တောပန်း
မိုးတွေရွာမယ်ထင်လို့
တံခါးတွေကိုဖွင့်ထားမိခဲ့တာပါ
ငိုနေတဲ့ညတွေအကြောင်း
မင်းမသိခဲ့ပါလားညီမလေးရယ် . .
လွမ်းရင်းလွမ်းရင်းနဲ့
တလှမ်းခြင်းစီဝေးသွားခဲ့ရတဲ့အဖြစ်တွေပေါ့
သံယောဇဉ်ဟာရေလိုပဲအစရှာမရခဲ့ဘူး
ဒီပန်းကိုခူးရင်
ဒီဆူးဟာစူးမှာပဲဆိုတာ
ကမဿဘာဦးထဲကသိခဲ့သင့်တယ်
ရေတွက်ရင်း ရေတွက်ရင်း ကုန်သွားခဲ့တဲ့
ပြကဿခဒိန်များစွာထဲက နေ့တွေပါ
ဓါးဒဏ်ရာလို ပြင်း . . ထန် . . စူး . . ရှ
အချစ်ဆိုတဲ့အရာက
အိပ်မက်တွေထဲမှာတောင်မလှပခဲ့ဘူး
အရူးတစ်ကောင်ရဲ့လွယ်အိတ်လို
စိတ်ကိုဖြေချလိုက်ဖို့ ကြိုးစားတဲ့အခါမှ
ငါ့နှုတ်ခမ်းတွေက
အလိုလို ဆွံ့အ လို့နေခဲ့တယ်။
Poem , NLS
No response to “တောပန်း”
Post a Comment
Trackbacks
Leave a trackback