နဲ့ ဖျှောမယ် ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီကှောဖီကို ဗန့်ဂိုးကှောဖီလို့ နာမည်တပ်ပြီး ဂုဏ်ပြုဖို့ကိုတော့ မမေ့ကြပါနဲ့ လို့ မှာချင်ပါတယ်။

ကျွန်တှော့ ဝက်ဝံလေးကတော့ အိပ်မက်ထဲက ပြန်ထွက်သွားတယ်။


ညီလင်းဆက်
NLS , Essay

No response to “Vangogh Coffee”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz