Tuesday, January 17, 2006

The Cat

ကြောင်



ကြောင် တစ်ကောင်သည် စားပွဲပှေါမှ ငါးကြှောကို ဆွဲယူရန် ကြိုးပမ်းနေ၏။ ဖန်အိမ်ထဲငါးက ထိုကြောင်၏ လှုပ်ရှားမှု များကို စိတ်ထဲမှ လိုက်လံ မှတ်သားလျက်ရှိသည်။ (တနေ့နေ့တွင် နောင်လာနောက်သားများအား ပြောပြရန်)။ ကျားတစ်ကောင် လူကို ကိုက်သောအခါ နာကျည်းစွာ လက်စားချေ ကြသှောလည်း လူတစ်ယောက် ကျားကို သတ်သောအခါ အမဲလိုက်ခြင်းဟု အမည်ပေး တတ်ကြသည်။

လူဆိုသည်မှာ အလင်းရောင်သာ မရှိလျှင် ကြောက်တတ်လွန်း မကောင်းမှုများစွာ ကြံစည်တတ် လွန်းသော အကောင်တစ်မျိုး ဖြစ်သည်။ ထိုအကောင်တွင် ထက်မြက်သော သွားများမရှိပါ။ အင်အား ကောင်းသော နှာမောင်းများ မရှိပါ။ ပျှောဝင် စေတတ်သော အဆိပ်များလည်း မရှိပါ။ ခုန်ပျံနိုင်သော အစွမ်းလည်းမရှိပါ။ သို့သှော ထိုလူတို့သည် မာကျောသော အရာများကို ခပ်တုံးတုံး သွားများဖြင့် ကိုက်ဝါးနိုင်ရန် မီးကို သုံးတတ်သည်။ အားကောင်းသော နှာမောင်းများကို နှာမောင်းများကို ထိန်းချုပ်ရန် ချွန်းဆိုသော အရာကို ကိုင်တွယ်တတ်သည်။ အဆိပ်ရှိသော သတဿတဝါများကိုပင် ရောင်းစား တတ်သေးသည်။ ထိုလူတို့ ခေါင်းထဲတွင် တရုတ်တန်းမှ ရောင်းသော အီကုတ်ခှေါ အကောင်လေးများ ပုံစံ ခပ်ပျော့ပျော့ ဦးနှောက်ဆိုသော အရာရှိသည်။ ထိုဦးနှောက်ထဲတွင် သွေးသားဆနဿဒ၊ ငွေကြေး၊ လောဘနှင့် အတဿတ များသာရှိသည်။ ထိုအရာ၏ အရောင်မှာ အဖြူရောင် သဲ့သဲ့ရှိသည်။ ရေစိမ်ကြည့်လျှင် အနီရောင်နှင့် အနက်ရောင်များ ထွက်လာတတ်သည်။

လူတွင် လက်နှစ်ဘက် ပါသည်။ တစ်ဖက်မှာ လက်ဆွဲ နှုတ်ဆက်ရန် ဖြစ်၍ အခြားတစ်ဖက်မှာ လုပ်ကြံရန် ဖြစ်သည်။ ကျေးဇူးပြု၍ လက်ဆွဲ နှုတ်ဆက် တတ်သူများကို သတိထားပါရန်။ လူတွင် ခြေထောက် နှစ်ချောင်း ပါသည်။ တစ်ချောင်းမှာ ရှေ့တစ်လှမ်း တိုးရန်ဖြစ်၍ နောက် တစ်ချောင်းမှာ နောက်သို့ နှစ်လှမ်း ဆုတ်ရန် ဖြစ်သည်။ လူတွင် မျက်စိ နှစ်လုံးပါသည်။ တစ်လုံးမှာ သူတစ်ပါးအပြစ်ကို လိုက်ရှာရန် ဖြစ်၍ နောက်တစ်လုံးမှာ အိပ်စက်ရန်သာ ဖြစ်သည်။ လူတွင် နှာခေါင်းပေါက် တစ်စုံပါသည်။ တစ်ပေါက်မှာ ရနံ့များကိုခံယူရန်ဖြစ်၍ နောက်တစ်ပေါက်မှာ ဆေးလိပ်ငွေ့များကို စွန့်ထုတ်ရန်ဖြစ်သည်။ လူတွင် အသည်းနှစ်လုံး တစ်ခုပါသည်။ သွေးကြောကျဉ်း ရောဂါဖြစ်ရန် အကောင်းဆုံးအနေအထားမှာ ရှိလေသည်။ ထိုမျှလောက်သာရှင်းပါဦးမည်။

ကျွန်တှောတွင် ဗုံတစ်လုံးရှိသည်။ တီးခတ်သောအခါ ဗုံဗုံဟု မြည်ရမည့်အစား မြိုသိပ် နေတတ်သည်။ ကောင်မလေး တစ်ယောက် ပန်းခင်းထဲတွင် ပန်းလိုက်ရှာနေသည်။ သူမ ရှေ့တွင် ရှိနေသော ပန်းများ အားလုံးကို လှသည်ဟု သူမ မထင်ပါ။ အမွှေးပျံ့ဆုံးသော ပန်းကိုသာ လိုချင်သည်ဟု ဆိုသည်။ ကြောင်သည် စားပွဲပှေါမှာ ငါးကြှောကို ချောင်းမြောင်းနေသည်။

နာရီသံ များကိုကြား၍ ကျွန်တှော လန့်နိုးလာသည်။ ပတ်ဝန်းကျင်မှာ မိုးဖွဲဖွဲရွာနေ၏။ လက်ထဲမှ မီးခြစ်ကို ထောက်ခနဲ ခြစ်ပြ လိုက်သောအခါ ကမဿဘာဦးလူများ အံ့အားသင့်စွာ အှောကြလေသည်။

အမည်... ညီလင်းဆက်
အသက်... ၂၆
ရာသီ... ပြိသဿသ
နောက်ဆုံးစကား... ဤကမဿဘာတွင် ကျွန်တှောဘာလိုချင်ခဲ့မှန်း မသိခဲ့ပါ။

အိပ်မက်သည် ကျွန်တှော့ကို လိုက်လံ ရှာဖွေနေသည်။ ကျွန်တှောက တောင်စောင်း တစ်ခုပှေါမှာ ပြေးနေမိသည်။ ရှေ့ကိုက် ၁ဝဝခန့်တွင် ချောက်တစ်ခု ရှိသည်။ ချောက်ထဲကျခြင်း မကျခြင်းမှာ ကျွန်တှောနှင့် မဆိုင်ဘဲ လွတ်လပ်စွာ ပြေးလွှားခွင့် ရခြင်းသာ ကျွန်တှောနှင့် ဆိုင်သည်ဟု ထင်ပါသည်။ ဒါမှမဟုတ် လွတ်လပ်စွာ ပြေးလွှားခွင့် ရခြင်းမှာ ကျွန်တှောနှင့် မဆိုင်ဘဲ ချောက်ထဲကျခြင်း မကျခြင်းသာ ကျွန်တှောနှင့် ဆိုင်ပါသည်။

အန်စာတုံးကို ခလောက်ကာ ချလိုက်သည်။ ဘုရားသခင်သည် ဝါရင့် လောင်းကစားသမား မဟုတ်လျှင်တော့ ကျွန်တှော့ကို အနိုင်ရရန်မှာ ရာခိုင်နှုန်း ၅၀ သာ ရှိပါလိမ့်မည်။

ဤစာကို ရေးပြီးချိန်တွင် ကြောင်သည် ငါးကြှောကို စားနေပြီ ဖြစ်သည်။ ဖန်အိမ်ထဲမှ ငါးကလည်း အားလုံးကို မှတ်သားပြီး ဖြစ်သည်။ တနေ့နေ့ တချိန်ချိန် အခါအခွင့် သင့်လျှင်တော့ နောင်လာ နောက်သားများကို သူပြန် ပြောပြနိုင်ပါလိမ့်မည်။ သူ ဟိုတစ်လောက နီမိုငါးကလေး ရုပ်ရှင်ကို ကြည့်လိုက်ရသည် မဟုတ်ပါလော။


လင်းဆက်
Nyi Lynn Seck Essay Cat

No response to “The Cat”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz