Wednesday, February 1, 2006

ပလန်းနက်

ဟိုးတစ်နေ့က ထက်ထက်ဝင့်တို့ အကြောင်း ကျွန်တှော တင်ပြခဲ့တာ ဖတ်ကြပြီး ဖြစ်ပါမယ်။ မနေ့ကတော့ ထူးဆန်းစွာပဲ ပလန်းနက်က အဆိုပါ ဖိုရမ်ခေါင်းစဉ် တစ်ခုလုံးကို ဖျက်ပစ်လိုက်ပါတယ်။ ပလန်းနက်ရဲ့ ဖိုရမ် စည်းမျဉ်းများထဲမှာ နိုင်ငံရေးကို ပုတ်ခတ်ခြင်း၊ လူတစ်ဖက်သားကို ယုတ်ယုတ်မာမာ ညစ်ညမ်းစွာ ပြောဆိုခြင်း ကလွဲလို့ ကျန်တာတွေ ပြောနိုင်ပါတယ် ဆိုပြီး၊ တရားဝင် ကျင်းပသွားတဲ့ ဒီပွဲအကြောင်း ရေးမိကာမှ ဖိုရမ်ကို အဖျက် ခံရတယ် ဆိုတာကတော့ ပလန်းနက်က ယူဇာတွေ အပှေါ ရင့်သီးခြင်း တစ်မျိုးပါပဲ။ ပလန်းနက် ပိုင်ရှင်တွေ ဖြစ်တဲ့ ကိုသောင်းစုငြိမ်း တို့ကတော့ ဒါတွေကို သိမသိ မသိပါဘူး။ သိမယ်လည်း မထင်ပါဘူး။ ဒါတွေကို တင်လိုတင် ဖျက်လိုဖျက် လုပ်နေကြတာ အသက် ၂၀ ပတ်လည် ကောင်လေး ကောင်မလေး တွေ ဖြစ်ပါတယ်။ ဒီတော့ စဉ်းစားစရာ ရှိလာတာက လူတစ်ယောက်ရဲ့ အရေးအသား စာမူကို ပယ်နိုင်လောက်အောင် သူတို့မှာ စွမ်းရည် ရှိလို့လား ဆိုတာပါပဲ။ တခါတရံ သူတို့ဟာ သူတို့ အမြင် မကြည်သူများရဲ့ စာမူဆိုရင် မတင်ပေးတာ အကြိမ်ကြိမ် အခါခါပါ။

ပလန်းနက်ဟာ မြန်မာဝဘ်ဆိုဒ်တွေထဲမှာ အတှော အောင်မြင်တယ်လို့ ပြောလို့ ရပါတယ်။ သို့သှောလည်း ဒါမျိုး တွေလုပ်တာကတော့ မကောင်းဘူးလို့ မြင်တယ်။ ဆင်ဆာ အကြောင်းတွေကြောင့် ဘန်းတယ်ဆိုရင် လက်ခံစရာပါ။ စာရေးသူ တစ်ဦး ချင်းစီရဲ့ ပိုစ့် တိုင်းမှာ သူ့အတိုင်းအတာနဲ့သူ တန်ဖိုး ရှိပါတယ်။ အချိန်တွေ ပေးရတယ်။ အတွေးအခှေါတွေ ထုတ်ရတယ်။ အဲဒါကို ဖျက်လိုဖျက် ပြင်လိုပြင် လုပ်ချင်သလို လုပ်တာကြောင့် ကျွန်တှောတို့ သူငယ်ချင်းတွေကတော့ ဒီဆိုဒ်မှာ ဘယ်တော့မှ မရေးတော့ဘူးရယ်လို့ ဆုံးဖြတ်လိုက်ကြပါတယ်။ သူငယ်ချင်းတစ်ဦး ပြောတာလေးကို သတိရမိပါတယ်။“ မြန်မာ့အလင်း သတင်းစာကို ယူ အဲဒီက စာသားတွေကို တစ်ပိုဒ်ချင်း ရေးပြီးတင်တဲ့။ တင်မပေး လို့ရှိ့ရင် နိုင်ငံတှောက ထုတ်ထားတဲ့ အစိုးရပိုင်သတင်း တွေကိုတောင် တင်မပေးဘူးဆိုပြီး အထက်ကို တိုင်ပါတဲ့”။ လူကိုလူချင်း လေးစားတတ်မယ်။ လူကိုလူလို ဆက်ဆံမယ်ဆိုရင် မြန်မာပြည်မှာ ပညာရှင်တွေ ဒီနေ့ခေတ်လို နည်းပါးသွားမယ် မထင်ပါဘူး။

ဟောဒါလေးကတော့ အဆိုပါ ဖိုရမ်မှာ ကျွန်တှော့ သူငယ်ချင်းကြီး နောက်ဆုံး တင်လိုက်တဲ့ ဖိုရမ်ပါ။ ဖတ်ကြည့် ကြပါဦး။

ဟင်းဟင်း ပေါင်မုန့်တွေ နှော့ ပေါင်မုန့်တွေ။ သွားမရှိတဲ့ အဖိုးကြီးတွေဆို တမြုံ့မြုံ့ ဝါးရတာ သိပ်ကြိုက်ဆိုပဲ။ မောင်နတ်နဲ့ ခင်တဲ့ အဖိုးကြီးများ ပြောတာ ကြားဖူးပါတယ်။ “ လူကလေး မောင်နတ်ဆိုးရယ် အဘလေ အသက်က ကြီးလာတော့ တချို့ဟာတွေများ ဝါးရတာ တယ် မသက်သာ တော့ဘူး။ ပေါင်မုန့်လေးတွေပဲ .. မြုံ့နေနိုင်တော့တယ်တဲ့ဗျား။ အဘိုးရေ ဒီပွဲအကြောင်း အဘိုးသာ သိခဲ့ရင်ဖြင့် ငါမတက်လိုက်ရလေခြင်းရယ်လို့ တောက်တခေါက်ခေါက် ဖြစ်နေရော့မယ်။ သိုးဆောင်းပြည်က မျိုးစေ့နဲ့ စိုက်ပျိုးထားတဲ့ အမျိုးအစား ကောင်းပုံရတဲ့ ဂျုံလေးများကို သေချာစွာ စီရင် ပြုလုပ်ထားတဲ့ ပေါင်မုန့် ဖွေးဖွေးလေးတွေ။ မယုံမရှိနဲ့ ဒီပွဲ မျိုးဆို လူကြီးတွေက လူငယ်တွေထက် အင်အားများမှာ သေချာတယ်။ အဲ လူကြီးဆိုတာ အသက်ကြီးတဲ့ လူကို ပြောတာနော့. တမျိုးတွေ ထင်မနေကြနဲ့ဦး။ တောက် မြန်မာစကားများ သိပ်ရှုပ်ကွာ.။

ထက်ထက်ဝင့်ရေ မောင်ကြီးနတ်အတွက်လည်း ပေါင်မုန့်တစ်ချပ်လောက်တော့ ချန်ထားဦးကွဲ့နှော့။ ဟင်း ...။ ရန်ကုန်က ကောင်တွေ သိပ် အစားသောင်းကျန်းတာ ။ ဪ ရပါသေးတယ်။ သူမချန်ထားလည်း ချန်ထားမယ် သူတွေ လာဦးမှာဗျား။ အထက် ယူဇနာတစ်သောင်းကနေ ဟေဘယ်လ် မှန်ပြောင်းနဲ့ ချောင်းလိုက်ဦးမယ်။ ဘယ်ပေါင်မုန့် ကောင်းလဲလို့။ ဟင်း။

တောင်ဇရပ်က မောင်နတ်

Planet
Htet Htet Wint

No response to “ပလန်းနက်”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz